အသင့်

မိုးစက်တွေ လိုပဲ
အရှိန်နဲ့ကျရောက်လာပြီး
ရင်ထဲကိုစိမ့်ဝင်သွားပြီဆိုမှ
နေရဲ့အပူရှိန် နဲ့အတူအငွေ့အဖြစ်
ဖြည်းဖြည်းလေး
နှုတ်ဆက်သွားကြတယ့်
မှာပဲလို့ထင်ထားခဲ့တဲ့အိမ်သားတွေနဲ့ စတင်ခွဲခွာခဲ့ရပါတယ်။ ငိုလိုက်တာ ဂွဲဂွဲ ကိုလန်လို့။အဲ့ဒီနောက်မှာတော့
သူငယ်ချင်းတစ်ယောက်ပထမဦးဆုံးကောက်ရခဲ့ဖူးတယ်။နောက် ၃ရက်ကြာတော့ သူ့မိဘတွေကမူကြိုကျောင်း
မထားတော့ပဲ အိမ်မှာတင် ကလေးထိန်းတစ်ယောက်ငှားလိုက်ကြတယ်။သူငယ်ချင်းဆိုတာတောင်ဘာမှန်းရေ
ရေရာရာ မသိသေးခင် ခွဲခွာခြင်း ဆိုတာကြီးကို ဒုတိယအကြိမ်ပြန်လည်ခံစား လိုက်ရတယ်။ခါးသက်သက်အရ
သာဆိုတာက ကျွန်တော်နဲ့ ငယ်ငယ်လေးကထဲကမစိမ်း ခဲ့တာပါပဲ။
သူငယ်တန်းရောက်တော့ သူငယ်ချင်းတွေအများကြီးနဲ့တွေ့ ရပါတော့တယ် အိမ်မက်ထဲကလိုပါပဲ ကျွန်တော့်
ဘေးပတ်ပတ်လည်မှာ ရောင်စုံသူငယ်ချင်းတွေ အများကြီးကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတယ်။ကကြီးခခွေး
နဲ့ အေဘီစီဒီတွေကြားထဲမှာ ဆော့ကစားရင်းနဲ့ပဲ ခွဲခွာခြင်းဆိုတာကိုကျွန်တော်မေ့ပျောက်နေခဲ့မိတယ်။နောက်
တော့မူလတန်း ကိုကျော်လွန်ပြီး အလယ်တန်းကိုတတ်လှမ်းကြရတော့ ကျွန်တော့််သူငယ်ချင်းတစ်ယောက်
(အခင်ဆုံးသူငယ်ချင်းတစ်ယောက်) ကျောင်းပြောင်းတတ်ပြီး ကျွှန်တော့်ကိုခွဲသွားပြန်ပါတယ်။ ရှိပါစေလေ
ကျွန်တော်လဲအလယ်တန်း တောင်ရောက်နေမှပဲခွဲခွာခြင်းဆိုတာကိုကျွန်တော်နားလည်စပြုလာပါပြီ။။
အလယ်တန်းမှာလဲထိုနည်းအတိုင်းပါပဲ ထိခိုက်မူတစ်စုံတစ်ရာမရှိပေမဲ့ စိတ်ဓါတ်ကိုတော့ပြင်းပြင်းထန်ထန်နဲ့
ကိုင်လှုပ်သွားပါတယ်။သူငယ်ချင်းတွေရဲ့ခွဲခွါခြင်းလောက်ပဲကြုံတွေ့ဖူးတဲ့ကျွန်တော့်မှာ ဒီတစ်ခါတော့အတော်
လေးခံစားရခက်ပါတယ်။ကျွန်တော်ချစ်ခင်လေးစားရတဲ့ဆရာမလေးတစ်ယောက် နယ်ပြောင်းသွားရပါတယ်။
နေပါစေလေ တချိန်ချိန်တော့ပြန်တွေ့ရအုံးမှာပါဆိုပြီးဖြေသိမ့်လိုက်ပါတယ်။
အထက်တန်းမှာတော့ ရှိသမျှသူငယ်ချင်းတွေနဲ့ခွဲခွာပြီး အဆောင်ကြီး တစ်ခုကိုကျွန်တော်ရောက်ရှိခဲ့တယ်။
ဒီတစ်ခါတော့ ကျွန်တော်ကပဲစတင်ပြီးခွဲခွာခဲ့တာပါ။ဒါပေမဲ့ ဘယ်သူပဲထွက်ခွာခဲ့ ထွက်ခွာခဲ့ ဘယ်သူပဲကျန်နေ
ခဲ့ကျန်နေခဲ့ နာကျင်ရတာချင်းတော့အတူတူပါပဲ့
ကလဲကျွန်တော့်ကိုခွဲခွာသွားပြန်တယ် သူကတော့ ကျွန်တော့်ကိုခွဲခွါတာမဟုတ်ပါဘူး ပစ်ခွာပြေးသွားတာပါ။
အဲ့ဒီနောက်ပိုင်းမှာတော့ ကျွန်တော်ခွဲခွာခြင်းဆိုတာကို ကြောက်ရွံတတ်လာခဲ့တယ်။အသက်ကလေးကြီးလာ
လေလေ ခွဲခွါခံရတာပိုများလာလေလေ ရင့်ကျက်လာလေလေပိုခံစားရလေလေပါပဲ။
ကိုယ်ကပဲအနိုင်ယူချင်လို့ထွက်ခွာခဲ့တာမျိုးတွေရှိပေမဲ့လဲ ပြုံးမနေနိုင်ခဲ့ပါဘူး။ကျွန်တော့်ဘဝထဲကိုမခေါ်ပဲဝင်
လာခဲ့ကြသလို မနှင်ပဲပြန်သွားကြတယ်ဆိုပေမဲ့ ကျွန်တော့်ရင်ဘတ်ထဲကို မိုးစက်တွေ လိုပဲ အရှိန်နဲ့ကျရောက်
လာပြီး ရင်ထဲကိုစိမ့်ဝင်သွားပြီဆိုမှ နေရဲ့အပူရှိန် နဲ့အတူ အငွေ့အဖြစ်နဲ့ ဖြည်းဖြည်းလေး နှုတ်ဆက်သွားကြတာ
မျိုးပါပဲ။ခုများတော့ ထိခိုက်ပါများလို့ အသားမာတတ်နေလောက်ပါပြီလို့ ထင်ထားခဲ့ပေမဲ့ ၃ရက်နေ့ကပဲ တစ်
ယောက်သောသူငယ်ချင်းလေးကအပြီးတိုင်နှုတ်ဆက်သွားပြန်ပါတယ်။ပြင်ဆင်ထားပေမဲ့ မကာကွယ်နိုင်ခဲ့ပါဘူး
ရင့်ကျက်ပြီထင်ထားပေမဲ့ ကလေးတုန်းကလိုပါပဲ မျက်ရည်ကိုအားကိုးမိနေတုန်းပါ။
ဒီတော့ ကျွန်တော့်မှာ ဘယ်လိုပဲပြင်ဆင်ထားပြင်ဆင်ထား ဒီမေးခွန်းလေးတစ်ခုကိုတော့ တိတိကျကျအဖြေ
မပေးနိုင်သေးပါဘူး။သူငယ်ချင်းတို့ရော ဖြေနိုင်ကြမလား???????????????????စိတ်ထဲကဖြစ်ဖြစ်ဖြေကြည့်ပါ။
သင့်မှာ
တစ်ယောက်ယောက်ခွဲသွားဖို့ အသင့်ဖြစ်ပြီလား???

ဖြိုးဇာနည့်မနက် ၁၀း၃၈ တိတိ