8

ဇတ်သိမ်းပေးတဲ့ အပြုံး

Posted by ဖြိုးဇာနည် on Tuesday, July 10, 2012 in

ကြော်ငြာထဲမှာတွေ့လိုက်တာပါ ဆေးရောင်ပြယ်လုလုပန်းချီကားထဲက အပြုံးတချက်နဲ့အတူ စူးစိုက်ပြီး မီး

တောက်မတတ်စိုက်ကြည့်နေတဲ့  လက်ရာလေးကိုတွေ့ပြီးအတွေးများစွာနဲ့အတူ အပြင်မှာမြင်ဖူးချင်စိတ်တွေ

တဖွားဖွားပေါ်လာပြီး ပိုင်ဆိုင်လိုစိတ်တွေကပါထိန်းမရဖြစ်ခဲ့ရပါတယ်။အရမ်းပညာသားပါတယ်လေ အပြုံးတပွင့်

နဲ့အတူ ဒေါသပါနေတဲ့မျက်ဝန်းနက်တစုံတို့ရဲ့ မအပ်ဆက်မူ ၂ ခုကိုလိုက်ဖက်အောင်ရေးဆွဲထားပုံက ကျွန်တော့်

ကို ဒီနေရာလေးကိုမရောက်ရောက်အောင်တွန်းပို့ပေးလိုက်တာပါပဲ။


ဖိနပ်မစီးရဘူးဆိုပဲ ရှိပါစေလေ သူ့နေရာကို ကိုယ်ရောက်လာတာပဲ သူ့စည်းကမ်းပေါ့။ဒါပေမဲ့နှခေါင်းတော့ရှုံ့မိ

တယ်။ဒီလောက်ညစ်ထေးထေးနိုင်လှတဲ့ အခန်းထဲကိုဖိနပ်မစီးရဘူးဆိုပဲ။ဒါနဲ့အဖော်လိုက်လာတဲ့ ရဲရင့် အပြင်မှာ

နေခဲ့တယ်။နေပါစေလေ သူမှဒါမျိုးစိတ်မပါပဲ မိုင်၂ရာကျော်ဝေးတဲ့ဒီအထိ အဖော်လိုက်ခဲ့ပေးတာကိုပဲကျေးဇူး

တင်လှပါပြီ။ဒါနဲ့ သူကားပေါ်ကစောင့်မယ်ဆိုပြီးထွက်သွားတယ်။အိမ်ရှင် ဦးလေးကြီးကတော့ အိမ်နဲ့တောင်

မလိုက်ဖူး သန့်ရှင်းမွှေးကြိုင်နေပြီး အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပါတယ်။ကျွန်တော့်ကို

ဖိနပ်ချွတ်ဖို့ပြောပြီး ပန်းချီကားရှိရာအခန်းကိုလက်ညှိုးညွှန်ပြတယ်။ပြီးတော့ ဝင်သွားပါဆိုတဲ့သဘောနဲ့ လက်ကို

အခန်းဖက်ကိုဆန်းတန်းပြပြီး ခေါင်းညိမ့်ပြတယ်။ကျွန်တော်လဲ အရမ်းလိုချင်နေတဲ့ ပန်းချီကားရှိရာအခန်းဆီကို

အလျှင်စလို ဝင်လိုက်တော့တယ့်


မှိန်ဖျော့ဖျော့ မီးလုံးတစ်လုံး အေးစက်စက်ကြမ်းခင်းပေါ်ကရှတတအထိအတွေ့ အက်တတ်တတ်ဆွဲပြီးတချက်

တချက်ထွက်လာတဲ့   ပန်ကာထဲက   ဆီခန်းနေတဲ့ ပင်နယံအသံတချို့  ပုပ်အဲ့အဲ့နဲ့ အန်ချင်စိတ်ကိုနှိုးဆွနေတဲ့

ဖိနပ်နံတချို့နောက်ပြီး အခန်းအလယ်က အပြုံးရွရွလေးနဲ့ စိုက်ကြည့်နေတဲ့ ဆေးရောင်

ပြယ်လွင့်လုလု ပန်းချီကားတစ်ချပ့့်


ကျွန်တော်ပြုံးလိုက်မိတယ် တကယ်ကိုကျေကျေနပ်နပ်ပြုံးလိုက်မိတာပါ။ သိပ်ကိုလက်ရာမြောက်တဲ့ပန်းချီကား

လေးတချပ်ပါပဲ တည့်တည့်ကြည့်တယ် ဘေးကကြည့်တယ် ခပ်လှမ်းလှမ်ကကြည့်တယ် အနီးကပ်ကြည့်တယ်

ဒီထက်ပိုနီးအောင်ကြည့်တယ် ဘယ်လိုကြည့်ကြည့်အသက်ဝင်လှတယ် ဒါနဲ့ ပန်းချီးကားရဲ့ အနီးနားအထိကပ်

ပြီးစုတ်သားကြောင်းတွေရဲ့ လက်ဆကိုအနီးကပ်ကြည့်လိုက်တယ် နောက်ပြီးလက်ကလေးနဲ့မထိတထိတို့ထိ

ကြည့်မိလိုက်တယ်။ထိလိုက်တယ် ဆိုရင်ပဲ ကျွန်တော်ဝင်လာတဲ့ တံခါးချပ်တွေ ဝုန်းခနဲ့ဆောင့်ပိတ်သွားတယ်။

လေတိုက်လို့ပိတ်သွားတယ်ထင်ပြီးကျွန်တော်ပြန်သွားတွန်းဖွင့်ကြည့်တယ် ဒီတော့မှ ကျွန်တော်သိလိုက်ရတယ်

ကျွန်တော့်ကို တမင်သက်သက် ပိတ်လိုက်တာပါ။ဒါနဲ့ကျွန်တော် မရမကတွန်းဖွင့်ကြည့်ပြန်တယ် အပြင်ကနေ

အသေအချာပိတ်ထားတဲ့ ပုံစံပေါက်ပါတယ် လုံးဝဖွင့်မရတော့ဘူး။ကျွန်တော့်စိတ်ထဲမှာလဲသိပ်မသင်္ကာံတော့

တာကြောင့် ထွက်ပေါက်ကိုလိုက်ရှာမိတယ်။ဟော့တွေ့ပါပြီလမ်းကျည်းကျည်းလေးတစ်ခု ပိတ်ထားတဲ့အခန်း

ပေါင်းများစွာဘယ်ညာမျက်နှာချင်းဆိုင်လျှက်ရှိနေပြီးအမှောင်အတိဖုံးနေတဲ့လမ်းကလေးတစ်ခုပါ။လမ်းရဲ့ထိပ်မှာ

တော့ အလင်းရောင်ယဲ့ယဲ့လေးတစ်ခုကိုလှမ်းမြင်ရတယ် ကျွန်တော်အားတတ်သွားတယ်။ဒါနဲ့ လမ်းကြားလေး

ထဲကိုအပြေးဝင်ဖို့ခြေလှမ်းလိုက်ချိန်မှာပဲ ကျွန်တော့်အကြည့်က ပန်းချီကားဆီကိုရောက်သွားတယ် ပြီးတော့

မထူးတော့ပါဘူးဆိုပြီး ချိတ်ထားတဲ့ပန်းချီကားကို ဆွဲဖြုတ်လိုက်တယ်။ပန်းချီကား ကျွန်တော့်လက်ထဲရောက်

လာတာနဲ့အတူ လမ်းကြားထဲကနေမသဲမကွဲအသံတိုးတိုးလေးတွေအဆက်မပြတ် ထွက်ပေါ်လာတာကြားလိုက်

ရတော့တယ်။

 
ဒီအချိန်မှာပဲမှိန်ယဲ့ယဲ့သာရှိနေတဲ့ မီးလေးဟာပျက်တောက်ပြီးအခန်းလေးဟာအမှောင်အတိကျသွားတော့တယ်

ကျွန်တော်လဲပန်းချီကားကိုကျောပိုးအိတ်ထဲထည့်ပြီး လမ်းကြားလေးထဲကိုအပြေးလေးဝင်ခဲ့တော့တယ်။မှောင်မဲ

နေတဲ့ လမ်းကြားထဲမှာမျှော်လင့်စရာဆိုလို့ ဟိုးထိပ်ဆုံးမှာရှိနေတဲ့ မှိန်ပြပြ    အလင်းရောင်လေးသာရှိပါတယ်။

ကျွန်တော်အားထည့်ပြီးပြေးလိုက်တယ် ဆိုရင်ပဲ ခြေဖဝါးပြင်၂ ဖက်စလုံးကို  ဆူးပေါင်းမြောက်များစွာထိုးဖောက်

သွားပြီး နာကျင်မူကိုအသည်းခိုက်အောင်  ခံစားလိုက်ရတယ်။ဒီတော့မှ   ကျွန်တော်ခုနက    ပန်းချီကားဖြုတ်

နေချိန်မှာကြားလိုက်ရတဲ့အသံတွေဟာ   ဒီဆူးတွေပစ်ချလိုက်တဲ့အသံဖြစ်မှန်းသိလိုက်ရတယ်။ဒါနဲ့ ကျွန်တော်

နံရံကိုမှီပြီး ခြေဖဝါးမှာဆူးနေတဲ့ ဆူးတွေကိုဆွဲနှုတ်လိုက်တယ် ချွဲကျိကျိသွေးတွေနဲ့အတူ ကျွန်တော့်လက်ထဲကို

သံမှိုတွေမရေမတွက်နိုင်အောက်ပါလာတော့တယ်။နာကျင်မူကြောင့်ငယ်သံပါအောင်အော်ရင်း ရဲရင့်ကို အော်

ခေါ်နေမိတယ်။အော်သံနဲ့တပြိုင်နက် ကျွန်တော်မှီထားတဲ့နံရံဟာ တံခါးတစ်ချပ်ဖြစ်နေပြီး တံခါးပွင့်သံနဲ့အတူ

ကျွန်တော်အခန်းတစ်ခုထဲပစ်စက်လက်ခတ်လဲကျပြီးရောက်သွားတယ်။


အခန်းထဲကိုရောက်သွားတယ်ဆိုရင်ပဲ တခန်းလုံး စလိုက်မီးမောင်းကြီးတွေဖျက်ခနဲပွင့်လာပြီးလင်းထိန်သွား

တော့တယ် အမှောင်ထဲကနေ ချက်ချင်းကြီးအလင်းအားကောင်းကောင်းထဲကိုရောက်သွားတဲ့ ကျွန်တော်ဟာ

ဆူးခနဲ့အောင့်သွားတဲ့   မျက်စိနှစ်လုံးကိုတော်တော်နဲ့မဖွင့်နိုင်ပဲရှိနေတုန်းမှာ   အနောက်ကနေအားပြင်းပြင်းနဲ့

ကျောပြင်ကိုလွှဲရိုက်လိုက်ခြင်းကိုခံလိုက်ရတယ်     နာကျင်မူကြောင့်မျက်လုံးကိုအားတင်းဖွင့်ပြီးရန်သူကိုလိုက်

ရှာနေတုန်းမှာ ဖွင့်ထားတဲ့စလိုက်မီးတွေအားလုံးပြန်ငြိမ်းသွားပြီး တလောကလုံးပြန်တိတ်ဆိတ်သွားတော့တယ်

ကျွန်တော်ကြမ်းပြင်ပေါ်မှာတရွှတ်ဆွဲသွားရင်း အမှီတခုခုကိုလိုက်ရှာဖွေမိတယ်။စမ်းတဝါးဝါးတိုးသွားရင်း နံရံ

တစ်ခုကိုစမ်းမိပြီးကျွန်တော်မတ်တပ်ရပ်နိုင်ခဲ့တယ် နောက်တော့ နံရံတလျှောက်ကိုလက်နဲ့စမ်းရင်း တံခါးပေါက်

နားကိုဒယိုင်းဒယိုင်နဲ့ပြန်ရောက်လာပြီး လမ်းကြားလေးထဲကိုခြေပြန်ချနိုင်ခဲ့တယ်။


ဘာသဘောလဲ ဘာအတွက်ဒီလိုလုပ်နေရတာလဲ တဖွဖွအော်ရင်းကျွန်တော်အလင်းရောင်ရှိရာကိုတဖြည်း

ဖြည်းချင်းတိုးလာခဲ့တယ် ဒီအချိန်မှာပဲ ဘေးကတံခါးတစ်ချပ်ပွင့်လာပြီး ရင်ဘတ်ကိုဆောင့်ကန်တာကိုထပ်

ခံလိုက်ရပြန်တယ်။ဒေါသလဲထွက်တယ် ကြောက်လဲကြောက်တယ် နောက်တော့ကျွန်တော်လူးလဲထတယ်

စောစောကဖွင့်ပြီးကန်လိုက်တဲ့အခန်းတံခါးကိုတွန်းဖွင့်ပြီးလိုက်ဝင်သွားလိုက်တယ် အထဲလဲရောက်ရော ကျွန်

တော်ဟာ တွင်းတခုထဲကို ပြုတ်ကျသွားတယ့်ကံကောင်းတယ်ပဲပြောရမလား တွင်းကသိပ်မနက်ဖူးဒါပေမဲ့

တွင်းထဲမှာထောင်ထားတဲ့ဆူးချွန်တစ်ခုက ကျွန်တော့်ဘယ်ဖက် ပခုံးနေရာကိုထိုးဖောက်သွားတယ်။ကျွန်တော်

ညည်းညူရင်း အားတင်းတယ် နောက်ဆူးချွန်တန်းလန်းနဲ့ပဲ တွင်းပေါ်ပြန်တတ်တယ်။နောက်လမ်းကြားထဲ

ပြန်ဝင်တယ် ပခုံးက ဆူးချွန်ကိုအံကြိတ်ပြီးဆွဲနှုတ်လိုက်ပြီး လက်နက်တခုအဖြစ်အသုံးချလိုက်တယ်။


လာစမ်းပါ ထွက်ခဲ့လေ့ရင်ဆိုင်လိုက်စမ်းပါ ယောက်ကျားမဟုတ်လား စတဲ့စကားတွေနဲ့ စိမ်ခေါ်ရင်း အလင်း

ရောင်နားကို ကျွန်တော်တိုးလာခဲ့တယ် ဒီချိန်မှာပဲ ဘေးကအခန်းထဲကလူတစ်ယောက်ထွက်လာပြီး ကျွန်တော့်

ကိုတုန်နဲ့တလဆက်ရိုက်တော့တယ် ကျွန်တော်လဲပြန်ခုခံတယ် ဒါပေမဲ့နာနေတဲ့ကျွန်တော်ဟာ သူရဲ့ဒုတ်ချက်

တွေအောက်မှာ ပြားပြားဝတ်သွားတော့တယ် နာကျင်ညည်းညူရင်းနဲ့ပဲ လက်ကျန်ခွန်အားတွေနဲ့အတူ ကျွန်

တော့်လက်ထဲမှာ ရှိတဲ့ဆူးချွန်နဲ့ အဲ့ဒီလူရဲ့ ပေါင်ကိုအားရပါးရထိုးစိုက်ပစ်လိုက်တယ်။အဲ့ဒီတော့မှ ဒီလူလဲ

အသံနက်ကြီးနဲ့တချက်အော်ပြီး အခန်းထဲကိုပြေးဝင်ပြီးပျောက်ကွယ်သွားတော့တယ်။


ကျွန်တော်လဲရလာတဲ့အခွင့်အရေးကို လက်လွှတ်မခံပဲ အလင်းရောင်ရှိရာကို အသဲအသန်ယိုင်းထိုးယိုင်းထိုး

နဲ့အပြေးလှမ်းသွားလိုက်တယ်။    အလင်းရောင်ရှိတဲ့နားရောက်တော့တံခါးတစ်ချပ်ကိုတွေ့လိုက်ရတယ်။

ကျွန်တော်တံခါးကိုတွန်းဖွင့်လိုက်တဲ့အချိန်မှာ တံခါးဟာအသာအယာပဲပွင့်သွားတာကြောင့် အလျှင်စလိုဝင်

လိုက်ပြီး တံခါးကိုအသေအချာ လော့ချပြီး သက်ပြင်းကိုချလိုက်မိတယ်။နောက်မှအခန်းထဲကို ကျွန်တော်

သေချာကြည့်မိလိုက်တယ် ကျွန်တော်မြင်လိုက်ရတဲ့ မြင်ကွင်းက ကျွန်တော့်အရူးတစ်ယောက်လိုအော်ဟစ်

လိုက်မိစေပါတော့တယ်။မျက်လုံးပြူးပြူးနဲ့ သွေးအိုင်ထဲမှာ ဓါးတန်းလန်းနဲ့ လဲကျသေဆုံးနေတဲ့ ရဲရင့်ကို

ကျွန်တော်သွေးပျက်စွာတွေ့လိုက်ရလို့ပါ။



ကျွန်တော်ရဲရင့်ဆီအပြေးသွားပြီး လှုပ်နှိုးကြည့် ခေါ်ကြည့်လုပ်နေမိတယ်  ဒါပေမဲ့  အသက်မဲ့နေတဲ့  ရဲရင့်

ဟာဘာဆိုဘာမှတုန့်ပြန်မူမပေးနိုင်တော့ပါဘူး။ကျွန်တော် မျက်ရည်ဝဲလာတယ် ပြီးတော့ ဒေါသထွက်လာ

တယ် နောက်ပြီးအံကြိတ်မိတယ် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း အမှောင်ခန်းထဲပြန်ဝင်ဖို့ လှည့်လိုက်

တယ်။အဲ့ဒီအချိန်မှာပဲ တံခါးကိုလွှစက်နဲ့ ဖြတ်ပြီးခြေထောက်ထော့ကျိုးထော့ကျိုးနဲ့ ဝင်လာတဲ့ အနောက်တိုင်း

ဝတ်စုံနဲ့ လူတစ်ဦးဟာ ကျွန်တော့်ဆီကို လွှစက်မော်တာကိုအဆုံးထိတင်ပြီးတစ်လှမ်းချင်း တစ်လှမ်းချင်းးးးးးးးးးးးးး



ကြိုးစားလျှက့်ဖြိုးဇာနည့်ည့၁၁နာရီ ၃၀ တိတိ


8 Comments


အောက်ကပုံကကြောက်စရာကြီး..
အားပေးနေမယ်နော်..


ဇာတ်သိမ်းပေးတဲ့ အပြုံးကို

စိတ္တဇပုံတွေနဲ့ တကွဖတ်ရှုခံစားသွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)


ကျွန်တော့်ဆီကို လွှစက်မော်တာကိုအဆုံးထိတင်ပြီးတစ်လှမ်းချင်း တစ်လှမ်းချင်း------ပြီးတော့ ကျွန်တော်ပါ...... ဘာဆက်ဖြစ်လဲဗျို့
ဖတ်ပြီးစဉ်းစားနေရတယ်----ပျောက်နေတာ ဒါကြောင့်ကိုး
ဒီလိုစာတွေ အိမ်တွင်းပုန်းပြီးရေးနေတာကြောင့်ပေါ့နော်
သည်းထိပ်ရင်ဖိုလေးဖတ်ခဲ့တယ်---
မကြီးဂျက်


အောင်မလေး ကိုရွှေဖြိုးရယ် ဖတ်ပြီး လက်တွေနာခြေတွေနာ ကျောတွေနာလိုက်တာ လူသတ်ကားကိုကြည့်နေရသလိုဘဲအေး))

ဂျာရစ်


မောင်ငယ်ဇာနည်ရေ.

မကြီးလွမ်း လာရောက်အားပေးတွားတယ်။
ဒိုးကန် ဖတ်ပြီး လက်နာကျောနာ ကိုယ်နာတာက ငါ့မောင်ရေးတဲ့
ပိုစ့်နဲ့မဆိုင်ပါ. သူ ဂျီကျလွန်းလို့ ကိုရင်ဗလပြောင်နဲ့ ကိုင်ပေါက်ပစ်
လိုက်တာပါ.


ခင်မင်တဲ့
မကြီးလွမ်း


စိတ္တဇဆန်ဆန်ပဲ
ဖတ်လိုက် တွေးလိုက်နဲ့
ရင်ဘတ်တွေ ခြေထောက်တွေတောင် နာလာသလိုပဲ
ရေးတတ်ပါပေ့ဗျာ


မောင်လေးရေ ... ဘာဆက်ဖြစ်ဦးမှာလဲ။ ဘာလို့ အဲ့လိုလုပ်တာလဲ သိချင်မိတယ်။ ဆက်ရန်လေး မြန်မြန်လုပ်ဦးနော်။ ဖတ်ရတာ သဲထိတ်ရင်ဖိုရှိလှသကွယ်။


အောင်မငှီး..မီးမီး ကြောက်ကြောက်

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.