6
မှားတော့မှားတယ်
Posted by ဖြိုးဇာနည်
on
Sunday, September 02, 2012
in
ကျွန်တော်ဇာနည်ရဲ့အတွေး
နှင်းတွေအရမ်းကို
ထူးပိန်းပြီးကျနေတဲ့ ညချမ်းလေးမှာ ချစ်သူလက်ကိုတွဲပြီး လမ်းလျှောက်မိလိုက်တယ်ဆိုရင်ပဲ
အေးစက်နေတဲ့အထိအတွေ့က
လက်ဖဝါးချင်းအထိမှာချက်ချင်းဆိုသလို ကူးစက်လာခဲ့တယ်။နောက်ပြီး အဲ့ဒီ
အေးစက်စက်အထိအတွေ့ကြောင့်
ဘာကြောင့်မှန်းအဖြေရှာလို့မရပဲ ရင်ထဲမှာပူလောင်သွားခဲ့တယ်။စိတ်ပူတယ်
ဆိုတာ ရင်ဘတ်ကြီးတစ်ခုလုံးပါ
အပူကူးစက်တတ်သလားပဲနော့်
ဟင့်အင်း
ဒေးမကြိုက်ဖူးမောင့်
တိုပြတ်ပြတ်
စကားတခွန်းနဲ့တင် နောက်ပြန်လှည့်ခဲ့ဖူးတယ်။ချစ်သူမကြိုက်တဲ့အရာတစ်ခုကို ကိုယ်ဇွတ်အတင်း
တိုးပြီးလုပ်ပစ်ဖို့
စိတ်ကူးမရှိပါ။အေးနေတဲ့ သူ့ရဲ့လက်ကလေးကို နွေးသွားစေချင်တဲ့စေတနာကို ချစ်သူနားလည်
နိုင်ပါစေလေ။အိတ်ထောင်မပါတဲ့
ဆွယ်တာင်္အကျီလေးဝတ်ထားတဲ့ချစ်သူရဲ့လက်ကလေးကို ကိုယ့်အိတ်ထောင်
ထဲဆွဲထည့်ဖို့
ကြိုးစားမိသွားတာဟာ စိတ်ပူလို့ဆိုတာချစ်သူသိမလား အခွင့်အရေးကိုရရင်ရသလိုယူတယ်ဆိုပြီး
တော့ ပဲငြိုငြင်သွားမလားပဲနော့်
တစ်ခုပဲ ကိုယ်တို့နှစ်ယောက်ဟာ
ဆွယ်တာင်္အကျီကိုဆင်တူဝတ်ထားကြတယ်လေ့ကျန်တာဖြည့်
တွေးတတ်မှာပါ့ရုတ်ချည်းပူပင်တတ်တဲ့
စေတနာအမှားလေးတစ်ခုကြောင့်ချစ်သူ မျက်နှာကွက်သွား
တာမျိုးဖြစ်တတ်ပါတယ့်ဒါကြောင့်လားမသိဘူးနော်
စေတနာကိုနည်းလမ်းမှန်အောင်အသုံး
မချတတ်တော့လဲ
ကိုယ်ဟာ လူဆိုးတစ်ယောက်ဖြစ်သွားတတ်တယ်။ဝေဒနာထက်ဆိုးတဲ့ အထင်လွဲမူတစ်ခု
ပေါ့
မှာချင်ပါသေးတယ် သယ်ရင်းတို့ရေ စေတနာကို ဇကာနဲ့စစ်ပြီးမှ ပေးချင်သူကိုပေးကြ
ပါနော့်
ခင်တဲ့ဖြိုးဇာနည့်ညနေ့၎
နာရီ ၁၅ တိတိ