1

"အဆိပ်တတ် အိမ်မက်"

Posted by ဖြိုးဇာနည် on Saturday, April 18, 2009 in
တတိယမြောက် တစ်ကိုယ်တော် အခွေထွက်တော့မယ့် Rဇာနည်

တစ်ကိုယ်တော်ခွေ မကြာမီ ထွက်ရှိတော့မှာ ဖြစ်တဲ့ အဆိုတော် Rဇာနည်နဲ့ တွေ့ဆုံခိုက် မေးမြန်း ဖြစ်ခဲ့တယ်ဆိုတဲ့စာစောင်လေး
ကိုဒီနေ့ပဲဖတ်မိခဲ့ပါတယ်။ဒါကြောင့်သယ်ရင်းတို့ကိုရှယ်ယာပြန်ပြီးလုပ်ပေးလိုက်ပါတယ်။




Q:အစ်ကိုရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ် အသစ် အမည်လေး သိပါရစေ။


Ans:ကျွန်တော်ရဲ့ တစ်ကိုယ်တော် အခွေသစ် နာမည်က အဆိပ်တက် အိမ်မက် လို့ နာမည် ပေးထားပါတယ်။ ကျွန်တော်ရဲ့
တတိယ တစ်ကိုယ်တော် အခွေပါ။



Q:ဘယ်သူတွေ တီးပေးထားလဲ၊ တေးရေး တွေကရော ဘယ်သူတွေ ပါဦးမလဲ။


Ans:Iron Cross Band က တီးပေးထားပြီး PTL စတူဒီယိုမှာ အသံသွင်းထားပါတယ်။ တေးရေး ဆရာတွေ ကတော့ ကေအေတီ၊
အငဲ၊ R-ခိုင်၊ စောခူဆဲ၊ ဖိုးကာ၊ မောင်မောင်ဇော်လတ်၊ Dယံ- မင်းမော်ကွန်း၊ လင်းလင်း(Ns)၊ ကျွန်တော် ကိုယ်တိုင် ရေးထားတဲ့ သီချင်းတွေလဲပါတယ်။



Q:သီချင်းတွေက ဘာအမျိုးအစားတွေလဲ၊ ဘယ်တော့လောက် ထွက်မယ်လို့ မှန်းထားလဲ။


Ans:သီချင်း အားလုံးက ကော်ပီ အမျိုးအစားတွေ ချည်းပါပဲ။ ဖေဖော်ဝါရီလ လောက် ထွက်မယ်လို့ မှန်းထားပါတယ်။


Q:အခုဒီအခွေမှာ ပါတဲ့ တေးရေးတွေက အစ်ကို စိတ်ကြိုက် ရွေးချယ် ထားတာလား။


Ans:ဟုတ်ပါတယ်၊ ကျွန်တော် စိတ်ကြိုက်ပါပဲ။


Q:"အဆိပ်တက် အိပ်မက်" ဆိုတာ ဘယ်သူရေးတဲ့ သီချင်းလဲ။


Ans:အဲဒါက မင်းမော်ကွန်း ရေးထားတဲ့ သီချင်းလေးပါ။ ကျွန်တော် ကြိုက်လို့ စီးရီး title ပေးဖြစ်သွားတာပါ။


Q:အခု လောလောဆယ် ပြည်ပက ဘယ် Rcok သီချင်းတွေ နားထောင်ဖြစ်နေလဲ။


Ans:အင်း အခု လောလောဆယ်တော့ Nickelback, click five, Keane, Coldplay, ပြည်တွင်းမှာ ကျတော့ ကိုလေးဖြူ၊
မာရဇ္ဇ တို့ အခွေတွေ နားထောင် ဖြစ်ပါတယ်။



Q:အခု ကိုယ်ပိုင် Band တွေ ပေါ်လာတဲ့ အပေါ်မှာရော အစ်ကို ဘက်က ဘယ်လိုမြင်လဲ အစ်ကို အနေနဲ့ ကိုယ်ပိုင်
Band ဖွဲ့ချင်တဲ့ စိတ်ကူးရှိလား။


Ans:ကိုယ်ပိုင် Band တွေနဲ့ဆို လာကြတာ ကောင်းပါတယ်။ ကျွန်တော် ကတော့ ဒီအချိန်မှာ ကိုယ်ပိုင် Band ဖွဲ့ဖို့ စိတ်ကူး
တော့ မရှိတော့ပါဘူး။ ကျွန်တော် Band အားလုံးနဲ့ အဆင်ပြေပြေ ဆိုသွားချင်ပါတယ်။



လေးစားစွာဖြင့့်ဖြိုးဇာနည့်ည့၁၂း၁၅တိတိ

1 Comments


အသစ်ထွက်ဖြစ်ရင် နားထောင်ချင်ပါရဲ့

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.