3

ခင်ဗျားတို့ခေါ်တဲ့ ကျုပ်

Posted by ဖြိုးဇာနည် on Tuesday, March 27, 2012 in

ကျုပ်နာမည် ဘဦး ရယ်ပါ။ငယ်ငယ်က ကျောင်းမှာတော့ ဦးဘ လို့အခေါ်ခံရရင် အရမ်းစိတ်ဆိုးတာရယ့်

အဟုတ်လေ ကျုပ်လိုကလေးကို ဦးဘ လို့ဦးတပ်ခေါ်တာ ဘယ်သူကခံချင်မှာတဲ့တုန်း အခုတော့ ကျုပ်က ဦးဘ

ဖြစ်နေပါပြီ ကျုပ်အသက်ကလေးလဲရနေပြီလေ ကျုပ်အသက်ကအခုဆို ၅၀ တောင်စွန်းနေရော့အဲ့ကျုပ်

အခုမှသတိရတယ့့်ကျုပ်ကောလိပ်တတ်တုန်းကတော့ ကျုပ်နာမည်ဦးဘ မဟုတ်ဖူးရယ့်ဘဦးငမူး တဲ့

ဟက်ဟက် ကျုပ်ကိုအဲ့လိုခေါ်ရင် ကျုပ်သိပ်ကြိုက်တာရယ့်ကျုပ်အရက်သောက်လို့ ငမူးလို့အခေါ်ခံရတာ

မဟုတ်ဖူးရယ့့်ကျုပ်ကကျောင်းမှာ အတန်းခေါင်းဆောင်လုပ်ရတာရယ် အဲ့တော့ ငွေကိုင်ပေါ့ အများအကျိုး

ဆောင်ပေးရတယ်လေ့တခါက ငါးမူး ပိုနေတာကို ကျူပ်တို့ သူငယ်ချင်းတစု ဗူးသီးကြော်ဝယ်စားလိုက်ကြတာ

ကို ပါမောက္ခကြီး သိသွားတော့ မြက်ပေါက်လိုက်ရပါရောလာ့း့အဲ့ကနေစပြီးကျုပ်နာမည်က ကျောင်းမှာ ဦးဘ

လို့ခေါ်ခံနေရတာကနေ ဘဦးငါးမူး ဆိုပြီးပြောင်းခေါ်ခံရတော့တာ နောက်တော့ ခေါ်ရင်းခေါ်ရင်းနဲ့ ဘဦးငမူး တဲ့

အဟေးဟေး အဲ့လိုများခေါ်လို့ကတော့ ကျုပ် လွှတ်သဘောကျပြီး တပြုံးပြုံး နဲ့ပါးစပ်မပိတ်နိုင်တာ့ဦးဘဆိုတဲ့

နာမည်ကိုကျုပ်ပြောင်းနိုင်ခဲ့လို့လေ့



ကျုပ်ကအခုရပ်ကွက်ထဲမှာလူကြီးဖြစ်နေပြီ ဘာတဲ့ ဂေါပကလူကြီးတဲ့ ကျူပ်မလုပ်ချင်တဲ့ အလုပ်ကိုကျုပ်လုပ်နေ

ရပြန်ပြီ ကျုပ်ဒီနေရာကိုနဲနဲမှသဘောကျတာမဟုတ်ဖူးရယ့်အရပ်ကဝိုင်းခန့်လို့သာ ကျုပ်အလိုလိုနေရင်း လူ

ကြီးနေရာရောက်နေရတာ့အရင်ကဆိုကျုပ်က လူကြီးတွေနဲ့မပေါင်းဘူးရယ့်ကျုပ်ပေါင်းတာ ကျုပ်ထက်ငယ်

တဲ့လူတွေနဲ့ချည်းပဲကျုပ်ကိုယ်ကျုပ်လဲအသက်ကြီးပြီလို့တစ်ခါမှမတွေးမိပေါင် ကျုပ်ရပ်ကွက်ထဲကိုထွက်လိုက်ရင်

ဆိုက်ကားဂိတ်ကို အရင်ဆုံးသွားနေကျရယ့်ဟိုမှာက ကျားဝိုင်းရှိတယ်လေ ကျုပ်က ကျားထိုးရတာကို လွှတ်

ကြိုက်တာရယ် ခေတ်ကာလကလေးတွေကလဲခက်ပါတယ် ကျုပ်နဲ့ ကျားထိုးချင်တဲ့ သူတွေကလဲခပ်ရှားရှားရယ်

ဘာတဲ့ ကျုပ်ကအငြင်းသန်တယ်တဲ့ကျုပ်မနိုင်နိုင်အောင် ထိုးတတ်တာကလွဲရင် သူတို့တွေကိုကျုပ်တစ်ခါမှ

အနိုင်မကျင့်ခဲ့ဖူးပေါင် ဒါကိုများ ကျုပ်ကို ဒင်းတို့က ဂွစာကြီးတဲ့ ကျုပ်အဲ့တာမခံချင်ဆုံးပဲ ကျုပ်ကလဲကျုပ်ပဲလေ

အဲ့လိုများခေါ်လို့ကတော့ သိပ်စိတ်ဆိုးတာရယ့့်ကျုပ်ကမခေါ်နဲ့လို့ပြောရင် ပိုခေါ်ကြအုံးမှာ ကျုပ်သိတာပေါ့

ကျုပ်ငယ်ငယ်ကလဲ ကျောင်းမှာမခေါ်နဲ့ဆိုရင်ပိုခေါ်ကြတာပဲလေ ဒါကြောင့် ကျုပ်မသိချင်ယောင်ဆောင်ပေးနေ

လိုက်တော့ပိုဆိုးလာတယ် ဒင်းတို့ကကျုပ်ကိုချည်ပြီးတုပ်ပြီး အသံဗလုံးဗထွေးနဲ့ခေါ်ကြတယ် ကျုပ်ကို ဦးဂွ တဲ့

့အဲ့လိုနဲ့ပဲ ကျုပ်နာမည် ဦးဘ ကနေ ဦးဂွဆိုပြီး အရပ်ထဲမှာသွင်သွားပြန်တယ်လေ့အပြစ်လဲပြောမရဘူး

ဖြစ်နေတယ် ကျုပ်နာမည် ဦးဘ လို့ပဲခေါ်သလိုလို ဦးဂွ လို့ပဲခေါ်သလိုလိုနဲ့ ရောချကြပြီး ဦးဂွ ဦးဂွ လုပ်နေကြ

လေရဲ့။



နောက်တော့ ဒင်းတို့လက်ချက်ပဲနေမှာ ဒင်းတို့ကျားဝိုင်းနားမလာနိုင်အောင် ကျုပ်ကို ဝိုင်းပြီးမဲပေးကြတော့ ကျုပ်

ဂေါပကနေရာရောက်သွားပြန်ရော ခက်ပလား ကျုပ်ရာထူးလေးလဲရတော့ ကျုပ်ကိုယ့်သိက္ခာကိုယ်ထိန်းရတော့

တာပေါ့။ကျုပ် ဆိုက်ကားဂိတ်သိပ်မသွားဖြစ်တော့ဘူးရယ့်ဒါနဲ့ပဲ ကျုပ် ရပ်ရေးရွာရေး လုပ်ဖြစ်ပါရောလာ့း

အဲ့လိုဆိုကျပြန်တော့လဲ ကျုပ်သဘောကျရပြန်တယ့့်ကျုပ်ကိုဦးဂွ လို့မခေါ်ကြတော့ဘူးလေ ဘာတဲ့ ဂေါပက

ကြီးတဲ့ အဟေးဟေး ကျုပ်လွှတ်သဘောကျရပြန်ပါရော့ဒါနဲ့ပဲ ကျုပ်နာမည်ထပ်မဖျက်ကြရလေအောင် ကျုပ်

ထိန်းပြီးနေတော့တယ့်



မကြာပါဘူး ကျုပ်တို့ရပ်ကွက်ထဲက လူငယ်ကာလသားတွေဖဲဝိုင်းခိုးထောင်နေတယ်ကြားတာနဲ့ ကျုပ်တို့အရပ်

လူကြီးတွေစုပြီး ဝိုင်းဖမ်းကြတာပေါ့ အဲ့မှာမိတာမှ ၈ယောက်တောင်ရယ့်ကျုပ်ခမျှာ ဂုဏ်တတ်ရပြန်တယ်လေ

နောက်တော့ ကျုပ်ဂုဏ်ထပ်တတ်ချင်တာနဲ့ အဲ့လိုအကွက်တွေချောင်းပြီး ဖမ်းမယ်ဆိုတဲ့အကြံ ခေါင်းထဲဝင်လာ

တယ်။နောက်ကျုပ်ဘာလုပ်တယ်မှတ်လဲ လူငယ်ကာလသားတွေ စုစုရုံးရုံး မတွေ့လိုက်နဲ့ ကျုပ်သူတို့နားတန်း

ပြီးတော့ သွားချောင်းတော့တာရယ့်ဘာများမဟုတ်တာလုပ်နေလဲဆိုပြီးတော့လေ့ဒင်းတို့ကလဲ နပ်တယ်

ကျုပ်များသူတို့နားရောက်သွားရင် ကြွေ ပစ်နေတာပဲဖြစ်ဖြစ် ဖဲရိုက်နေတာပဲဖြစ်ဖြစ် တန်း ဖွက်တော့တာရယ့်

ပြီးရင် ဟိုအကြောင်းပြောသလို ဒီအကြောင်းပြောသလိုနဲ့ လုပ်နေကြပြီး ကျုပ်လဲသွားရော ကြွေပြန်ပစ်ကြရော့

ကျုပ်များအတယ်များထင်နေလားမသိဘူး ကျုပ်သူတို့ကြွေပစ်နေတဲ့အသံကို ကြားနေရတယ်လေ့

ဒါနဲ့ကျုပ်မရ ရအောင်ဖမ်းပြလိုက်တယ့်အဟတ်ဟတ် ကျုပ်ရပ်ကွက်ထဲမှာ နာမည်ရပုံများလေ့ရဲအုပ်က

လေးကလဲ ကျုပ်ကို လေးစားသဗျ လမ်းမှာတွေ့တိုင်း ဂေါပက ကြီး ဂေါပကကြီးနဲ့နေတာပဲ့



အဲ့မှာစတာပဲဗျ့ကျုပ်က ကိုယ့်ရပ်ကွက်လေးကောင်းစေချင်လို့လုပ်ပါတယ် ရပ်ကွက်ထဲက ကျုပ်ဖမ်းပေးခဲ့တဲ့

ကာလသားတွေရဲ့ မိဘတွေက ကျုပ်ကိုအမြင်မကြည်ကြတော့ဘူး သူတို့သားသမီးတွေကို ကျုပ်ကနာမည်ပျက်

ရှိအောင်လုပ်လို့တဲ့လေ ကြည့်စမ်းပါအုံး ကျုပ်စေတနာကိုနားမလည်လိုက်ကြပုံမျာ့း့အဲ့ကနေစပြီးတော့ ဒီနေ့

အထိပဲဆိုပါတော့ ကျုပ်ဘဝ ကံအတိုင်းပါပဲ ကျုပ်နာမည်က ပြန်အဖျက်ခံရပြန်တယ့့်အခုကျုပ်ကို ရပ်ကွက်

ထဲမှာတီးတိုးတီးတိုး နဲ့ နာမည် ဖျက်ခေါ်နေကြရာကနေ ပေါ်တင်တောင်ခေါ်နေကြပြန်ပြီ့ကျုပ်ပြန်စွတ်ဆွဲလို့

ကလဲ ဟုတ်သလိုမဟုတ်သလိုနဲ့ သူတို့ထုံးစံအတိုင်းဗလုံးဗထွေးခေါ်နေကြတာဆိုတော့ အခက်ရယ့်

ဘာတဲ့ ကျုပ်ကိုများ ဂေါပဂွ ကြီးတဲ့ကျုပ်ရယ်လေ စိတ်ဆိုတာမှအရမ်းပဲ့

ကျုပ်အခုဆိုဂေါပကလဲမလုပ်ချင်တော့တာရယ့်ကျုပ့်ကျုပ့်စိတ်ညစ်တယ်တကယ်ပဲ။။။။။။။။။။။။။။။။။။



ဘာတဲ့ ကျုပ်ကိုများ ဂေါပဂွကြီးတဲ့ တော်ပြီကျုပ် ဂေါပကလဲမလုပ်တော့ဘူး ကျုပ်ဟာကျုပ် ဘဘုန်းကြီးနားမှာပဲ

ဘုရားတည် ကျောင်းဆောက်လုပ်ပြီး ဘုရားဒကာ ပဲသွားလုပ်တော့မယ်။အဟတ်ဟတ် သိပ်တော်တဲ့ကျုပ်ပဲ့

ဒီနာမည်ကိုတော့ ကျုပ်သဘောကျတယ် ကျောင်းဒကာကြီးတဲ့အဟေးဟေး ကုသိုလ်လဲရ နာမည်လဲမပျက်

တော့ဘူ့းသိပ်ကိုအကြံပိုင်တဲ့ ကျုပ်ပါလား ဟုတ်တယ် နောင်ဘဝအတွက်လဲစိတ်အေးရလေအောင် ကျုပ်ခုပဲ

ဘဘုန်းကြီးနား ကျောင်းဆောက်ဖို့ သွားလျှောက်လိုက်တော့မယ်။ဒါမှကျုပ်လဲစိတ်ချမ်းသာရတော့မှာ ဒီကြားထဲ

ကျုပ်နာမည်ကိုထပ်ဖျက်လို့ကတော့ ကျုပ်နဲ့ ဒင်းတို့နဲ့ အတွေ့ပဲ့ကျုပ်ဒေါသ ကိုကျုပ်အသိဆုံးရယ် ဟင်းဟင်း



ကျုပ်တွေးနေရင်းလျှောက်လာလိုက်တာ ဘုန်းကြီးကျောင်းကိုဘယ်လိုရောက်လာမှန်းတောင်မသိလိုက်ဖူ့း

ကျုပ်ကျောင်းပေါ်လဲတတ်လိုက်ရောဘဘုန်းကြီးက ဟော့်ဒကာကြီး ဦးဂွ ပါလား လာလာလာ တဲ့ဗျာ့

ကျုပ်ဘာလုပ်ရမလဲဗျာ့ဘဘုန်းကြီးကတောင် ကျုပ်ကို ကျုပ်ကို *****************************



အဖိုးကြီးနေရာကနေခံစားပြီးရေးကြည့်တာပါဟီးးးးးတစ်ခါတစ်လေရေးတာမို့ အမှားပါရင် သည်းခံပေးကြပါနော်။

ကြိုးစားပါအုံးမည့့်ဖြိုးဇာနည်


3 Comments


မဆိုးဘူးရယ်ဖတ်လို့ကောင်းသာ ဟီးး


ရေးတတ်လိုက်တာ
ဟီးဟီး ရယ်ရတယ်း)


ရယ်ရတယ်ဗျာ
ရေးထားတာ တစ်မျိုးပဲနော် အစ်ကို
"ရယ်" ဆိုတဲ့ စကားလုံးကို သုံးထားတာ ဖတ်ရတာ တစ်မျိုးပဲဗျ
ရေးတတ်တယ် အစ်ကိုရာ

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.