6

ကဗျာဆန်တဲ့ ငရဲခန်း

Posted by ဖြိုးဇာနည် on Saturday, March 24, 2012 in

ငါပြန်ရောက်နေပြီ ဘယ်တော့မှ မဝင်တော့ဘူးလို့ဆုံးဖြတ်ပြီးသော့ခတ်ထားတဲ့ ငါ့အခန်းဟောင်းလေးဆီကို

လေ။ ဒီအခန်းလေးထဲမှာ ငါသိပ်ကြောက်တဲ့အရာတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာငါ့ကိုယ်ငါ သိနေပါရက်နဲ့

ငါ အရဲစွှန့်ပြီး ခဏတာပြန်လည်ခိုဝင်ကြည့်မိတာပါ ငါမိုက်ရူးရဲဆန်စွာနဲ့လေ့ဒီအခန်းထဲမှာတော့

ချောကလက်တစ်တောင့်

င်္အကျီတစ်ထည်

ဓါတ်ပုံတစ်ပုံ

ဖန်ခွက်တစ်ခွက်

ဂစ်တာတစ်လက် ရယ်ပါပဲ့

နောက်ပြီး

ငါရယ့် ငါနဲ့အတူပါလာတဲ့

အမြည်းတစ်ပွဲရယ် ဝိုင်တစ်ပုလင်းရယ့်


အသည်းခါးခါးကို အချဉ်ရည်ထဲစိမ်ပြီး မြည်းလိုက်တိုင်း ငါ့ရင်နာရတယ် (ငါ့အသည်းလဲ အက်စစ်တစ်စနဲ့အထိုး

ခံခဲ့ရဖူးတာကို ပြန်သတိရလိုက်တိုင်းပေါ့)



ငါ့အခန်းဒေါင့်က ပင့်ကူမျှင်တွေကို ၁၀မိနစ်တစ်ခါလောက် သတိထားပြီးကြည့်မိနေတယ် (ငါ့အသည်းပေါ်မှာ

ကဗျည်းထိုးထားတဲ့ နင့်နာမည်လေးမှာ ပင့်ကူမျှင်တွေထပ်ထပ်နဲ့ငြိတွယ်နေတာကို သတိရလိုက်တိုင်းပေါ့)



ဖုံ မသုတ်ဖြစ်တော့တဲ့ နင်ပေးထားတဲ့ ဂစ်တာလေးကို ငါလှမ်းလှမ်းကြည့်မိနေတယ် (ငါ့အသည်းဟာလဲ

အခုဆို ချောင်ထိုးထားတာကြာလို့ ဖုံတွေအလိမ်းလိမ်းတတ်နေလောက်ရော ဆိုတာကိုသတိရလိုက်တိုင်းပေါ့)



အရောင်မွဲနေတဲ့ နင့်ဓါတ်ပုံလေးကိုလဲ ငါတရှိုက်မက်မက်နဲ့ ကောက်ယူပြီးနမ်းမိနေတယ် (ငါ့အသည်းဟာလဲပူ

လောင်လွန်းလှတဲ့ ရင်ခွင်ထဲမှာ အရောင်မလက်နိုင်တော့တာကို သတိရလိုက်တိုင်းပေါ့)



နင်ပေးခဲ့ဖူးတဲ့ မှိုတတ်နေတဲ့ချောကလက်တစ်တောင့်ကိုလဲငါ ခပ်ဖွဖွဆိုရုံလေးကိုင်ကြည့်နေမိတယ် (ငါ့အသည်း

နှလုံး တည်ရှိရာ ဘယ်ဘက်ရင်အုံလေးဟာလဲ မှိုတတ်နေလောက်ရောဆိုတာကို သတိရလိုက်တိုင်းပေါ့)



နင့်အငွေ့အသက်တွေကြောင့်မလျှော်ရက်ပဲ ဖားဥဆွဲနေတဲ့ ဆင်တူင်္အကျီလေးကိုလဲ ငါပြန်ဝတ်ကြည့်နေမိတယ်

(နင်ပေးခဲ့ဖူးတဲ့ဒဏ်ရာတွေကို လျှော်မပစ်ရက်ပဲ ခံစားချိန်မိတိုင်း ပေါ်ထွက်လာတတ်တဲ့ ငါ့အသည်းကအမာရွတ်

တွေကို သတိရမိလိုက်တိုင်းပေါ့)




နင့်ဓါတ်ပုံပါတဲ့ ဖန်ခွက်ထဲက ရေခဲတုံးကလေးတွေကိုအရည်ပျော်သွားပါစေတော့လို့ညင်ညင်သာသာ ဆော့

ကစားလိုက်မိတယ် (ငါ့ပါးပေါ်ကပူနွေးလာတဲ့မျက်ရည်ကြောင်းကလေးတွေကို သတိထားမိလိုက်တိုင်းပေါ့)




နောက့်



ချဉ်စုတ်စုတ် ဝိုင်တစ်ခွက်ကိုလဲ မျက်စိမှိတ်အံကြိတ်လို့ မေါ့သောက်ချပစ်လိုက်တယ် (ငါ့အသည်းဆီက မကြာ

ခဏ လွင့်ပျံတတ်လာတတ်တဲ့ ချဉ်စုတ်စုတ် ပုပ်အက်အက် အနံအသက်တွေကို ရှူရှိုက်မိလိုက်တိုင်းပေါ့)


ကြိုးစားပါအုံးမည့်ဖြိုးဇာနည်


6 Comments


စိတ်ကူးဆန်းလေးပဲ
ဖတ်ရတာအရသာတမျိုးရှိတယ်..အားပေးနေမယ်နော်


ကိုဖြိုးရေ...
ချောကလက်တစ်တောင့်
အင်္ကျီ တစ်ထည်
ဓါတ်ပုံတစ်ပုံ
ဖန်ခွက်တစ်ခွက်
ဂစ်တာတစ်လက် ...
စတာတွေကို အလစ်သုတ်လိုက်ပါပြီ ဖြစ်ကြောင်း...
ထော်ဦး


အကျီင်္လေးတော့ ရှိတယ်
ချောကလက်တော့ ရှိတော့ဝူး
ပေးတဲ့နေ့ကလည်းက ကိုက်ခွဲလိုက်တာ ကုန်ရော


အင်း ..... ကလေးတွေများ ချစ်တတ်လိုက်ကြတာ နော် ....


ဖြိုးဇာနည်ရေ..


အမတော်ရောက်ခဲ့တယ်။ ဖတ်လိုက်ရတဲ့စာတွေထက် ဓါတ်ပုံက ဂီတာလေးကို ပိုစိတ်ဝင်စားသွားတယ်။ ဂီတာတစ်လက် ကော်ဖီတစ်ခွက်နဲ့ နေညိုရင် ဒဏ်ရာပိုစိုမိတယ်။
ပြန်ဆက်ထားပေးတာနော်..


ခင်မင်တဲ့
မကြီးလွမ်း


အရေးအသားလေးတွေက အားကျစရာ...
လာလည်အားပေးသွားတယ် ဇာနည်ရေ..
ခင်မင်တဲ့ မိုး

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.