5

အနာဂဏ်ကိုကြိုဆိုခြင်း

Posted by ဖြိုးဇာနည် on Tuesday, April 28, 2009 in

၁၉၈၈ခုနှစ်ရဲ့တစ်ခုသောမနက်ခင်းမှာကောင်လေးတစ်ယောက်လောကကြီးကိုငိုသံတွေနဲ့နှုတ်ဆက်ပြီး
ဝင်ရောက်လာခဲ့တယ်။သူ့ရဲ့ငိုသံတွေကိုအသာယာဆုံးသီချင်းတစ်ပုဒ်လိုနားဆင်နေသောလူသားနှစ်ဦး
လည်းသူ့ဘေးမှာရှိနေခဲ့တယ်လေ။

၁၉၉၀ခုနှစ်ရဲ့မနက်ဖြန်တွေတိုင်းမှာသူဟာ ဖေဖေ၊မေမေဆိုပြီးတီတီတာတာခေါ်ရင်းကမ္ဘာမြေကြီးပေါ်
မှာယိမ်းထိုးယိမ်းထိုးလမ်းလျှောက်ရနိုင်စေဖို့အတွက်မိဘဆိုတဲ့ဝေါဟာရကိုကောင်းကောင်းနားမလည်
သေးပေမဲ့ဖေဖေ၊မေမေတို့ရဲ့ဆုပ်ကိုင်ပြီးထူမပေးထားမဲ့လက်တစ်စုံကိုအလိုလားဆုံးဖြစ်မိခဲ့တယ်။

၁၉၉၂ခုနှစ်မှာတော့ ဖေဖေ မေမေ တို့ရဲ့စိတ်မကောင်းမှုတွေကျွန်တော့်ရဲ့ဝမ်းနည်းငိုကြွေးမှုတွေကိုအရင်း
တည်လို့မူကြိုဆိုတဲ့ကျောင်းကလေးဆီကိုကျွန်တော်ရောက်ခဲ့ရတယ်။သယ်ရင်းတွေဆိုတာကိုကျွန်တော်
တွေ့မြင်ခဲ့ရတယ်လေ။

၁၉၉၄ခုနှစ်မှာတော့ ကျွန်တော်ဟာ ကကြီး ခခွေး တွေပေကျံ နေတဲ့ကလေးလေးတစ်ယောက်ပေါ့။အင်္ဂျာီ
အဖြူကိုအနီဖြစ်အောင်လုပ်တတ်တဲ့ပညာမှာတော့တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ငပေ ကလေးတစ်
ယောက်အနေနဲ့ပေါ့။

၁၉၉၆မှာတော့မြန်မာ့ခရီးသွားနှစ်ကိုကြိုဆိုပါ၏ ဆိုတဲ့စာကြောင်းလေးကိုနေရာတိုင်းမှာတွေ့ရပြီးအဲဒီ
စာလေးတွေကို တေဇ၊ရွှေသွေး တွေနဲ့အတူအပြိုင်ဖတ်နိုင်ခဲ့တဲ့ကောင်လေးတစ်ယောက်ပေါ့။

၁၉၉၈မှာစာအရမ်းတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ခဲ့သလိုအရမ်းကမြင်းတဲ့ ကလေးတစ်ယောက်
အဖြစ်နဲ့လည်းနာမည်ရခဲ့တယ်လေ။မျက်ခုံးမွှေးနှစ်ခုကြားမှာအမာရွတ်ကလေးတစ်ခုကိုပိုင်ဆိုင်နိုင်ခဲ့တယ်။
ကျောင်းကစားပွဲခုံနဲ့အမှတ်တရပေါ့။

၂၀၀၀မှာတော့အုန်းဆီတွေရွှဲနေအောင်လိမ်းလို့သနပ်ခါးအဖွေးသားနဲ့လက်သည်းခြေသည်းမှန်မှန်ညှပ်
တတ်တဲ့ကောင်ငယ်လေးတစ်ယောက်ဖြစ်လာခဲ့တယ်။

၂၀၀၂ခုနှစ်မှာတော့အင်္ဂျာီအဖြူကိုဖုန်တစ်စက်တောင်အပေမခံတတ်တဲ့ဂျစ်ကန်ကန်ကောင်လေးတစ်
ယောက်ကျောင်းထဲမှာဂေါ်လီလိုလိမ့်နေခဲ့တယ်လေ။လ္ဘက်ရည်ဆိုတဲ့အရာသာထက်လ္ဘက်ရည်ဆိုင်က
ထိုင်ခုံတွေကိုပိုခင်တွယ်တတ်ခဲ့တဲ့အချိန်တွေပေါ့ ။

၂၀၀၄ခုနှစ်မှာတော့တစ်နှစ်ဆိုတဲ့တန်ဖိုးကိုမသိတစ်သိနဲ့တွေဝေနေတတ်တုန်းမှာပဲမန္တလေးအဆောင်ကို
မျက်စိသူငယ်နားသူငယ်နဲ့ရောက်ခဲ့ရတယ်။ကိုယ့်ကိုကိုယ်အထက်တန်းကျောင်းသားဆိုပြီးဘဝင်မြင့်နေ
တတ်တဲ့ကောင်လေးတစ်ယောက်အနေနဲ့ပေါ့။

၂၀၀၆ခုနှစ်ရောက်မှပဲ၁၀တန်းရဲ့အောင်မြင်မှုကိုချိုချိုမြိန်မြိန်ခံစားခဲ့ရတယ်။မိဘတွေမျက်နှာပွင့်ခဲ့တဲ့အ
ချိန်တွေပေါ့ ။ဂုဏ်ထူးပါတယ်ဆိုတဲ့အရသာဟာသူများတွေထက်သာပါလားဆိုတာကိုတွေးတောမိခဲ့ပါ
တယ်။အဲဒီနောက်တော့တက္ကသိုလ်နယ်မြေထဲမှာနားကြပ်ကြီးတကားကားနဲ့ပတ်လိမ့်နေခဲ့တဲ့အချိန်တွေ
ပေါ့

၂၀၀၈မှာတော့အတွေးအခေါ်တွေရင့်ကျက်ပြီးလူတွေကြားထဲမှာရုန်းကန်နေတတ်ခဲ့ပြီလေ ။ကျောင်းပြီး
ဖို့ ၂နှစ်ကျန်နေသေးပေမဲ့လုပ်ငန်းခွင်ထဲမှာကို့ရို့ကားယားနဲ့သူလိုကိုယ်လိုပြေးလွှားခဲ့တဲ့အချိန်တွေပဲပေါ့။
ကိုယ့်စေတနာကိုယ့်ဆီပြန်လာဆိုသလိုပဲ အများပို့သတဲ့မေတ္တာတွေကြောင့်ကျွန်တော်ဟာလောကကြီး
ထဲမှာအပြုံးတွေနဲ့ရပ်တည်ခွင့်ရခဲ့တယ်လေ့

၂၀၀၉ခုနှစ်မှာတော့မိဘကိုကူညီရင်းနဲ့လိမ္မာတဲ့သားတစ်ယောက်ဖြစ်အောင်ကြိုးစားနေခဲ့ပါတယ်။အချိန်
တွေကိုအကျိုးရှိစွာအသုံးချရင်းပညာကိုလဲဆုံးခန်းတိုင်စေပြင်ပလောကမှာလည်းနောက်ကျမှုမရှိစေရဆို
တဲ့စီမံကိန်းနဲ့မိဘတွေနဲ့အတူနေ့ရက်တွေကိုကုန်လွန်နေတဲ့အချိန်လေးတွေပေါ့ ။ စာကျက်မယ် Blog ရေး
မယ် DJ လုပ်မယ် အဲလောက်ပါပဲ ။ကျန်တဲ့ကဏ္ဍတွေမှာတော့ကျွန်တော်စိတ်ဝင်စားမှုမရှိသေးပါဘူး။
နဲနဲပါးပါးတော့အပျော်အပါး ရှိတာပေါ့လေ။အချစ်နဲ့ပက်သက်လို့ကတော့ ကျွန်တော့်အချစ်ဆုံးသူကို
လက်ညှိုးထိုးပြပါ့မယ် ဖေဖေ နဲ့ မေမေ ကလွဲလို့ကျန်တာ မရှိသေးတဲ့အချိန်ပေါ့။လက်ရှိအခြေအနေကို
ပြောပြတာပါ။ နောက်တော့ နောက်ပေါ့နော် ဟားဟား အာမ မခံဘူး ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အခုလတ်တလောမှာတော့ ဒီပုံစံအတိုင်းလေးနဲ့ပဲမနက်ဖြန်အနည်းငယ်ကိုကျွန်တော်ကြိုဆိုနေဆဲပါပဲ။
ဘယ်အချိန်မှာဘာတွေပြောင်းလဲပစ်မယ်ဆိုပြီးတော့လဲ ကျွန်တော်ကြိုတင်မတွေးထားသေးပါဘူး။အခု
တွေးထားတာကတော့မနက်ဖြန်အနည်းငယ်လောက်ပဲတွေးထားတာမို့ ကျွန်တော်ဒီလောက်ပဲ ချရေး
လိုက်ရပါတယ်။အော့်ကျွန်တော်အနာဂဏ်ပျောက်နေတာတော့မဟုတ်ဖူးနော့်ကျွန်တော့်အနာ
ဂဏ်ကို ကျွန်တော်လက်ပိုက်ပြီးတော့ စောင့်ကြိုနေတာပါ။့



လူတွေထဲကလူတစ်ယောက်ပေမဲ့သူများတွေလိုမဟုတ်တဲ့ဖြိုးဇာနည့်ည့၁၁း၂၉တိတိ

5 Comments


ရေးတာလေးတွေက တိုတိုတုတ်တုတ်နဲ့ ထိထိမိမိရှိတယ်.
အနှစ် နှစ်ဆယ်ကို စာတမျက်နာထဲနဲ့ ရအောင်ဖော်သွားတာကြိုက်တယ်။
အားကျလို့ ဏာလည်းရေးအုံးမယ်..ဟဲဟဲ..
(အနာဂတ် ..မဟုတ်ဘူးလား ..စတိုင်အသစ်ဆိုရင်တော့ sorry နော်)
...ခင်မင်သောအားဖြင့်..(မြစ်ကျိုးအင်း)


ရေသားမှုကောင်းတယ် ညီလေး သယ်ရင်း ဖြိုးဇာနည်။
အသက် ၂၁ပဲရှိသေးတာ ဖေနဲ့မေ ကိုပဲ ဂရုစိုက်ပါ။
နောက်တော့ ဖြစ်လာမှာပါ။

"ကျန်တဲ့ကဏ္ဍတွေမှာတော့ကျွန်တော်စိတ်ဝင်စားမှုမရှိသေးပါဘူး။
နဲနဲပါးပါးတော့အပျော်အပါး ရှိတာပေါ့လေ" ယောက်ကျားလေးပဲကွာ ဒီလောက်တော့ ရှိမှာပေါ့။ အားပေးတာမဟုတ်ဘူးနော်။ လက်ခံပေးတာ။

ခင်တဲ့
Ree Noe


မင်္ဂလာနံနက်ခင်းပါနော်။ လာလည်ပါတယ်..အပြင်မှာတွေ့မှမဟုတ်ပါဘူး အခုလည်းလာရောက်ပြုံးပြနှုတ်ဆက်တယ်နော်။ ၈၈ဆိုတော့ မောင်လေးပေါ့...ဟိဟိပျော်ရွှင်ပါစေနော်။


ဖြိုးလေးရေ..
အစ်မ မောင်အငယ်ဆုံးလေးနဲ့ ကိုဖြိုးနဲ့က အသက်ရွယ်တူပဲ
ကိုဖြိုးအပါအ၀င် ဘလော့ခ်ဂါတွေ အကုန်လုံးကို အစ်မက လေးစားပါတယ် နောက်ပြီး အကုန်လုံးကိုလည်း အပြင်မှာ တွေ့ချင်ပါတယ်။

အစ်မ လက်နာနေလို့လေ မောင်လေးရယ် အကုန်လုံး ရေးလို့မရဘူးဖြစ်နေလို့နော်..စိတ်မဆိုးပါနဲ့.

ရှေ့လျောက် မိဘတွေကို စိတ်ချမ်းသာ ကိုယ်ကျမ်းမာအောင် ထားနိုင်ပါစေ..


ညီကိုမွေးတဲ့အချိန်က အကို၎တန်းရောက်လို့ဆိုးကောင်းတဲ့အချိန်ဖြစ်နေပီး
အနာဂတ်လေးလှပြီးမိဘကိုလုပ်ကျွေးပြုစုနိုင်တဲ့သားကောင်းဖြစ်ပါစေလို့
ညီလိုခင်တွယ်မိတဲ့ကိုဖြိုးကိုဆုတောင်းပေးပါတယ်
ချစ်ခင်တဲ့
အကိုဖိုးစိန်

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.