5

ကြေကွဲမူကြောင့် ကွဲကြေခြင်း

Posted by ဖြိုးဇာနည် on Thursday, March 15, 2012 in
နင်ငါ့ကိုကြည့်လိုက်တိုင်း ငါရင်တွေခုန် ခုန်လာမိတယ်သိလား။ သိပ်မကြာသေးပါဘူး လွန်ခဲ့တဲ့တစ်ပတ်

လောက်ကမှ ငါနင့်ကို့စပြီး ရင်ခုန်မိသွားခဲ့တာပါ။ ငါနင့်ကို နင်ကလေးအရွယ်ကထဲကတွေ့ဖူးခဲ့တယ်ဆိုပေ

မဲ့ ဒီလိုစိတ်မျိုးတစ်ခါမှမဖြစ်ဖူးခဲ့ပါဘူး။ဟိုတစ်နေ့ကမှ ငါ နင့်ကိုသတိထားပြီးကြည့်မိသွားတယ် နင်ငါ့မျက်နှာ

ပေါ်ကဖုန်မှုန့်တွေကို စနိုးတာဝါနဲ့သုတ်ပေးတဲ့အချိန်တုန်းကလေ ငါ့ရင်ခုန်သံတွေကို နင်ကြားသွားမှာကိုတောင်

စိုးရိမ်မိသေးတယ်။နင်ငါ့ကိုကြည့်တဲ့အချိန်တွေတိုင်း ဟိုအရင်အချိန်တွေတုန်းကလိုမျိုး ငါနင့်ကိုပြန်ပြုံးမပြနိုင်

တော့တာ ခွင့်လွှတ်ပါဟာ ငါနင်နဲ့ မျက်နှာ ချင်းဆိုင်နေတယ်ဆိုပေမဲ့ ငါနင့်ကိုစေ့စေ့မကြည့်ရဲတော့လို့ပါ ငါနင့်

ကိုချစ်များချစ်မိနေသလား မသိပါဘူးဟာ။နင့်မျက်ဝန်းတွေကို ငါရင်မဆိုင်ရဲတော့တာငါ့ကိုယ်ငါပဲသိတယ် ငါ့ရင်

ခုန်သံတွေကို ငါထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ အထူးသဖြင့် နင်ငါ့ကိုပြုံးပြလိုက်တိုင်း ငါ့ရင်ထဲမှာ မိုးခြိမ်းလိုက်

သလိုပဲ အကြီးအကျယ် တုန်လှုပ်သွားတယ်။ငါ့ငါကြောက်နေပြီသိလား နင်ငါ့ကိုပြုံးပြ လာမှာကိုပေါ့ သိပါ

တယ်ဟာ ဒါတွေဟာ ငါ့ဖက်ကမရိုးသားလို့ ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မူတွေပါ။နင်သိ သွားမှာကိုလဲ

ငါကြောက်တယ့်နင့်အပေါ်မှာ ငါမရိုးသာနိုင်တော့တာကိုသာ နင်သိသွားရင် နင်ငါ့ကို အခုလိုဂရုတစိုက် ရှိ

တော့မှာမဟုတ်ဖူးဆိုတာလဲ ငါအတပ်သိနေခဲ့ပါတယ်။နင်အသိဆုံးပါဟာ နင်ဝမ်းနည်းတတ်တဲ့အချိန်တွေတိုင်း

နင့်ပြောစကားတွေကို အလိုက်သင့်လေးနားထောင်ပေးတတ်ခဲ့တဲ့သူ နင်ဝမ်းသာကြည်နူးချိန်တိုင်း နင်နဲ့အတူ

ပျော်ရွှင်တတ်ခဲ့သူ နင်ပျင်းရိလာချိန်တိုင်း ငါ့မျက်နှာပေါ်မှာ နင့်နှုတ်ခမ်းနီတွေနဲ့ ခြစ်ပြီးဆော့ကစားခဲ့ချိန်တွေမှာ

ငါအမြဲပြုံးနေတတ်ခဲ့ဖူးတာကိုလေ။ အခုတော့ ငါမပြုံးနိုင်တော့ဘူးဟာ ငါနင့်မျက်ဝန်းတွေ နင့်အပြုံးတွေ နောက်

နင့်ရဲ့နှုတ်ဆက်စကားတွေကို ငါပေါ့ပေါ့ ပါးပါးရင်မဆိုင်နိုင်တော့ ဘူးဟာ့ငါ့ကိုယ်ငါလဲ အရမ်းဝမ်းနည်းမိတယ်

နင့်ကို ငါဖွင့်ပြောလို့ရရင်လဲကောင်းမှာဟာ ငါ့ဘဝပေးခြေအနေနဲ့ဘယ်လိုများဖြစ်နိုင်မှာလဲ ???ငါသိပါတယ့်

နင်နဲ့ငါ့ဘဝကနီးရက်နဲ့ဝေးနေကြရတာလေ။တကယ်တမ်းတော့ငါဟာဘဝမေ့နေသူတစ်ယောက်ငါ့အခြေအနေနဲ့

ဆိုရင် နင့်ကိုအရိပ်ကြည့်နေရုံကလွဲလို့ ဘာတစ်ခုမှလုပ်ပိုင်ခွင့်မရှိတဲ့သူပါ။နင်နဲ့အတူ ရင်ခုန်ကြည်နူးကြဖို့ဆိုတာ

ဟိုးးးးအဝေးကြီးမှာပါပဲဟာ့ငါဘဝမမေ့ချင်တော့ဘူ့း့ပြီးတော့ ငါဆက်ပြီးတော့လဲမခံစားနိုင်တော့ဘူး

ဒါကြောင့် နင့်ဘဝထဲကနေငါ့ကို နှုတ်ထွက်ခွင့်ပြုပေးပါ့ငါနင့်ကို နှုတ်မဆက်ပဲထွက်သွား မိတဲ့အတွက်လဲ

နင်ငါ့ကို ခွင့်လွှတ်ပေးပါနော့့်ငါ့နေရာမှာ ရိုးသားမူနဲ့ တာဝန်ထမ်းဆောင်နိုင်သူကို
သာအစားထိုးလိုက်ပါ။


အချစ်တစ်ခုကြောင့် စတေးခံလိုက်ရသော တစ်စုံတစ်ခု!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!


လေတိုက်မနေပါဘူ့း့ ဒါပေမဲ့ မှန်တစ်ချပ် ကျကွဲသွားတယ်။

ဘယ်သူ့ကြောင့်လိုအပြစ်ပြောမလဲ့ ကျွန်တော့်ကြောင့်ပါပဲ ဘယ်သူမပြုမိမိမူ လေ့


ဘာပဲပြောပြောကျွန်တော့်ဆန္ဒပြည့်သွားပါတယ် သူ့ကျွန်တော့် အစိတ်အပိုင်းတွေကို ကြေကွဲရိပ်သန်းနေတဲ့

အကြည့်နဲ့ကြည့်နေခဲ့ပါတယ့်





ဖြိုးဇာနည့်ည့၉နာရီ ၂၅ တိတိ



5 Comments


ဘာလို့လဲ... ဘာလို့ရင်မဆိုင်ရဲတာလဲ.. ချစ်ရင် ချစ်တယ်ပြောလိုက်ပေါ့ဂျာ >.<


တခါတလေ ဘဝမှာ မပြောဖြစ်ခဲ့တဲ့ စကားတွေနဲ့ ပြည့်ကျပ်နေ ခဲ့တယ်..

ခင်တဲ့
မဝသုန်


ခံစားချက်ကိုတစ်ယောက်သောသူသိနိုင်ပါစေ


ကျွန်တော် စာအရေးအသားအများကြီးလိုသေးတာကို
ဒီpost လေးတင်ပြီးမှသိလိုက်ရတယ်။လိုရင်းကို မဖော်
နိုင်တော့ဘူးဖြစ်သွားပါတယ်။နောက်များ ကြိုးစားပါအုံးမယ်။

တကယ်တမ်းတော့ ဒီစာမှာ ကျွန်တော်က မှန်တစ်ချပ်နေရာက
နေဝင်ရေးသားထားတာဖြစ်ပါတယ်။


မှန်မှာလည်း နှလုံးသား ရှိပါလား
မှတ်ထားရဦးမယ်

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.