3

မိုးပြေး ကျွန်တော်

Posted by ဖြိုးဇာနည် on Tuesday, February 28, 2012 in



ကျွန်တော့်ဘဝ တိမ်တွေညို တဲ့နေ့ဆိုရင် ကျွန်တော်ဟာ သူ့အနားမှာရှိမနေခဲ့ပါဘူး။

မိုးရွာနေခဲ့ ပြီဆိုရင်တော့ပိုဆိုးပေါ့။ မုန်တိုင်းပါထန်နေခဲ့မယ်ဆိုရင်တော့ ကျွန်တော်ဟာ

သူနဲ့အဝေးဆုံးကိုပြေးထွက်သွားဖြစ်ခဲ့မှာပါ သူ့အနားကိုဘယ်တော့မှပြန်မလာတော့ပါဘူး

မုန်းတိုင်းမိပြီးတဲ့ ပန်းတစ်ပွင့်ကို ဘယ်ကောင်မလေးကများ ပန်ဆင်ချင်မှာတဲ့လဲ။သူ ပန်ခဲ့

ပြီဆိုရင်တောင်မှ သူ့မျက်နှာလေးနဲ့ ဒီ မုန်တိုင်းလောင်ပန်းလေးတစ်ပွင့်ဟာ ဘယ်လိုများ

လိုက်ဖက်နိုင်မှာတဲ့လဲဗျာ။(ဆောရီး ကျွန်တော်ဟာ ယောင်္ကျားလေးပဲဟာ။ပန်းလို့ ပြောရင် နွဲ့

ရာကျမှာပေါ့ ။ဒီတော့ မုန်တိုင်းမိပြီးတဲ့ နေကြာစေ့ တစ်စေ့ကို ဘယ်ကောင်မလေးကများ

စားချင်တော့မှာလဲ စားမယ်ဆိုရင်လဲ လေဒဏ်မိုးဒဏ် ခံထားရလို့ ပျော့ပျော့အိအိ ကိုပဲစား

မိတော့မှာပေါ့လေ။ အဟတ်ဟတ် ဒီလိုဆိုတော့ ကျွန်တော်က ပန်း ပါပဲ ဒါပေမဲ့ နွဲ့ တဲ့တဲ့

ပန်းတော့မဟုတ်တော့ဘူးနော်။နေကြာ ပန်း တစ်ပွင့်ပေါ့။
)





ကျွန်တော့် ဟာ သူ့အတွက်ဆိုရင် အဲ့လိုပဲတကယ်လုပ်ပေးသင့်လုပ်ပေးခဲ့မှာပါ။ကျွန်တော့်

ဘဝထဲကို အမှန်တကယ်ကြီးပဲ ကံဆိုးမိုးမှောင်ကျလို့မုန်တိုင်းပါဝင် လာခဲ့ မယ်ဆိုရင်

ကျွန်တော်တကယ်ပဲ ထွက်ခွာသွားမိမလား မပြောတတ်ပေမဲ့ အခုလက်ရှိ ကျွန်တော့်ဘဝ

နေ့တွေမှာ တိမ်တွေညို ခဲ့ရင်ပဲဖြစ်ဖြစ် မိုးတွေ ရွာခဲ့ရင်ပဲဖြစ်ဖြစ် ကျွန်တော်သူ့အနားကိုမ

ရောက်ဖြစ်အောင်ကျိုးစားပြီးနေမိပါတယ်။




ကျွန်တော့်ဘဝကြီးမှာနေသာ တဲ့နေ့လေးတွေကများပါတယ် နေသာတဲ့နေ့တွေကို ကျွန်တော်ကြိုက်

တယ်။ကျွန်တော့်ကြောင့် သူပျော်ရတယ်လေ သူပျော်အောင်ကျွန်တော်အမြဲပဲ လုပ်ဆောင်ပေးတတ်

သလို သူ့ရှေ့ရောက်တိုင်းလဲ သူပျော်နေတာကိုပဲ မြင်ချင်ခဲ့မိတာပါ။


ကျေနပ်ပျော်ရွှင်ပြီး ပြုံးနေတဲ့သူ့မျက်နှာလေးကို မြင်ရင်ကျွန်တော်ပါလိုက်ပြုံးမိပါသေးတယ်။

သူပြုံးရင် ကျွန်တော်ပျော်တယ်လေ အဲ့ဒါကြောင့် သူ ပြုံး အောင်ကျွန်တော် အမြဲတမ်းဖြည့်ဆည်း

ပေးနေမိတာပါ။ သူ့အပြုံးတွေမြင်ရရင် ကျွန်တော်စိတ်ချမ်းသာသလို သူ့မျက်နှာလေး ညှိုးနေပြန်

ရင်လဲ ကျွန်တော်ဟာ သူ့ထက်ပိုစိတ်ဆင်းရဲ တတ်ပြန်တယ်။ဒါကြောင့် သူ့မျက်နှာလေး ညှိုးဖို့မ

ဆိုထားနဲ့ သူ့မျက်ခုံးမွှေး နှစ်ခုကြားထဲက အရေပြားလေ ကျုံ့ သွားမှာကိုတောင် ကျွန်တော်အရမ်း

စိုးရိမ်မိတတ်ပါတယ်။


ကျွန်တော့်ဘဝ ကြီးရဲ့ တိမ်ထူ တဲ့အချိန် မိုးရွာ တဲ့အချိန်တွေမှာ သူ့ကိုသွားတွေ့ဖြစ်ခဲ့မယ် ဆိုရင်

သူ ကျွန်တော် ကြောင့် စိတ်ညစ်ရမှာပေါ့ သူဘယ်ပြုံးနိုင်တော့မလဲ သူမပြုံးရင်ကျွန်တော်မပျော်ပါဘူး

ဒါကြောင့် ကျွန်တော်သူ့ကိုမတွေ့ဖြစ်တာပါ။ကျွန်တော်ဘဝ တိမ်ကွယ်နေလို့ ရရှိတဲ့ အမှောင်တွေ

( စိတ်ညစ်ခြင်း ) တွေဟာ သူမျက်နှာလေးမဲ့ နေတာကြောင့် ကျွန်တော်စိတ်ထိခိုက်ရတာနဲ့ယှဉ်ရင်

မပြောပလောက်လေး ဖြစ်သွားတတ်ပါတယ်။ကျွန်တော် သူ့ကို အပြုံးတွေပဲ ပေးချင်တာပါ။နောက်

ဆုံးတော့ ကျွန်တော် ဟာ အပြစ်လို့သတ်မှတ်လို့မရတဲ့ ဝန်ခံချက်တစ်ခုကို blog ပေါ်ချရေးလိုက်ပါတယ်။


ဝန်ခံချက့်

တကယ်တော့ ကျွန်တော်ဆိုတာ ကျွန်တော်ပျော်ဖို့သူပြုံး အောင်လုပ်နေတဲ့ တကိုယ်ကောင်းဆန်သူ

တစ်ယောက်ပါ။ဒီစကားဟာ ကျွန်တော် မလိမ်ပဲပြောတဲ့စကားပါပဲ။


ပတ်ဝန်းကျင်မှာကြားကောင်းအောင်ပြောရင်တော့ သူစိတ်ဆင်းရဲမှာ သေလောက်အောင်ကြောက်

ပြီး ကျွန်တော့်ရဲ့စိတ်ညစ်စရာတွေကို သူ့ကိုဘယ်တော့မှ မျှဝေပြီး ခံစားစေမှာမဟုတ်ပါဘူးလို့ ဒီလို

ပြောနေကျပါ မုသားလေးပါတော့ နားထောင်ကောင်းနေပါလိမ့်မယ့့်






ကဗျာဆန်ဆန်ပြောရရင်တော့ ကျွန်တော်က မိုးပြေးလေးပါပဲ့


ဒါကြောင့် သူနဲ့ကျွန်တော့်အကြောင်းကို အဖြေရှာကြည့်တော့ ကျွန်တော်ဟာ သူ့အတွက်လား??????

သူဟာကျွန်တော့်အတွက်လား ဆိုတဲ့အဖြေဟာရှင်းရှင်းကြီးပေါ်လာပါတော့တယ်။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖြိုးဇာနည် -ညနေ ၄း၃၀ တိတိ


3 Comments


အတွေးတွေကတော့ ရေလည်မိုက်တယ်
နာသယ်ရင်းကပဲ သိပ်ခံစားလွယ်နေတာလား အရေးအသားတွေက ဂွတ်ထတယ်။
ဒါနဲ့ နင်က ဘယ်မှာနေတာတုန်း ရန်ကုန်မှာလား အခု


ချစ်တတ်လိုက်ရေးတတ်လိုက်တာ
ပျော်ရွှင်ကြပါစေ


ကျွန်မလည်း အဲဒီအတွေးရှိတယ်။ ကိုယ် ကိုယ့်ချစ်သူအပေါ်စိတ်ချမ်းသအောင်ထားတယ်ဆိုတာ၊ သူပျော်တာမြင်ရင် ကိုယ်စိတ်ချမ်းသာလို့။ ဒီတော့ နောက်ဆုံး ကိုယ်စိတ်ချမ်းသာဖို့ ပဲ ဖြစ်သွားတယ်။ ပြန်စဉ်းစားကြည့်တော့ တကိုယ်ကောင်းဆန်တယ်နော်။

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.