2
ခဲရာခဲဆစ်ကျွန်တော့်အဖြစ် (သို့) မှတ်သားဖွယ်ရာစကားလိမ္မာ
Posted by ဖြိုးဇာနည်
on
Tuesday, December 04, 2012
in
စေတနာနဲ့ပါ
ကျွန်တော်စာမရေးချင်တာမဟုတ်ပါဘူးစာရေးဖြစ်ပါတယ် မတင်ဖြစ်တာလဲမဟုတ်ပါဘူး တင်လို့မရတာပါ
တရုတ်ကွန်နက်ရှင်ရဲ့ မညှာမတာ ထိုးနှက်မူတွေကြောင့် blogspot ကိုလဲပိတ်ထားတယ်။ proxy ကို
ကျော်ဝင်တဲ့ Software တွေကိုလဲတစ်ခုမကျန်ဘန်းထားပါတယ် အဲ့လိုဖြစ်နေတာကြောင့်ပါ။အခုတောင်
ဘယ်လိုကဘယ်လို မျက်စိလည်သွားပြီး ဆော့ဝဲတစ်ခုကပွင့်သွားတယ်မသိဘူး blogspot ကိုဖွင့်လို့
ရနေတယ်။ဟိုနေ့ကလဲတစ်ခါ အခုလိုပွင့်လာပါသေးတယ်ဝမ်းသာအားရနဲ့posတင်မယ်ကြံကာရှိသေးတယ်
ပြန်ကျသွားပါရော :( အခုတော့ရေးထားပြီးသားလဲအဆင်သင့်ရှိတော့အချိန်မဆိုင်းပဲအမိအရတင်လိုက်
တယ် :P အေးရော :D ခဲရာခဲဆစ်တင်ရတာဆိုတော့ အရင်ကလိုအချစ်အကြောင်းတွေထက်စာရင်
တန်ဖိုးရှိတဲ့စာလေးတွေကိုပဲတင် ချင်တော့ပါတယ် ဒါကြောင့် ရေးသာရေးဖြစ်ပြီးမတင်ဖြစ်ပဲရှိနေတဲ့ post
ပေါင်းများစွာထဲကမှ အခုလို အရမ်း တန်ဖိုးရှိတဲ့ post လေးတစ်ခုကို ရွေးချယ်ပြီးသူငယ်ချင်းတွေအားလုံး
အတွက် ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။
စကားပြောနည်း
၁ ။ အလောတကြီးကိစ္စ = ဖြည်းဖြည်းပြောပါ။
၂ ။ အရေးတကြီးကိစ္စ = ရှင်းရှင်းလင်းလင်းပြောပါ။
၃ ။ အရေးမကြီးသည့်ကိစ္စ = ဟာသနှော၍ပြောပါ။
၎ ။ မပိုင်နိုင်သောကိစ္စ = ဆင်ဆင်ခြင်ခြင်ပြောပါ။
၅ ။ ပျော်ရွှင်ဖွယ်ကိစ္စ = ကာလံဒေသံလိုက်၍ပြောပါ။
၆ ။ မပျော်ရွှင်ဖွယ်ကိစ္စ = ပြောသင့်သူမှပြောပါ။
ရ ။ ဝမ်းနည်းဖွယ်ကိစ္စ = လူတွေ့တိုင်းမပြောပါနှင့်။
၈ ။ သူတစ်ပါးကိစ္စ = သတိထားပြီးပြောပါ။
၉ ။ မဖြစ်ပျက်သေးသည့်ကိစ္စ = လက်လွတ်စပယ်မပြောပါနှင့်။
၁၀။ မလုပ်နိုင်သောကိစ္စ = ကြွားဝါမပြောပါနဲ့။
၁၁။ သူတပါးထိခိုက်မည့်ကိစ္စ = လုံးဝမပြောရ။
၁၂။ လင်မယားကိစ္စ = တိုင်ပင်ဆွေးနွေးပြောပါ။
၁၃။ ကလေးများကိစ္စ = လမ်းကြောင်းညွှန်၍ပြောပါ။
၁၄။ မိမိကိစ္စ = သူများပြောတာနားထောင်ပါ။
၁၅။ သက်ကြီးဝါကြီးနှင့်ပြောလျှင် = များများနားထောင်နည်းနည်းပြောပါ။
လုပ်ချင်တာကိုလုပ်ခွင့်မရခြင်းကလဲဒုက္ခမည်၏ဆိုတာကိုကောင်းစွာသဘောပေါက်နားလည်နေသော
ဖြိုးဇာနည့်ည့၁၁နာရီ ၁၉တိတိ