8

ခေတ္တအဝေး & Idle

Posted by ဖြိုးဇာနည် on Sunday, September 16, 2012 in

ကျွန်တော်အခုမြန်မာပြန်ရောက်နေတယ် တစ်လကျော်၂လလောက်ကြာမယ်ထင်တယ် :( post အတင်ကျဲ

သွားမလား ပိုပြီးတော့ပဲရေးဖြစ်မလားတော့မသိသေးဘူး :D ဝမ်းနည်းနေတာတစ်ခုတော့ရှိတယ် ဘာလို့လဲ

ဆိုတော့ ကျွန်တော် post အသစ်တင်လိုက်တာ တခြားသူငယ်ချင်းတွေရဲ့ဆီမှာ link တတ်မသွားဘူးဗျာာာာ

အစကမသိဘူး ကျွန်တော့်ကိုအစ်မလမင်း (ချစ်စံအိမ်)က စီဘောက်မှာလာပြောသွားမှသိတာ။တကယ်လေ

သွားတယ် အရမ်းအရမ်းကိုလေသွားတာ အဲ့ဒီ linkမတတ်တဲ့ post ကကျွန်တော့်ဘဝရဲ့အမှတ်တရများစွာပါ

ဝင်နေတဲ့ post လေးတစ်ခုပါ။ကျွန်တော့်မွေးနေ့ postလေးပါ။မွေးနေ့ဆုတောင်းကိုအပြင်မှာများရီးများရီးရ

လိုက်ပေမဲ့ ဒီ blog ညီကိုမောင်နှမတွေရဲ့ ဆုတောင်းသံကိုလဲအရမ်းတောင့်တမိတယ်။ဒါပေမဲ့ ကျွန်တော်ကံ

မကောင်းဘူးဗျာ။အဲ့ဒီအခွင့်အရေးကိုကျွန်တော်မရလိုက်ဖူး တကယ်ကိုစိတ်မကောင်းတာပါ။ပြီးတော့အခုလဲ

ဒီမှာရှိတဲ့ ကွန်နက်ရှင်ကသိပ်အစိုးရတာမဟုတ်ဖူး တော်တော်ကြာကျွန်တော်စာရေးချင်ပေမဲ့လဲ post တင်မရ

ရင် အခက်ပဲဗျာ။ဒီတော့ကြိုတောင်းပန်ထားပါရစေ ကျွန်တော်ပျောက်နေရင် နားလည်ပေးကြပါလို့


ခင်တဲ့
ဖြိုးဇာနည် ခေတ္တ လားရှိုး

8 Comments


အခုလိုလေးအကြောင်းအသိပေးထားတော့ပျောက်ကြောင်းသိရတာပေါ့ကွယ်..
ပျော်ရွှင်သောမွေးနေ့ ကို နှစ်တိုင်းဖြတ်သန်းနိုင်ပါစေ..


ခု ဒီပိုစ့်တော့ တက်ပါတယ်.. အဲ့ဒါကြောင့် လာဖတ်တာ :D


စာရေးဖို့အဆင်ပြေရင်တော့ ရေးပေါ့နော်
လားရှိုးမှာပေါ့ အဲဒီကဇာတိလားသူငယ်ချင်းတွေအများကြီးပဲ
ခုသူတို့လဲမလေးရှားမှာလေ စာတွေကိုစောင့်မျော်နေတဲ့
အမဂျီး jasmine


ဟုတ်တယ်မဂျီးဂျက်ရေ့
ကျွန်တော်ကရှမ်းပြည်သား လားရှိုးဇာတိပါ :)


ကိုဖြိုးဇာနည် မိန်းမယူသွားတယ်ထင်နေတာ ဟားဟားဟား

စတာနော် စိတ်မဆိုးရဘူး

ခင်တဲ့
မိုးသူ(တောင်ကြီး)


မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ ကျန်းမာချမ်းသာစွာနဲ့  စာတွေအများကြီး ရေးနိုင်ပါစေ..ဒီပို့ စ်တော့ တက်သား..:P


အစ်ကို့ပုံစံက အစ်ကို့စာတွေထဲက အတိုင်းပဲ
အားမငယ်ပါနဲ့ ... ဆက်ပြီး တိုက်ကျွေးမှာပါ
အစ်ကို အားရှိပြီး အဘိုးကြီးဖြစ်တဲ့အထိ
ဘလော့ရွာမှာ နေနိုင်အောင်လို့

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.