6

နောင်ဘယ်တော့မှ ဘယ်တော့မှ

Posted by ဖြိုးဇာနည် on Friday, September 07, 2012 in



ချစ်သူထိုးလိုက်တဲ့မျက်စောင်းလေးကိုတယုတယသိမ်းထားချင်တယ်။

နောင်တချိန်မှာသူကိုယ့်ကိုမျက်စောင်းထိုးနိုင်တော့မှာမဟုတ်ဘူးလေ ဘာလို့လဲဆိုတော့ သူကိုအမြဲစိတ်ချမ်း

သာအောင်ထားတော့မှာမို့လို့ပါ။


ချစ်သူထုလိုက်တဲ့လက်သီးဆုပ်ဖွဖွလေးတွေကိုလှိုက်လှိုက်လှဲလှဲခံယူလိုက်ချင်တယ်။

နောင်တချိန်မှာသူ ကိုယ့်ကိုထုရိုက်နိုင်မှာမဟုတ်တော့ဘူးလေ ဘာလို့လဲဆိုတော့ သူစိတ်မလိုမကျဖြစ်အောင်

ဘယ်တော့မှ ထပ်လုပ်မှာမဟုတ်တော့လို့ပေါ့


ချစ်သူခေါက်လိုက်တဲ့ တောက်ခေါက်ခံလေးကိုလဲ အသံသွင်းထားချင်တယ်။

နောင်တချိန်မှာ  သူကိုယ့်ကိုတောက်ခေါက်ဖြစ်မှာမဟုတ်တော့ဘူးလေ  ဘာလို့လဲဆိုတော့  သူမကြိုက်တာ

မှန်သမျှဘာတစ်ခုမှ လုပ်မှာမဟုတ်တော့လို့ပေါ့။


ချစ်သူမဲ့လိုက်တဲ့ မဲ့ပြုံးလေးကိုလဲ တစိမ့်စိမ့်နဲ့ကြည့်ချင်နေမိတယ်။

နောင်တချိန်မှာသူ ကိုယ့်ကိုမဲ့ပြဖြစ်တော့မှာမဟုတ်တော့ဘူးလေ ဘာလို့လဲဆိုတော့ သူစိတ်ရှုပ်သွားအောင်

ဘယ်သောအခါမှ ထပ်လုပ်ဖြစ်မှာမဟုတ်တော့လို့ပါ။


ချစ်သူကိုက်ထားတဲ့ နှုတ်ခမ်းလေးကိုလဲ အမှတ်တရဓါတ်ပုံရိုက်ထားချင်မိတယ်။

နောင်တချိန်မှာသူကိုယ့်ကြောင့်နှုတ်ခမ်းကိုက်ဖြစ်တော့မှာမဟုတ်တော့ဘူးလေ  ဘာလို့လဲဆိုတော့ သူစိတ်

ပျက်သွားအောင် ဘယ်တော့မှလုပ်မိတော့မှာမဟုတ်တော့လို့ပါ။


ချစ်သူငိုထားတဲ့ မျက်ရည်စလေးတွေကို ကြင်ကြင်နာနာသုတ်ပေးချင်မိတယ်။

နောင်တချိန်မှာသူကိုယ့်ကြောင့်ဘယ်တော့မှမျက်ရည်ကျရတော့မှာမဟုတ်တော့ဘူးလေ ဘာလို့လဲဆိုတော့

ချစ်သူစိတ်တိုင်းကျလူတစ်ယောက်အဖြစ်ကိုယ့်ကိုကိုယ်ပဲ့ပြင်ပြီး ချစ်သူအကြိုက်တစ်သက်စာနေထိုင်သွားတော့

မယ်လို့ ဆုံးဖြတ်ပြီးသွားလို့ပါချစ်သူ့

 
ရင်ဘတ်ထဲကစကားမျာ့းဖြိုးဇာနည်
ည့၁၁နာရီ၃၀တိတိ



6 Comments


စစချင်းပါပဲ ချစ်သူဖတ်ဖို့တဲ့လေ
အလိုက်မသိ သရက်စေ့ မဂျီးဂျက်ကတော့ဖတ်ခဲ့တယ်
အင်း----ချစ်တတ်ကြတာ
ကမ္ဘာကြီး အချစ်တွေနဲ့သာယာပါစေ


စာသားတွေကအလန်းတွေကြီးပဲ


ချစ်သူကို အဲ့လောက်ချစ်တက်တာ အပေါ်က ကိုလွင်ပြင်နဲ့ ဘာတော်လဲဟင်..စပ်စုတယ်လဲ မထင်ပါနဲ့..သူလဲမမဂျက်ကို သိပ်ချစ်တာ။
အားပေးသွားတယ်နော် :)
ခင်တက်တဲ့
လေပြေ


ကြိုက်တယ်...အားပေးသွားတယ်နော်....
ခင်မင်နေတဲ့..မိုးနတ်


အဲဒီစကားလေးတွေကိုယ်တကယ်မြတ်နိုးတဲ့ ချစ်သူကို

တိုက်ရိုက်ပြောနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.