10

ခေါင်းခါတတ်တဲ့ကောင်လေး

Posted by ဖြိုးဇာနည် on Wednesday, April 29, 2009 in
ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲကတော့ယူချင်တာမှအသည်းကိုယားနေတာပဲ။မေမေ့မျက်နှာကလဲငါ့သားလေးနှစ်ခါမ
သင်ရဘူးဆိုပြီးပြုံးနေတာပဲ။ဟုတ်တယ်လေကျွန်တော်ကလဲအဲဒီတုန်းကမေမေ့စကားကိုနားထောင်ရ
မယ်ဆိုတာကလွဲပြီးဘာမှ မတွေးတတ်သေးဘူးလေ။သူများပေးတိုင်းမယူရဘူးဆိုတဲ့ စကားကိုမြေဝယ်
မကျပေါ့။မေမေကပြောမှ သားရယ့်အန်တီကသားကိုစားစေချင်လို့ပေးနေတာ ယူလိုက်လေဆိုမှ ကျွန်
တော်ပြုံးပြီး ကျွန်တော့်လက်သေးသေးလေးလက်နှစ်ဖက်နဲ့ကို ခံလိုက်ပါတယ်။လက်ထဲမှာသပျစ်သီး
တွေအပြည့်ရောက်လိုလာတယ်လေ့။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲမှာတကယ်ကိုယူချင်စိတ်မရှိတာပါ။ကျောင်းကပေးတဲ့ပညာရည်တိုးတတ်မှု မှတ်တမ်း
စာရွက်ကလေးမှာ ကျွန်တော့်နေရာက အဆင့်နှစ်တဲ့။မေမေ့ကိုပေးထားတဲ့ဂတိကိုမတည်သလိုဖြစ်သလို
ဖြစ်သွားပြီလေ။သူများပေးတိုင်းမယူရဘူးဆိုတဲ့မေမေ့စကားကိုဒီနေမှာပါနားထောင်လို့ရရင်သိပ်ကောင်း
မှာပဲ။စိတ်ထဲမှာ ဝမ်းနည်းမှုတွေအပြည့်နဲ့ ဆရာမကမ်းပေးလာတဲ့ စာရွက်ကလေးကိုယူခဲ့ဖူးတယ့်။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲကတော့ယူချင်တာမှအသည်းကိုယားနေတာပဲ။စက်ဘီးလေးတစ်စီးလေ့ဖေဖေ့ရဲ့တ
ပည့်တစ်ယောက်ကကျေးဇူးတင်လွန်းလို့ဆိုပြီးမုန့်တွေနဲ့အတူ ကျွန်တော့်အတွက် စက်ဘီး ကလေးတစ်
စီး လက်ဆောင်ဝယ်လာပေးခဲ့တုန်းကပေါ့။ဖေဖေတို့ကတော့မယူဘူးလို့ ငြင်းနေကြတယ်လေ့ကျွန်
တော်ကတော့ မယူဘူးငြင်းနေပေမဲ့ စက်ဘီးအဟောင်းလေးထက်အပုံကြီးလှနေတဲ့ ဒီစက်ဘီးအသစ်က
လေးကိုခိုးခိုးကြည့်နေမိတယ့်။နောက်ဆုံးတော့ကျွန်တော်ဟာရပ်ကွက်ထဲမှာစက်ဘီးအသစ်ကလေး
တစ်စီးနဲ့ပေါ့။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲမှာတကယ်ကိုယူချင်စိတ်မရှိတာပါ။ကျွန်တော် ၁၀ တန်းအဆောင်နေရအောင်ဆိုပြီး
မန္တလေးမှာသွားတတ် ဖို့အတွက် အဆောင်ခကြိုတင်ငွေပေးချေတဲ့ ဘောက်ချာနဲ့ ကားလက်မှတ်ကလေး
တစ်စောင်ပေါ့ ။သူများပေးတိုင်းမယူရဘူးဆိုတဲ့မေမေ့စကားမှာ မေမေပေးတိုင်းလဲမယူရဘူးဆိုတာများပါ
ရင်သိပ်ကောင်းမှာပဲလို့တွေးမိပါသေးတယ်။ အရည်တွေလဲ့နေတဲ့မျက်ဝန်းတွေနဲ့ပဲကျွန်တော် မေမေကမ်း
ပေးလာတဲ့ စာရွက်ကလေးနှစ်ရွက်ကို ရိုရိုသေသေ လက်ခံ ခဲ့ရဖူးတယ့်။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲကတော့ယူချင်တာမှအသည်းကိုယားနေတာပဲ။သယ်ရင်းကောင်မလေးတစ်ယောက်
နေ့စဉ်နေ့တိုင်း ပေးတဲ့ အသဲပုံ ချောကလက် ကလေးကို ကျွန်တော်အရေးမကြီးဘူးထင်ပြီး ၄ ရက်တိတိ
မေမေ့ကိုအသိမပေးပဲနဲ့ယူခဲ့ဖူးတယ်။အဲဒီအကြောင်းကိုမေမေသိသွားတော့ အသည်းပုံ ချောကလက်
၃ဗူး ဝယ်လာပြီးမနက်ဖြန်ကစပြီးသူပေးတာမယူ နဲ့တဲ့။ဒါတွေကိုကြိုက်သလောက်စားတဲ့။သူပေးတာကို
ဆက်ပြီးယူနေအုံးမယ်ဆိုရင် မေမေ့အဆိုးမဆိုနဲ့နော်တဲ့။အဲဒီလိုနဲ့ပဲ ကျွန်တော် သယ်ရင်းကောင်မလေး
ပေးလာတဲ့ အသဲပုံ ချောကလက်ကလေးတစ်ခုကို မေမေ မသိအောင် နောက်ဆုံးအကြိမ်အဖြစ်တိတ်
တိတ်လေး နဲ့တစ်ခါ ထပ်လက်ခံမိခဲ့သေးတယ့်။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲမှာတကယ်ကိုယူချင်စိတ်မရှိတာပါ။ပါတီပွဲတစ်ခုမှာပေါ့ လုပ်ငန်းရှင်အချင်းချင်းတွေ့ဆုံ
ပွဲ မှာ ပါတနာတွေ ကမ်းပေးလာတဲ့ ဝိုင် တစ်ခွက်ကို ဖေဖေနဲ့မေမေ ခွင့်လွှတ်နိုင်ပါစေလို့ တောင်းပန်ရင်း
မြိုချခဲ့ရတယ်။အိမ်အပြန်လမ်းမှာတော့ လည်ထွက်နေတဲ့လောကကြီးကိုအံတုလို့ ပီကေ တစ်တောင့်ကို
တစ်ပြိုင်ထဲ ဝါးစားရင်း ယိုင်နဲ့နဲခြေထောက်တွေကို ဟန်ဆောင်ထိန်းရင်း ရစ်သစ်သစ်အတွေးတချို့နဲ့အိမ်
ပြန်ရောက်ခဲ့ဖူးတယ့်။

ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီ
လေ့
စိတ်ထဲကတော့ယူချင်တာမှအသည်းကိုယားနေတာပဲ။ခေါင်းကိုတွင်တွင်ခါရမ်းပြီး ငြင်းကြည့်
တယ် မရပါဘူး မယူလို့မှမရတော့တဲ့အခြေအနေမှာရောက်နေပြီလေ့
စိတ်ထဲမှာတကယ်ကိုယူချင်
စိတ်မရှိတာပါ
့ဆိုတဲ့ အကျင့်တွေကိုသွေဖယ်ရင်း ကျွန်တော်ကိုယ့် feelနဲ့ ကိုယ်လိမ့်နေခဲ့ဖူးတယ်။အဲ
တာကတော့ သား ရေ ညစောစော အိပ်နော်ဆိုတဲ့ မေမေ တို့ရဲ့ အမှာစကားနောက်မှာအခန်းတံခါးကို
Lock ချပြီး သန်းခေါင်ကျော်အထိ ကွန်ပျုတာရှေ့မှာအချိန်ကုန်နေတတ်ခဲ့တယ်။စိတ်ထဲမှာတော့ မေမေ
တို့ကိုတောင်းပန်နေမိပါတယ်။ဖေဖေ နဲ့ မေမေ တို့ရဲံ့စကားကို သား နားမထောင်တာမဟုတ်ပါဘူ့းသား
ချစ်တဲ့ သယ်ရင်းတွေအတွက် သား ဝါသနာပါတဲ့ ဒီ Blog ရေးချင်တဲ့ အကျင့်ကလေးကိုမစွှန့်လွှတ်နိုင်
သေးတာကြောင့် သား ကိုခွင့်လွှတ်ပေး ကြပါလို့ တိတ်တိတ်ကလေးတောင်းပန်ရင်းနဲ့ အခုလက်ရှိရေး
နေတဲ့ ဒီ Post လေးကို တိုးတိုးလျှလျှ လေးတောင်းပန်သံတွေကြားကနေတင်ဖြစ် အောင်တင်လိုက်မိ
ပါသေးတယ့်။


လေးစားစွာဖြင့့်ဖြိုးဇာနည့်ည့၁၂း၅၉တိတိ

10 Comments


ခေါင်းလေးခါခါ ခါခါနဲ့ ဖတ်သွားပါတယ်
စိတ်ထဲကတကယ်ကိုဖတ်ချင်အောင်ရေးထားတာကိုး


ညီလေး က Idea ကောင်းသာပဲ။
ကြံကြံဖန်ဖန် လည်းရေးတက်တယ်။
ဘာပဲပြောပြော အမေများနေ့ အမှတ်တရပေါ့။

ခင်တဲ့
Ree Noe


ကောင်းတယ်..အတွေးလေးတွေက
ရေးလဲရေးတက်တယ်နော်....


မင်္ဂလာနံနက်ခင်းပါ။ လာလည်ပါတယ်၊ ခေါင်းခါပြီးပြန်သွားတယ်နော်။ပျော်ရွှင်ပါစေကွာ။


ဒါကတော့ တားလို့မှမရပဲကိုး .. နော့ :P


လက်နာနေတယ်ဆို ဒီကွန်ပျူတာနားပဲ ပေစောင်ပေစောင်နဲ့ သွားသွားနေတယ် လက်ကိုက်တယ်ဆိုပြီး တချောက်ချောက်နဲ့ တော်တော့ဆိုပြီး မာန်မဲနေတဲ့ကြားက မမဆုမွန်ကတော့ အလုပ်သာ မလုပ်ရင်နေမယ် ဘလော့ခ်ကင်း လုပ်တာတော့ မပျက်ပဲ..ဟဟဟ
နောက်ဆုံးစာကြောင်းလေးကို ပြုံးပြီး ဖတ်သွားတယ်


ဖတ်သွားပါတယ် ဖြိုးဇာနည်ရေ...
မောင်လေးက အတွေးကောင်းကောင်းလေးနဲ့ ရေးတတ်တယ်...

အဆင်ပြေပါစေ.း)


လာဖတ်သွားပါတယ်
ကောင်းတယ်


ညီရေ... ခေါင်းခါငြင်းပေမဲ့ မယူမရတော့တဲ့ အခြေအနေ နောက်တစ်ခုများ ပါမလားလို့ ဖတ်ကြည့်နေတာ။ ဆုံးတာ ဆုံးသွားတယ် မပါဘူး။ နောက်ဆိုရင် ညီလဲ ခေါင်းခါလို့ မရတော့တဲ့ အခြေအနေ ထပ်တိုးလာဦးမယ် ထင်တယ်နော။ ဟဲ ဟဲ။
ပျော်ရွှင်လန်းဆန်းပါစေ ညီ။


bro yay like loon lo copy yu pa ya say naw

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.