4

အသင့်

Posted by ဖြိုးဇာနည် on Monday, March 05, 2012 in



ရင်ဘတ်ပေါ်ကို
မိုးစက်တွေ လိုပဲ
အရှိန်နဲ့ကျရောက်လာပြီး
ရင်ထဲကိုစိမ့်ဝင်သွားပြီဆိုမှ
နေရဲ့အပူရှိန် နဲ့အတူအငွေ့အဖြစ်
ဖြည်းဖြည်းလေး
နှုတ်ဆက်သွားကြတယ့်











ကလေးဘဝတုန်းက စတင်ခဲ့တာပါ။ ခွဲခွာခြင်းတဲ့။ မူကြိုကျောင်းကိုစရောက်ခဲ့တော့ အမြဲတမ်း အတူနေကြရ

မှာပဲလို့ထင်ထားခဲ့တဲ့အိမ်သားတွေနဲ့ စတင်ခွဲခွာခဲ့ရပါတယ်။ ငိုလိုက်တာ ဂွဲဂွဲ ကိုလန်လို့။အဲ့ဒီနောက်မှာတော့

သူငယ်ချင်းတစ်ယောက်ပထမဦးဆုံးကောက်ရခဲ့ဖူးတယ်။နောက် ၃ရက်ကြာတော့ သူ့မိဘတွေကမူကြိုကျောင်း
မထားတော့ပဲ အိမ်မှာတင် ကလေးထိန်းတစ်ယောက်ငှားလိုက်ကြတယ်။သူငယ်ချင်းဆိုတာတောင်ဘာမှန်းရေ

ရေရာရာ မသိသေးခင် ခွဲခွာခြင်း ဆိုတာကြီးကို ဒုတိယအကြိမ်ပြန်လည်ခံစား လိုက်ရတယ်။ခါးသက်သက်အရ

သာဆိုတာက ကျွန်တော်နဲ့ ငယ်ငယ်လေးကထဲကမစိမ်း ခဲ့တာပါပဲ။


သူငယ်တန်းရောက်တော့ သူငယ်ချင်းတွေအများကြီးနဲ့တွေ့ ရပါတော့တယ် အိမ်မက်ထဲကလိုပါပဲ ကျွန်တော့်

ဘေးပတ်ပတ်လည်မှာ ရောင်စုံသူငယ်ချင်းတွေ အများကြီးကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတယ်။ကကြီးခခွေး
နဲ့ အေဘီစီဒီတွေကြားထဲမှာ ဆော့ကစားရင်းနဲ့ပဲ ခွဲခွာခြင်းဆိုတာကိုကျွန်တော်မေ့ပျောက်နေခဲ့မိတယ်။နောက်

တော့မူလတန်း ကိုကျော်လွန်ပြီး အလယ်တန်းကိုတတ်လှမ်းကြရတော့ ကျွန်တော့််သူငယ်ချင်းတစ်ယောက်

(အခင်ဆုံးသူငယ်ချင်းတစ်ယောက်) ကျောင်းပြောင်းတတ်ပြီး ကျွှန်တော့်ကိုခွဲသွားပြန်ပါတယ်။ ရှိပါစေလေ

ကျွန်တော်လဲအလယ်တန်း တောင်ရောက်နေမှပဲခွဲခွာခြင်းဆိုတာကိုကျွန်တော်နားလည်စပြုလာပါပြီ။။


အလယ်တန်းမှာလဲထိုနည်းအတိုင်းပါပဲ ထိခိုက်မူတစ်စုံတစ်ရာမရှိပေမဲ့ စိတ်ဓါတ်ကိုတော့ပြင်းပြင်းထန်ထန်နဲ့

ကိုင်လှုပ်သွားပါတယ်။သူငယ်ချင်းတွေရဲ့ခွဲခွါခြင်းလောက်ပဲကြုံတွေ့ဖူးတဲ့ကျွန်တော့်မှာ ဒီတစ်ခါတော့အတော်

လေးခံစားရခက်ပါတယ်။ကျွန်တော်ချစ်ခင်လေးစားရတဲ့ဆရာမလေးတစ်ယောက် နယ်ပြောင်းသွားရပါတယ်။

နေပါစေလေ တချိန်ချိန်တော့ပြန်တွေ့ရအုံးမှာပါဆိုပြီးဖြေသိမ့်လိုက်ပါတယ်။


အထက်တန်းမှာတော့ ရှိသမျှသူငယ်ချင်းတွေနဲ့ခွဲခွာပြီး အဆောင်ကြီး တစ်ခုကိုကျွန်တော်ရောက်ရှိခဲ့တယ်။

ဒီတစ်ခါတော့ ကျွန်တော်ကပဲစတင်ပြီးခွဲခွာခဲ့တာပါ။ဒါပေမဲ့ ဘယ်သူပဲထွက်ခွာခဲ့ ထွက်ခွာခဲ့ ဘယ်သူပဲကျန်နေ

ခဲ့ကျန်နေခဲ့ နာကျင်ရတာချင်းတော့အတူတူပါပဲ့



တက္ကသိုလ် ဆိုတာကြီးကိုခြေချမိပြီးမကြာခင်မှာပဲ ဘယ်တော့မှခွဲမသွားနိုင်ဘူးလို့ ထင်ထားခဲ့သူတစ်ယောက်

ကလဲကျွန်တော့်ကိုခွဲခွာသွားပြန်တယ် သူကတော့ ကျွန်တော့်ကိုခွဲခွါတာမဟုတ်ပါဘူး ပစ်ခွာပြေးသွားတာပါ။

အဲ့ဒီနောက်ပိုင်းမှာတော့ ကျွန်တော်ခွဲခွာခြင်းဆိုတာကို ကြောက်ရွံတတ်လာခဲ့တယ်။အသက်ကလေးကြီးလာ

လေလေ ခွဲခွါခံရတာပိုများလာလေလေ ရင့်ကျက်လာလေလေပိုခံစားရလေလေပါပဲ။


ကိုယ်ကပဲအနိုင်ယူချင်လို့ထွက်ခွာခဲ့တာမျိုးတွေရှိပေမဲ့လဲ ပြုံးမနေနိုင်ခဲ့ပါဘူး။ကျွန်တော့်ဘဝထဲကိုမခေါ်ပဲဝင်

လာခဲ့ကြသလို မနှင်ပဲပြန်သွားကြတယ်ဆိုပေမဲ့ ကျွန်တော့်ရင်ဘတ်ထဲကို မိုးစက်တွေ လိုပဲ အရှိန်နဲ့ကျရောက်

လာပြီး ရင်ထဲကိုစိမ့်ဝင်သွားပြီဆိုမှ နေရဲ့အပူရှိန် နဲ့အတူ အငွေ့အဖြစ်နဲ့ ဖြည်းဖြည်းလေး နှုတ်ဆက်သွားကြတာ

မျိုးပါပဲ။
ခုများတော့ ထိခိုက်ပါများလို့ အသားမာတတ်နေလောက်ပါပြီလို့ ထင်ထားခဲ့ပေမဲ့ ၃ရက်နေ့ကပဲ တစ်

ယောက်သောသူငယ်ချင်းလေးကအပြီးတိုင်နှုတ်ဆက်သွားပြန်ပါတယ်။ပြင်ဆင်ထားပေမဲ့ မကာကွယ်နိုင်ခဲ့ပါဘူး

ရင့်ကျက်ပြီထင်ထားပေမဲ့ ကလေးတုန်းကလိုပါပဲ မျက်ရည်ကိုအားကိုးမိနေတုန်းပါ။


ဒီတော့ ကျွန်တော့်မှာ ဘယ်လိုပဲပြင်ဆင်ထားပြင်ဆင်ထား ဒီမေးခွန်းလေးတစ်ခုကိုတော့ တိတိကျကျအဖြေ

မပေးနိုင်သေးပါဘူး။သူငယ်ချင်းတို့ရော ဖြေနိုင်ကြမလား???????????????????စိတ်ထဲကဖြစ်ဖြစ်ဖြေကြည့်ပါ။



သင့်မှာ

တစ်ယောက်ယောက်ခွဲသွားဖို့ အသင့်ဖြစ်ပြီလား???




ဖြိုးဇာနည့်မနက် ၁၀း၃၈ တိတိ

4 Comments


မင်္ဂလာပါ။
အမြဲအလည်လာပြီး ကွန်မန့် လာပေးတဲ့အတွက် ကျေးဇူးပါ။
ကိုဖြိုးက မြန်မာနိုင်ငံကပဲ တင်ပါတယ်။
teenမှာ ကလောင်သွေးစေချင်ပါတယ်။
ကိုယ့်မိတ်ဆွေကို magazineတွေမှာ မြင်ချင်လို့ ပါ။
စာတွေ ပြန်ရေးလာတဲ့အတွက် ၀မ်းသာမိပါတယ်။
လူတစ်ယောက်ဟာ သူတွေးသလိုအားလုံးတွေးနေမယ်လို့ လည်း မထင်မိပါဘူး။ကိုယ်သိတာကို ကိုယ်ရေးနေတာပဲလေ။သတ္တိတွေ ပြနေပါတယ်လို့  မယူဆစေချင်ပါဘူး။
အမြဲတမ်း ကွန်မန့် လာပေးတဲ့အတွက် ကျေးဇူးပါ ကိုဖြိုးရေ...။
နောက်ထပ်လည်း ပုံစံချင်းမတူညီကြတဲ့ ဆောင်းပါးလေးတွေကို ကျွန်တော်ရေးသားပါဥိးမယ်လို့  ပြောကြားရင်း...
ခင်မင်တဲ့
ထော်ဦး


This comment has been removed by the author.

လာဖတ်သွားပါတယ်... စာများများရေးနိုင်ပါစေ


အစ်ကိုရေ . . .
တစ်နေ့နေ့တော့ ခွဲခွာရမှာ ဓမ္မတာပါပဲ
ခွဲခွာခြင်းကတော့ ဝမ်းနည်းမှုတွေ ချန်ထားတတ်ကြတယ်လေ
ဒါပေမယ့် ပျော်ရွှင်အောင် နေနိုင်ရမယ် မဟုတ်လား
ဘဝဆိုတာ နေသလိုလည်း ဖြစ်ပါတယ်

လာရောက်အားပေးဖတ်ရှုသွားပါတယ်
ခင်မင်ရသော
နွေလ

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.