5

နူးညံစွာပြောင်းလဲခြင်း

Posted by ဖြိုးဇာနည် on Sunday, March 04, 2012 in
ပျောက်နေတယ်နော့်ဟုတ်ကဲ့ ပျောက်နေတာမှ လိုင်းပေါ်မှာတင်မကပါဘူး စာရေးချင်စိတ်ကော

စားချင်စိတ်ကော တတ်ကြွနေတတ်တဲ့ကျွန်တော့်စိတ်ပါ ပျောက်နေတာပါ။အဓိက ကတော့ စိတ်မကောင်း

တာပါ။ လူတစ်ကိုယ်မှာ စိတ်မကောင်းတော့ဘူးဆိုရင် ကျန်တာတွေအားလုံးက သုံးမရတော့သလိုဖြစ်သွား

တတ်ပါလားနော်။ကျွန်တော် အခန်းမအောင်းဖြစ်တာ ၃ ရက်ရှိပါပြီ တစ်နေကုန်သွားပြီး ညမိုးချုပ်မှ ပြန်ရောက်

လာတတ်တာကြောင့်ပါ။အခန်းမအောင်းဖြစ်တော့ လိုင်းပေါ်လဲမတတ်ဖြစ်တော့ဘူးဖြစ်တာပါ။တတ်ချင်စိတ်လဲ

မရှိတော့တာပါ။

ကားအက်စီးဒင့် ဖြစ်လို့ အခုပဲဆေးရုံကားနဲ့ပါသွားတယ်တဲ့ ဟာ !!!!!!!!!!!!!!!!!!!!!!!!

ကျွန်တော့်တစ်ကိုယ်လုံး ပူထူသွားပါတယ်။ဘယ်လိုဖြစ်တာလဲ မေးခွန်းတောင်မထုတ်မိတော့ပါဘူး ချက်ချင်း

ဆေးရုံကိုတန်းမောင်းခဲ့မိတယ်။ ဟိုရောက်မှ ဘယ်အချိန်းမှန်းမသိ ဘယ်အထပ်မှန်းမသိနဲ့ ဖုန်းပြန်ဆက်ပြီးတော့

မေးရပါတယ် ။ စိတ်ပူလွန်းတော့လဲ အမှားမှား နဲ့ပဲပေါ့။ ကျွန်တော်ရောက်သွားတော့ အစုံပလုံပါပဲ နှလုံးခုန် နှုန်း

တိုင်းစက် အောက်စီဂျင် ဆီးပိုက် ဆေးပုလင်း က ၂ပုလင်း နှာခေါင်းပိုက် ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အဲ့လိုမြင်လိုက်ရလို့ ရင်ထဲမှာအလုံးကြီးတတ်လာပါတယ်ဆိုမှ အဲ့ပုံစံအတိုင်း ပိုက်တွေရောဘာတွေရော အစုံပလုံကို

တွန်းလှည်းနဲ့တင်ပြီး ဓါတ်မှန် ခန်းကိုြေ့ပးရပါသေးတယ်။သူကတော့ သတိမေ့နေရှာ ပါတယ်။


ညနေရောက်တော့အဖြေသိရတယ် အုပ်ဆက် အက်သွားတယ် ခေါင်းထဲမှာသွေးကြေဥ သွားတယ် တဲ့ သူငယ်ချင်းရယ်

ကောင်မလေးစိတ်မကောင်းလိုက်တာ့ အန်လိုက်တာလဲလွန်ရော ကျွန်တော့်ရှေ့မှာတင် ၃ခါ တိတိ ထထအန်

တယ်။နောက်ဆုံးတစ်ခေါက်ဆိုသွေးတောင်ပါ တယ်။မူးတယ်မူးတယ် ခေါင်းကိုက်တယ် ခေါင်းကိုက်တယ် နဲ့ အော်နေ

ရှာတယ်။ဆရာဝန်တွေကတော့ စောင့်ကြည့်ရမယ်တဲ့ ကျွန်တော် သူနဲ့အတူရှိနေပေးပြီ ဆရာဝန်တွေပြောတဲ့ စိတ်တော့

နဲနဲချရပြီ ဆိုတဲ့စကားကြား မှပဲ အခန်းကိုစိတ်ဖြောင့်ဖြောင့်နဲ့ ပြန်မိတော့တယ်။နောက်ရက် တော့ကျွန်တော် လုံးဝ လုံးဝ

ကိုမအားတာနဲ့ ခဏပဲရောက်ဖြစ်လိုက်တယ်။ အန်တော့မအန်တော့ဘူး တဲ့သတိလဲကောင်းကောင်းရပြီ တဲ့။စိတ်ချသွားပါ

ပြီ။နောက်ရက်တော့ပန်းစည်းလေးဝယ်ပြီး သူ့ဆီသွားအားပေးလိုက်ပါတယ်။ ပြုံးပြသလို စကားလဲနည်းနည်းပြန်ပြောပါပြီ။

ဝမ်းသာလိုက်တာ ကောင်မလေးရာ သူလဲအားတွေရှိတာပေါ့ သိတယ်မလား? ဒီလိုနေရာမှာ ကိုယ့်လူမျိုးက ခပ်ရှားရှား

ရယ်မို့လေ။။။။။။။။။။။။

ကျွန်တော် ဒီနေ့ ၁၀ နာရီကျော်မှ နိုးလာတယ့်မနေ့ညက အိပ်မပျော်ပဲ မျက်စိတွေကြောင်ပြီ သူ့အကြောင်းတွေးနေမိလို့ပါ။

အလုပ်ကိစ္စလေးနဲနဲရှိတာနဲ့ ဧည့်သည်ကိုထိုင်စောင့်နေမိတယ်။ဧည့်သည်လဲရောက်ပြီး ဧည့်ခံရင်း စကားပြောကြရင်းနဲ့ ၁၂

နာရီတောင်ထိုးသွားတယ်။ဒါနဲ့ပဲ အပြင်သွားဖို့အားချင်းပြင်ဆင်ရတော့တယ်။ရေချိုးခန်းထဲဝင်နေတုန်း ဖုန်းကကောက်လာ

နေသေးတယ် နေပစေ ကိုင်ဘူးကွာ ဆိုပြီး ဇိမ်ပြေနပြေ ချိုးပစ်လိုက်တယ် ။ ပြီးတော့မှ ထွက်ပြီး ဖုန်းကိုကြည့်တော့ miss call

၃ ခါတောင်မှ။ ဒါနဲ့ကျွန်တော်ပြန်ဆက်လိုက်တော့ ကျွန်တော့်ခေါင်းနှစ်ခြမ်းကွဲ သွားစေတဲ့ စကားကိုကြားလိုက်ရတယ်။


တုန်နေတယ် ပြီတော့ ငိုမိတယ် ပြီးတော့ အားလုံးဝမရှိတော့ပဲ ပျော့ခွေ ကျသွားမိတယ် ကျွန်တော် ကိုယ့်ကိုကိုယ် မနိုင်တော့

ပါဘူး အိမ်မက်လဲမဟုတ်တာသေချာနေပါတယ်။ဝမ်းနည်းတာ အဆိုးဆုံးပါပဲ ငိုနေပေမဲံ့ မျက်ရည်က ဝမ်းနည်းတာကို ခွာချမသွား

ပေးပါဘူး။

ခင်ဗျားတို့ဆိုရင်ရော ဘယ်လိုနေမလဲ???????????? ကိုယ်နဲ့အနီးဆုံးရှိနေတဲ့ သူငယ်ချင်းတစ်ယောက် ချက်ချင်းပျောက်သွား

ရှသွားတယ် ကိုယ့်ကို နှုတ်မဆက်ပဲထွက်သွားခဲ့မယ်ဆိုရင့်

၁၉နှစ်ဆိုတာ ငယ်လွန်းပါသေးတယ်ဗျာ့

ဆောရီ့း့ကျွန်တော်ဆက်မရေးနိုင်တော့လို့ပါ့ကျွန်တော်လက်တွေတုန်နေလို့ နားလိုက်တော့မယ့်




၃.၃.၂၀၁၂ နေ့လည် ၁၂း၃၀ မှာဘဝပြောင်းသွားတဲ့ ကျွန်တော့် သူငယ်ချင်းကောင်မလေးကို
ဆုတောင်းပေးကြပါဗျာ တိုင်းတစ်ပါးမှာ ဆွေမဲ့မျိုးမဲ့ သေဆုံးသွားတဲ့ မိုးကုတ်သူလေး ကို ဆုတောင်းပေးကြပါဗျာ့

ဖြိုးဇာနည် နေ့လည် ၂း၀၀ တိတိ

5 Comments


စိတ်မကောင်းလိုက်တာ... :(


ကောင်မလေး ကောင်းရာသုဂတိလားပါစေ။ ဖတ်ရင်း စိတ်မကောင်းလိုက်တာ။
အစ်မသာဆိုရင်လဲ ချုံးပွဲချငိုမိမှာ။း( အစ်မ တကယ်ကို စိတ်မကောင်းဘူး....


ဆိုးလိုက်တာဗျာ.. စိတ်မကောင်းဘူး တကယ်ပါ...


အိုး.... စိတ်မကောင်းလိုက်တာ
၁၉ နှစ်ဘဲရှိသေးတယ်
တခါမှမမြင်ဖူး မတွေ့ဖူးတဲ့ကိုယ်တောင် ဒီလောက်ခံစားရရင်
ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်း မိဘဆွေမျိုးတွေဆိုရင်.....း(
ငြိမ်ချမ်းစွာနဲ့ အနားယူနိုင်ပါစေ....


စိတ်မကောင်းပါဘူး။ တကယ့်အဖြစ်အပျက်လားဟင်

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.