3
ပျော်ရွှင်ခြင်းရဲ့အထက်
Posted by ဖြိုးဇာနည်
on
Friday, August 31, 2012
in
ကျွန်တော်ဇာနည်ရဲ့အတွေး
ပျော်ရွှင်ခြင်းရဲ့အထက်မှာ
ဘာမှမရှိတော့ဘူးဆိုတာကို ကျွန်တော်ရှာဖွေတွေ့ရှိခဲ့တယ် သူသင်ပေးခဲ့တယ်လေ
နောက်ပြီးအချစ်စစ်ဆိုတာဘယ်လိုမျိုးဆိုတာကိုလဲသူ့ကြောင့်သိခွင့်ရခဲ့တယ်။အချို့သောမိန်းကလေးတွေနဲ့တွေ့
ချိန်မှာဖြစ်တတ်ခဲ့ဖူးတဲ့
ရင်ခုန်သံတွေမြန်နေတာ စကားလုံးတွေဆွံအနေတာ ရင်ခွင်တစ်ခုလုံးဗလောင်ဆူနေတာ
တွေကို အချစ်စစ်လို့ထင်ခဲ့သမျှသူနဲ့တွေ့ချိန်မှာ
အယူအဆတွေမှားခဲ့မှန်းကျွန်တော်သိခဲ့ရတယ်။တကယ်တော့
ချစ်စစ်ဆိုတာ
သံစဉ်မပါ ပါဘူး အရမ်းကြီးတိတ်ဆိတ်နေတာမျိုးလဲမဟုတ်သလို အရမ်းကြီးလဲနူးညံမနေပါဘူး
တလှပ်လှပ်နဲ့
ရင်ထဲမှာ ကာရံမညီတဲ့ကဗျာတစ်ပုဒ်ကို ကာရံညှိနေရသလိုပါပဲ ဝုန်းဒိုင်းကြဲနေတဲ့ ရင်ဘတ်ထဲကို
အပ်ဖျားလေးနဲ့
တဆတ်ဆတ်ထိုးဆွနေခဲ့သလို ကျဉ်တင်တင်ခံစားမူကိုဖြစ်ပေါ်လာပြီး ကြည်လင်တဲ့ ရင်ထဲကို
လှိုက်ဖိုယစ်မူးစေတဲ့
ပျော်ရွှင်မူတွေကိုအလုံးအရင်းနဲ့ဝင်ရောက်လာချိန်ပေါ့။ ဘယ်ဖက်ရင်အုံနေရာလေးမှာ
ရှိန်းတိန်းတိန်းအရသာလေးနဲ့အတူ
တငွေ့ငွေ့ပူနွေးလာစေတယ်။ဟုတ်တယ် ဒါဆိုရင် သူ့ကိုတကယ်ချစ်နေ
လို့ပဲပေါ့။
ဒါကြောင့်ကိုယ်ချစ်မိနေပြီလို့ထင်ထားတဲ့ သူနဲ့တွေ့ချိန်မှာ ညိမ့်ညိမ့်လေးနဲ့ ရင်ခုန်သံတွေ
ပြေးလွှား
နေမယ် တလှိုက်လှိုက်နဲ့ ရင်ဖိုစေပြီး စိတ်ထဲမှာ ပျော်ရွှင်မူဆိုတဲ့အရာတွေဟာ
စီးဆင်းလာပြီလို့ဆိုရင်တော့
ကိုယ်ဟာသူ့ကိုအချစ်စစ်နဲ့
ချစ်နေမိပြီလေ။ ဒါကြောင့်ကျွန်တော်ရဲရဲကြီးအာမ ခံလိုက်တာပါ့
ပျော်ရွှင်ခြင်းရဲ့အထက်မှာ
ဘာမှမရှိဘူးလို့