4

မလုပ်သင့်သော ဖြစ်သင့်ခြင်း

Posted by ဖြိုးဇာနည် on Monday, July 30, 2012 in

 နားထဲကိုလေတွေအတောင့်လိုက်ဝင်သွားတယ် ဒါဆိုသူရောက်နေပြီလေ့သူအကျင့်အတိုင်း ကျွန်တော့်နား

ကိုတိတ်တိတ်လေးကပ်လာပြီး နားထဲကိုလေးငွေ့ငွေ့လေးတွေမှုတ်သွင်းပြီးကျီစယ်တတ်သူ့

အပြင်မှာတင်မဟုတ်ပါဘူး နံပတ်မမြင်ရတဲ့ နံရံကပ်အလှသုံးကြိုးဖုန်းလေးကိုသူတမင်ဆက်ပြီး ကျွန်တော်ကိုင်

လိုက်မှနားထဲကိုလေကလေးတွေ ဖူးခနဲ့မှုတ်ထုတ်ပြီးတော့လဲ ပြောတတ်သူကောင်မလေးပေါ့


အဲ့နေ့က မိုးရွာတယ် ၂ယောက်လုံးထီးမပါကြဘူး မယူကြတာပါ မိုးရွာမှန်းသိရက်နဲ့  အခုသွားရအောင်တဲ့ သူ

အရင်စကမ်းလှမ်းလာတယ် ကျွန်တော်ကလဲ ဟုတ်တဲ့ တခွန်းထဲပါပဲ။


လူကြီးတွေသဘောမတူကြဘူး ခိုးတွေ့ရတာလဲပျော်စရာတမျိုးပါပဲ။ဒါပေမဲ့ ဒီနေ့ကျွန်တော်တို့ ၂ယောက်ရင်

ထဲမှာ တုန်ရီနေကြတာချင်းကတော့အတူတူပါပဲ။တိုင်ပင်ထားတဲ့ကိစ္စတစ်ခုကို အကောင်အထည်ဖော်ကြရ

တော့မဲ့အချိန်ဟာလဲ အရမ်းနီးလာပြီကိုးးးးးးးး


သူ့အိမ်ရှေ့ရောက်တာနဲ့ကျွန်တော်ဟွန်းသံပေးလိုက်တယ် သူ့လက်ဖဝါးသေးသေးလေး၂ဖက်ကိုခေါင်းပေါ်ကာ

ရင်းသူပြေးလာတယ်။ကျွန်တော်တံခါးအဆင်သင့်ဖွင့်ပေးထားလိုက်တယ် ပြီးတော့ သူကြိုက်တဲ့သီချင်းလေး

တစ်ပုဒ်ကို ခပ်ငြိမ့်ငြိမ့်လေးဖွင့်ပေးလိုက်ပြီးကျွန်တော်မောင်းထွက်ခဲ့တယ် အဲ့အချိန်မှာ သူ့စကားလေးတခွန်းးးးး

အသံထွက်အောင်ရယ်လိုက်ရင်းနဲ့ တော်တယ်တဲ့


သူဘယ်သွားချင်လဲကျွန်တော်မသိပါဘူး ဒါပေမဲ့ကျွန်တော်တို့သွားသင့်တဲ့နေရာကိုသူသိနေတယ် သူအဲ့ဒီ့နေရာ

ကိုမောင်းခိုင်းတယ်။ကျွန်တော်တို့ တစ်ဘဝစာနီးဖို့အတွက်လို့တွေးမိတာလိုက်တိုင်းကျွန်တော်ပျော်ရပါတယ်။

ဒါကြောင့်တန်းတန်းမတ်မတ်မောင်းလိုက်တယ်။သီချင်းတစ်ပုဒ်ပြီးသွားချိန်မှာ ကျွန်တော်အသံနဲနဲထပ်ချဲ့လိုက်

တယ်။ဒီတော့သူ့လက်ညှိုးလေးထောင်ပြီးကျွန်တော့်နှုတ်ခမ်းနားလာကပ်တယ်။  ကျွန်တော်ပြုံးလိုက်တယ်

ပြီးတော့ သီချင်းကိုပိတ်ပေးလိုက်တယ်။သူ့ရယ်သံတစ်ချက်ကြားလိုက်ရတယ် နောက်ပြီးကျွန်တော့်နားထဲကို

သူ့အသက်ရူသံတချို့လာရိုက်ခတ်လိုက်ပြီး လေသံတိုးတိုးလေး တစ်ခုနားထဲတိုးဝင်လာတယ် ရှင့်ကိုချစ်တယ်

တဲ့


ကျွန်တော်ပြုံးနေမလား J ပြုံးနေတာမှ အသံကိုမထွက်နိုင်လောင်အောင်ကိုပြုံးနေမိတာပါ သူနဲ့ကျွန်တော်

ချစ်သူဖြစ်ခဲ့တာကြာပေမဲ့ ကျွန်တော်မပြောခိုင်းပဲသူအဲ့လိုသိပ်ပြောလေ့မရှိပါဘူး တစ်ခါတစ်ခါသူစိတ်ကူးပေါက်

လို့ အဲ့လိုလေးပြောလာရင် ကျွန်တော်သိပ်ကိုပျော်ရပါတယ်။အပျော်တွေနဲ့အတူ အချိန်တစ်ခုကို ကျွန်တော်တို့

ကျေနပ်စွာကုန်ဆုံးပစ်လိုက်ကြတယ်။ပြီးတော့ မိုးရွာထဲလမ်းလျှောက်ဖြစ်ကြတယ် လမ်းလျှောက်နေရင်းသူ

ငိုတယ် ပြီးတော့သူကျွန်တော့်ကိုပြုံးပြတယ် နောက်ပြီးသူ ကျွန်တော့်လက်ကိုတွဲဆုပ်လိုက်ပြီး အသံထွက်

အောင်ကို ရယ်မောလိုက်သေးတယ် ဟုတ်ပါတယ်သူပျော်မယ်ဆိုရင်လဲပျော်နိုင်ပါတယ် ကျွန်တော်တို့အောင်

မြင်သွားခဲ့ပြီလေ့


ညနေစောင်းတော့ သူနှုတ်ခမ်းလေးမှာအရောင်တွေလွှင့်သွားခဲ့တယ်။ကျွန်တော်တို့နှုတ်ဆက် အနမ်းတွေမ

ပေးဖြစ်ကြတော့ပဲအိမ်ပြန်ချိန်ကိုရင်ဆိုင်နိုင်ခဲ့တယ်။သူ့အိမ်အထိလိုက်ပို့ပေးရင်း မိုးရေတွေစိုပြီးချမ်းနေတဲ့

သူ့ကို အပြုံးနွေးနွေးလေးတစ်ပွင့်နဲ့ကျွန်တော်နှုတ်ဆက်ခဲ့တယ်။တစ်ယောက်ထဲအပြန်လမ်းမှာပြုံးနေရင်း

သူထိုင်သွားတဲ့ ထိုင်ခုံကူရှင်လေးမှာစိုနေတဲ့မိုးရေတွေကို လက်ကလေးနဲ့ပွတ်သပ်မိလိုက်သေးတယ်။


ညရောက်တော့သူဖုန်းဆက်လာတယ် ဖျားပြန်ပြီတဲ့။သူနေမကောင်းတာကြာပါပြီ ဒါပေမဲ့ သူမိုးကိုချစ်တယ်

ဆိုတာသိတဲ့အတွက် ကျွန်တော်အလိုလိုက်မိသွားတယ်။အခုတော့သူဖျားပြန်ပြီလေ။ဒါဟာသူ့ကြောင့်လား

ကျွန်တော့်ကြောင့်လားမသိပေမဲ့ ကျွန်တော်တို့၂ယောက်လုံးတစ်ယောက်ကိုတစ်ယောက်အလိုလိုက်မိကြတာ

ကြောင့်ဆိုတာတော့အမှန်ပါပဲ။ကျွန်တော်မတောင်းတဲ့အရာတစ်ခုကိုသူပေးခဲ့တယ် သူမတောင်းတဲ့အရာတစ်

ခုကိုလဲကျွန်တော်ပေးခဲ့တယ်။ဒါဟာ အပြစ်တစ်ခုကိုဖန်ဆင်းလိုက်တာများဖြစ်သွားမလား။ဘယ်လိုအပြစ်ပဲ

လို့ယူဆယူဆ ဒါဟာကျွန်တော်တို့၂ယောက်နီးစပ်ဖို့ပဲမဟုတ်ပါလား။


ဒီစာမေးပွဲသာအောင်ခဲ့မယ်ဆိုရင် နောက်၂လ ၃လ အတွင်းသူနဲ့ ကျွန်တော်တို့သေချာပေါက် လက်ထပ်ကြ

ရပါတော့မယ်။ ဘယ်သူတွေဘယ်လိုပဲသဘောမတူခဲ့မတူခဲ့ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ ၂ယောက်

ဘယ်လိုမှမဝေးနိုင်တော့ပါဘူး။ ဖြူစင်တဲ့အချစ် တွေကို အရောင်ဆိုးပြီး ရင်းနှီးလိုက်ကြတဲ့ ချစ်သူ၂ယောက်

ပါပဲ။ဒီရင်းနှီးမူကြောင့် သူပြို့အန်လိမ့်မယ် နောက်ပြီးသူအဆူခံရလိမ့်မယ် ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်

ရဲ့ ဘဝ၂ခုကတော့ ရာသက်ပန်ပေါင်းကြရတော့မှာပါ့


အဆုံးသတ်ရလဒ်ကတော့ <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3 <3

 
ဘာရယ်မဟုတ်ပါဘူး တွေးကြည့်တယ် လက်တွေ့ဘဝထဲမှာဖြစ်ပျက်နေတတ်တာတွေကိုဝင်ခံစားကြည့်တယ်။လွဲ
ချော်နေမလား အတွေးက ရိုင်းနေမလား ကိုယ့်ကိုကိုယ်လဲ ဝေခွဲမရဘူးဖြစ်နေတယ် ဒီ post  လေးကိုလဲတင်
ရင်ကောင်းမလား မတင်ပဲထားရင်ကောင်းမလား အကြိမ်ကြိမ်ဝေခွဲမရလဲဖြစ်ရပါတယ် ကိုယ့်စာတပုဒ်ကြောင့်
စာဖတ်သူတွေ အထင်မှားသွားမှာလဲစိုးရိမ်မိတယ် နောက်ဆုံးတော့ ကျွန်တော်ဇာနည်ရဲ့ ထုံးစံအတိုင်းပါပဲ
ဖြစ်ချင်ရာဖြစ်ကွာ ကိုယ့်စိတ်ထဲသန့်ရင်ပြီးတာပဲဆိုပြီးတင်ပစ်လိုက်တယ်။တခါတလေ ရိုင်းသွားမယ်ဆိုရင်
ဒီနေရာလေးကနေပဲ စာဖတ်သူတို့ကို တောင်းပန်လိုက်ရပါတယ်။ကလေးသူငယ်တွေ ဖတ်မိရင်လဲအတွေး
သက်သက် Post လေးတစ်ပုဒ်မို့နားလည်ပေးစေချင်ပါတယ်။ ကြိုးစားလျှက့်

ဖြိုးဇာနည့်ည့၁၁ နာရီ ၅၅ တိတိ

4 Comments


တွေးတတ်ရေးတတ်လိုက်တာ..
အားပေးခဲ့ပါတယ်.


တိန်.. တိန် .. တိန်...။ အဲ့လို တွေးတော့လည်း ဟုတ်သားဗျ..။


နားထဲကိုအတောင့်လိုက်လေ၀င်ရင်ဂရုစိုက်ပါ
အတော်ဆိုးပြီးခံရခက်နေမယ်
တွေးကြည့်တာကောင်းတယ်မောင်လေးရေ
နဲနဲလေးတော့လွှဲနေသလားပဲ
မရိုင်းပါဘူး မဂျက်မောင်လေးတွေက လိမ္မာပြီးသား


မရိုင်းပါဘူး သူငယ်ချင်းရာ... အရေးအသားကတော့ ကောင်းပြီးသား :D

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.