9

နင်ရယ် ပြီးတော့ ဟာတာတာငါ

Posted by ဖြိုးဇာနည် on Thursday, June 21, 2012 in



မနက်အိပ်ယာနိုးတော့ ဘေးမှာ နင်မရှိဘူး

မနက်စာစားဖို့အတွက် စိတ်မပါတော့ဘူးဟာ


ခြံထဲလမ်းလျှောက်ထွက်တော့လဲ ဘေးမှာနင်မပါဘူး

တွေဝေပြီးလျှောက်နေမိတယ်ဟာ


အံဆွဲထဲက ဓါတ်ပုံအဟောင်းတွေ ငါပြန်ကြည့်မိတယ်

တွဲရိုက်ထားတာလေးကိုတွေ့ပြီး အသက်မဲ့စွာပြုံးမိတယ်ဟာ


စာအုပ်အဟောင်းတွေထဲကို ပြန်ရှာနေမိတယ်

မေ့ပစ်ထားတဲ့နင့်ဖုန်းနံပတ်လေးပြန်တွေ့မလားလို့ဟာ


မထိုင်ဖြစ်တော့တဲ့ကော်ဖီဆိုင်ထဲငါပြန်ရောက်နေတယ်

နင်များငါ့လိုပြန်လာထိုင်နေမလားလို့ပါဟာ


မဖွင့်ဖြစ်တာကြာနေတဲ့ သီချင်းလေးကိုပြန်နားထောင်မိတယ်

နင်များကြိုက်နေသေးအုံးမလားလို့ပါဟာ


မသုံးဖြစ်တာကြာတဲ့ mail ကိုငါပြန်ဖွင့်မိတယ်

နင်များ ရှိနေအုံးမလားလို့ပါဟာ


မေ့သွားပြီထင်တာ အခုချိန်မှပြန်သတိရနေမိတယ်

ဘာလို့နင့်အကြောင်းတွေးနေမိပါလိမ့်ဟာ


မသောက်ဖြစ်တာကြာတဲ့ အိပ်ဆေးတွေကိုငါပြန်သောက်မိတယ်

နင်များငါ့အိမ်မက်ထဲကိုရောက်လာမလားလို့ပါဟာ


နင်မကြားနိုင်ပေမဲ့ ငါအော်ခေါ်နေမိတယ်

နင်ပြန်လာခဲ့ပါဟာာာာာာာာာာာာာာ


ဖြိုးဇာနည့်ည ၁၁နာရီတိတိ

9 Comments


ချစ်သူဖတ်ဖို့လို့ပြောထားတော့
ကြောက်ကြောက်နဲ့ဖတ်ခဲ့ပါတယ်
အိပ်ဆေးတွေအရမ်းမသောက်နဲ့
အိပ်ရင်တော့အိပ်မက်ထဲကိုချစ်သူကလာမှာပါ
ချစ်သူဆိုသူရေ------သိလိုက်တော့နော်


ရှိနေတုန်းသာတန်ဖိုးထားပါလေ ..
ဝေးသွားမှတမ်းတရတာ သိပ်နာကျင်တယ် .
ပိုလွမ်းဆွေးတယ် ဖြိုးရေ ..

ချစ်ခင်လျှက်

ဂျာရစ်


မောင်လေးရေ .... အဟုတ်လွမ်းနေတာလား။ ကဗျာအရဆိုရင် ဘာလေးလုပ်လုပ်လွမ်းနေပုံလေးပဲ .... ချစ်သူဆိုသူသာ ဖတ်မိရင် ကြည်နူးမယ်ထင်ရဲ့ ....


ဝေးသွားကြပြီးဆို သူနဲ့ပတ်သက်တာတွေပြန်မကြည့်တော့နဲ့ 
ပိုခံစားရတတ်လို့ပါ ..


အလွမ်းတွေဝေနေတဲ့ ကဗျာလေး ခံစားအားပေးသွားတယ်


ကဗျာထဲက ကောင်မလေး ပြန်လာပါစေလို့ ဆုတောင်းပေးပါတယ် မောင်လေး ဖြိုးဇာနည်ရေး)


မောင်ငယ်လေးရေ...

ခံစားချက်တွေ ပြင်းထန်နေပါလား.. စံပယ်ပြောသလို အိပ်ဆေးသိပ်မသောက်နဲ့ဆိုတော့ မမလွမ်းက သီချင်းလေးဆိုခဲ့မယ်။
(ကြင်နာစွာအိပ်ဆေးလေးများပေးပါလား ဘယ်မှာအိပ်ဆေးရှိပါ့မလဲ
သန်ခေါင်ယံအိပ်မရ အချစ်ရယ်လွမ်းတယ် ပြန်လာပါတော့ အချစ်ကလေးရယ်)...

နောက်ဆုံးတော့လည်း မောင်ငယ်ရေ
(စိမ်းကားသူမှာ အပြစ်မရှိပါဘူး စွဲလန်းမိသူမှာသာ အပြစ်ရှိတာပေါ့)

ပျော်ရွှင်ပါစေ

ခင်မင်တဲ့
မကြီးလွမ်း


ခံစားချက်တွေ အရမ်းပြင်းတယ်
ရင်ဘတ်ထဲထိ ထိတယ်
ခံစားချက်တွေ အဖြစ်အပျက်တွေ တူနေလို့လား မသိ
ဖတ်ရင်း ရင့်ဘတ်တောင် အောင့်သွားတယ်
တိုက်ဆိုင်ချက်များ


အချိန်က ကုစားသွားမှာပါ..တောအုပ်လေးထဲ လမ်းလျှောက်၊ စာအုပ်တွေဖတ်၊ သူငယ်ချင်းတွေနဲ့  အပြင်ထွက်လည်..ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.