6

ကဗျာဆန်တဲ့ ငရဲခန်း

Posted by ဖြိုးဇာနည် on Saturday, March 24, 2012 in

ငါပြန်ရောက်နေပြီ ဘယ်တော့မှ မဝင်တော့ဘူးလို့ဆုံးဖြတ်ပြီးသော့ခတ်ထားတဲ့ ငါ့အခန်းဟောင်းလေးဆီကို

လေ။ ဒီအခန်းလေးထဲမှာ ငါသိပ်ကြောက်တဲ့အရာတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာငါ့ကိုယ်ငါ သိနေပါရက်နဲ့

ငါ အရဲစွှန့်ပြီး ခဏတာပြန်လည်ခိုဝင်ကြည့်မိတာပါ ငါမိုက်ရူးရဲဆန်စွာနဲ့လေ့ဒီအခန်းထဲမှာတော့

ချောကလက်တစ်တောင့်

င်္အကျီတစ်ထည်

ဓါတ်ပုံတစ်ပုံ

ဖန်ခွက်တစ်ခွက်

ဂစ်တာတစ်လက် ရယ်ပါပဲ့

နောက်ပြီး

ငါရယ့် ငါနဲ့အတူပါလာတဲ့

အမြည်းတစ်ပွဲရယ် ဝိုင်တစ်ပုလင်းရယ့်


အသည်းခါးခါးကို အချဉ်ရည်ထဲစိမ်ပြီး မြည်းလိုက်တိုင်း ငါ့ရင်နာရတယ် (ငါ့အသည်းလဲ အက်စစ်တစ်စနဲ့အထိုး

ခံခဲ့ရဖူးတာကို ပြန်သတိရလိုက်တိုင်းပေါ့)



ငါ့အခန်းဒေါင့်က ပင့်ကူမျှင်တွေကို ၁၀မိနစ်တစ်ခါလောက် သတိထားပြီးကြည့်မိနေတယ် (ငါ့အသည်းပေါ်မှာ

ကဗျည်းထိုးထားတဲ့ နင့်နာမည်လေးမှာ ပင့်ကူမျှင်တွေထပ်ထပ်နဲ့ငြိတွယ်နေတာကို သတိရလိုက်တိုင်းပေါ့)



ဖုံ မသုတ်ဖြစ်တော့တဲ့ နင်ပေးထားတဲ့ ဂစ်တာလေးကို ငါလှမ်းလှမ်းကြည့်မိနေတယ် (ငါ့အသည်းဟာလဲ

အခုဆို ချောင်ထိုးထားတာကြာလို့ ဖုံတွေအလိမ်းလိမ်းတတ်နေလောက်ရော ဆိုတာကိုသတိရလိုက်တိုင်းပေါ့)



အရောင်မွဲနေတဲ့ နင့်ဓါတ်ပုံလေးကိုလဲ ငါတရှိုက်မက်မက်နဲ့ ကောက်ယူပြီးနမ်းမိနေတယ် (ငါ့အသည်းဟာလဲပူ

လောင်လွန်းလှတဲ့ ရင်ခွင်ထဲမှာ အရောင်မလက်နိုင်တော့တာကို သတိရလိုက်တိုင်းပေါ့)



နင်ပေးခဲ့ဖူးတဲ့ မှိုတတ်နေတဲ့ချောကလက်တစ်တောင့်ကိုလဲငါ ခပ်ဖွဖွဆိုရုံလေးကိုင်ကြည့်နေမိတယ် (ငါ့အသည်း

နှလုံး တည်ရှိရာ ဘယ်ဘက်ရင်အုံလေးဟာလဲ မှိုတတ်နေလောက်ရောဆိုတာကို သတိရလိုက်တိုင်းပေါ့)



နင့်အငွေ့အသက်တွေကြောင့်မလျှော်ရက်ပဲ ဖားဥဆွဲနေတဲ့ ဆင်တူင်္အကျီလေးကိုလဲ ငါပြန်ဝတ်ကြည့်နေမိတယ်

(နင်ပေးခဲ့ဖူးတဲ့ဒဏ်ရာတွေကို လျှော်မပစ်ရက်ပဲ ခံစားချိန်မိတိုင်း ပေါ်ထွက်လာတတ်တဲ့ ငါ့အသည်းကအမာရွတ်

တွေကို သတိရမိလိုက်တိုင်းပေါ့)




နင့်ဓါတ်ပုံပါတဲ့ ဖန်ခွက်ထဲက ရေခဲတုံးကလေးတွေကိုအရည်ပျော်သွားပါစေတော့လို့ညင်ညင်သာသာ ဆော့

ကစားလိုက်မိတယ် (ငါ့ပါးပေါ်ကပူနွေးလာတဲ့မျက်ရည်ကြောင်းကလေးတွေကို သတိထားမိလိုက်တိုင်းပေါ့)




နောက့်



ချဉ်စုတ်စုတ် ဝိုင်တစ်ခွက်ကိုလဲ မျက်စိမှိတ်အံကြိတ်လို့ မေါ့သောက်ချပစ်လိုက်တယ် (ငါ့အသည်းဆီက မကြာ

ခဏ လွင့်ပျံတတ်လာတတ်တဲ့ ချဉ်စုတ်စုတ် ပုပ်အက်အက် အနံအသက်တွေကို ရှူရှိုက်မိလိုက်တိုင်းပေါ့)


ကြိုးစားပါအုံးမည့်ဖြိုးဇာနည်


4

အချစ်ဦး နှင့် အချစ်နှောင်း၏ တိုက်ပွဲ

Posted by ဖြိုးဇာနည် on Thursday, March 22, 2012 in
ကျွန်တော့်မှာအိမ်မက်တွေရှိတယ် နောက်ပြီး တိတ်တိတ်လေးချစ်နေရသူတစ်ယောက်လဲရှိသေးတယ် ကျွန်တော့်အိမ်မက် တွေက သူလား? သူကကျွန်တော့်အိမ်မက်လား ကျွန်တော်ဝေခွဲမရခဲ့သူပါ သေချာ တဲ့တစ်နေ့တော့ ရှိလာမှာပါ ကျွန်တော်သူ့ကိုဖွင့်ပြောဖြစ်တဲ့တစ်နေ့ပေါ့။


ကျွန်တော်သူ့ကိုမမြင်ဖူးပါဘူး တကယ်ပါသူ့ကို တစ်ခါမှ မမြင်ဖူးခဲ့တာပါ့သူကတော့ ကျွန်တော့် ချစ်သူပါ။

မမြင်ဖူးတဲ့လူနှစ်ယောက် အရင်တစ်ချိန်တုန်းက ချစ်သူဖြစ်ခဲ့ဖူးတယ်လို့ပြောရင် ထင်ကြမှာပဲနော် ဒီကောင်

တွေဖုန်းနဲ့ ကြောင်နေကြတာနေမှာပါလို့။ ဒီလိုပါပဲ ဖြစ်တတ်ပါတယ် ဒါပေမဲ့ ထူးမခြားနားပါပဲ တစ်ကယ်ပါ

ကျွန်တော်တို့နှစ်ယောက် chat ထဲမှာအတော်ကြာကြာလေးချစ်သူဖြစ်ခဲ့ကြဖူးပါတယ်။ သူကအရမ်းချစ်ဖို့

ကောင်းတဲ့ကောင်မလေးတစ်ယောက်ပါ။ သူ့အသံလေးက သိပ်ကိုနားဝင်ချိုပါတယ် ပြီးတော့ သူ့မျက်နှာလေး

က ကလေးဆန်တယ် သူမျက်ဝန်းတွေကို ကျွန်တော်ကြိုက်တယ်။ သူ့စကားသံလေးတွေကို စွဲလန်းဖူးတယ်

သူနဲ့ပက်သက်သမျှထဲမှာ ကျွန်တော်သူ့အသံလေးတွေကို အမြတ်နိုးဆုံး အစွဲလန်းဆုံး အချစ်ဆုံး အဖြစ်

ကျွန်တော် ဝန်ခံဖူးတယ်။နောက်ပြီး သူ့ဓါတ်ပုံလေးတွေကို အခန်းနံရံမှာကပ်ထားဖူးတယ်။ နောက်တော့ သူ

မြန်မာပြည်ပြန်သွားတယ်။ချက်တင်မထိုင်တော့သလို ဖုန်းလဲဆက်မလာတော့ပါဘူး။ ကျွန်တော်သိပါတယ်

ပြီးတော့ ကိုယ်ချင်းစာပါတယ် မြန်မာပြည်ကနေ ဖုန်းဆက်ရင် ဈေးကအရမ်းကြီးတာကိုးးးး တခါတလေများတော့

သူလိုင်းပေါ်တတ်လာပါတယ့်ဒါပေမဲ့ စိတ်ညစ်ရပါတယ် ကျွန်တော်ချစ်တာသူ့အသံလေးတွေကိုပါ လိုင်မကောင်း

တာကြောင့် ကျွန်တော်ရင်ခုန်ရတဲ့ သူ့အသံလေးတွေကို ကြားခွင့်မရခဲ့ပါဘူ့း့




အချိန်တွေ အနည်းငယ်လေးဆိုရုံလောက်ကုန်ဆုံးသွားတဲ့ ကာလတိုလေအတွင်းမှာ ကျွန်တော်တို့သွေးအေးသွားကြ

ပါတယ်။လိုင်းပေါ်မှာလဲသိပ်မတွေ့ဖြစ်တော့ပါဘူ့း့ဖုန်းတော့ တစ်ခါတစ်လေဆက်လာပေမဲ့ သူကျွန်တော့်အပေါ်မှာ

အရင်လို ရင်းနှီးမူသိပ်မရှိတော့တာကို လဲကျွန်တော်ရိတ်မိခဲ့ပါတယ်။ဒီလိုနဲ့ ပဲ သူနဲ့ကျွန်တော်နဲ့ချစ်သူဘဝကုန်ဆုံးခဲ့ပါ

တယ်။လိုင်းပေါ်က ချစ်သူတွေဆိုတာ ဒီလိုပါပဲလေ့ပြီးတော့ဒီပွဲမှာကျွန်တော်နိုင်ပါတယ် ကျွန်တော်သူ့ကိုပေးခဲ့တဲ့

ကျွန်တော့်ဓါတ်ပုံတွေဆိုတာကလဲ ကျွန်တော်ပုံအမှန်တွေမှမဟုတ်တာပဲ ကျွန်တော့်သူငယ်ချင်းပုံတွေ ကိုလျှောက်ပေး

ခဲ့တာပဲလေ။

အနေဝေးတော့သွေးအေးသတဲ့ မင်းအသက်သအခုမှ ၂၀ပတ်လည်ခလေး လေးပဲ့စောညီညီရဲ့သီချင်းလေးပါပဲ

သိပ်ကိုမှန်တာပေါ့ နောက်တော့ ကျွန်တော်လဲသူ့ကိုမေ့မေ့ ပျောက်ပျောက်ဖြစ်သွားခဲ့သလို သူလဲ ကျွန်တော့်ကို မေ့

သွားပြီထင်ပါတယ်။ကျွန်တော်တို့နှစ်ယောက် ဇတ်လမ်းက စာတန်းထိုးလိုက်ပြီထင်ပါရဲ့ ပြီးပါပြီ ဆိုပြီးတော့လေ။ဒီတော့

ကျွန်တော်လဲ လက်ရှိအကောင့်လေးကို အပြီးအပိုင် စွှန့်ပစ်လိုက်ပြီး အကောင့်အသစ်လေးကိုသားသုံးရင်း သူ့ကို အတိတ်

မှာနူးညံစွာနဲ့ချန်ရစ် ထားခဲ့လိုက်ပါတယ်။


အခုတော့ ကျွန်တော် ကောင်မလေးအသစ်တစ်ယောက်နဲ့ ပြန်တွေ့နေပါပြီ။သိပ်သိပ်ကို ချစ်ဖို့ကောင်းလွန်းလှသူလေး

တစ်ယောက်ပါ။သူ့မျက်နှာလေးက အပြစ်ကင်းစင် လွန်းလှပြီး အရင် ချက်ထဲက မိန်းခလေးနဲ့ယှဉ်မိလိုက်တိုင်း အိုဝေး

ကွာလွန်းလှပါတယ် ဒီတစ်ယောက်ကို ကျွန်တော်တကယ်ကို နှစ်နှစ်ကာကာချစ်မိသွားတာထင်ပါရဲ့။သူ့အသံလေးကလဲ

ချိုသာလွန်းလှပြီး ကျွန်တော်အကြိုက် လဲတီတီတာတာ ပြောပေးတတ်ပါသေးတယ်။ဒီလိုနဲ့ပဲ သံယောဇဉ်တွေ ခိုင်မြဲနေ

ခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးတတ်ခဲ့ကြပါတယ်။တစ်ခါတစ်လေမှာ တစ်နေကုန်မတွေ့ဖြစ်ခဲ့ကြရင်

ချက်တင်ထဲကနေ စကားတွေပြော ဖြစ်ကြပါတယ် မိုးလင်းပေါက်တိုင်တိုင်ပါပဲ။အဲ့လို ချက်တင်ထဲက သူ့အသံလေးတွေ

ကိုကြားမိတိုင်း အရင် ချက်ထဲကကောင်မလေးကို ပြေးသတိရမိတတ်ပါသေးတယ်။ပြီးတော့စိတ်ထဲမှာ တွေးမိနေကျအ

တွေးလေးလဲရှိပါသေးတယ်။ဒီအသံလေး ကို အရမ်းကို ထင်ထားတာထက်ရင်းနှီးနေသလိုပဲ ဆိုပြီးတော့ပါ။ဒါပေမဲ့ သူ့ကို

အခုမှစမြင်ဖူးပြီး အခုမှစချစ်ဖူးတာပဲဥစ္စာ ပြီးတော့ သူ့ကို အပြင်လောကမှာလူကိုယ်တိုင်တွေ့ပြီး လူကိုယ်တိုင်ချစ်မိသွား

တာပဲလေ သူ့အသံက ကျွန်တော့် ရှေးဘဝရေစက် ဖူးစာရှင်မို့လို့ ရင်းနှီးနေတာပဲဖြစ်ပါလိမ့်မယ်။



သူ့ကိုကျွန်တော် သံယောဇဉ် တွယ်မိပြီး သိပ်ကိုမြတ်နိုးမိသွားတဲ့နောက်မှာတော့ ကျွန်တော် ဖွင့်ပြောတော့မယ်လို့ဆုံး

ဖြတ်လိုက်ပါတယ်။မနက်ဖြန်ပဲဆိုပါတော့ အချိန်တွေဆွဲနေရင် ကျွန်တော်ပိုခံစားရမှာ သေချာနေလို့ပါ။ကျွန်တော်သူ့ကို

ပိုင်ဆိုင်ခွင့်ရချင်နေပါပြီ။ဒါကြောင့် ကျွန်တော်သူ့ကိုဖုန်းဆက်ပြီး မနက်ဖြန် တွေ့နေကျ ခရေရိပ် ကလေးမှာတွေ့ဖို့ ချိန်း

လိုက်တော့တယ့်


အဲ့နောက်မှာတော့ ကျွန်တော်လိုင်းပေါ်တတ်လိုက်တဲ့အချိန်မှာ အံအား သင့်သွားရပါတယ်။တချိန်က ကျွန်တော့် ချစ်သူ

ရှင်းရှင်းပြောရရင် ချက်ထဲက ကျွန်တော်ချစ်သူဟောင်းလေး INVITE လုပ်ထားတာတွေ့လိုက်ရတယ်။ကျွန်တော်အံအားသင့်

သွားမိတယ်။နောက်ပြီး စဉ်းတောင်မစဉ်းစားမိတော့ပဲ လက်ကနေ အလိုအလျှောက် ACCEPT ကိုနှိပ်လိုက်မိတော့တယ်။

အံသြနေတုန်းမှာပဲ မီးစိမ်းလေးက ချက်ဘောက်လေးတတ်လာပါတယ်။


“ဟိတ် မနက်ဖြန် ခရေရိပ်ကို ----ကိုယ့်ဟာကိုယ်လာရမှာလား “ယူ” လာခေါ်မှာလာ့းအော့်ဆောရီး ဆောရီး “ယူ”

ကြောင်သွားပြီထင်တယ်ဒီအကောင့်က ------ရဲ့ အရင်တုန်းက သုံးခဲ့ဖူးတဲ့အကောင့်ပါ အခုမသုံးတာကြာလို့ MAIL စစ်ရင်းနဲ့

ပြန်ဝင်ကြည့်ရင်း “ ယူ” များရှိမလားလို ပြောစရာလဲရှိတာနဲ့ INVITE ကြည့်လိုက်တာ့တာ့တာ မနက်ဖြန်မှတွေ့မယ်နော်

လာကြိုမယ်ဆိုရင်ဖုန်းဆက်လိုက်နော့်အောက်ပြီ ခင်တဲ့ -----------။”

တဲ့!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!



သေလိုက်ပါတော့ဗျာ့ဒါဆို သူက အရင်တစ်ယောက်ပေါ့ဟင့်အင်း မဖြစ်နိုင်ဘူးထင်ပါတယ်။အရင် တစ်ယောက်က

သူမှမဟုတ်တာ အင်တစ်ယောက်ဓါတ်ပုံ ကျွန်တော့်ဆီမှာရှိနေတာပဲဟာ့အာ့မသိတော့ဘူးကွာ့အခုမှပြန်

တွေးမိတယ် ဒါကြောင့် သူ့အသံလေးကို ကျွန်တော် အရမ်းရင်းနှီးနေတာကို့း့အဟတ်ဟတ် ကျွန်တော်အခုမှသဘော

ပေါက်သွားတော့တယ့် ဒါဆိုသူလဲ ကျွန်တော့် လိုပဲ ဓါတ်ပုံကို အင်(အတု) ကြီးပြထားခဲ့တာပေါ့

:P :P :P :P


အော့်တွေ့လဲတွေ့တတ်ပါလေတယ် ကောင်မလေးရယ့့်မင်းနဲ့ငါနဲ့က ဒါဆို အချစ်ဦး တွေပေါ့ဘာပဲဖြစ်ဖြစ်ပါ ငါမင်းကိုချစ်ပါတယ့်မနက်ဖြန်မင်းကို ငါချစ်တဲ့အကြောင်းပဲ ဖွင့်ပြောပါတော့မယ့့်အခုငါ သိလိုက်ရတဲ့ အရင်ကမင်း နဲ့ ငါ့ ရဲ့အကြောင်းတွေကိုတော့ ငါတစ်သက်လုံးမေ့ပစ်လိုက်ပါတော့မယ်ဟာ့နင့်ကိုချစ်တဲ့ ##########



တစ်ခါတစ်လေလဲ ဖြစ်တတ်ပါတယ်နော် ကိုယ့်ချစ်သူကို ကိုယ်ရည်းစားစကားပြန်ပြောရမဲ့ကျွန်တော့်လိုကောင်လေး တစ်ယောက် ရဲ့အဖြစ်မျိုးတွေပေါ့




စာသိပ်ရေးချစ်စိတ်မရှိတာနဲ့ ဒီတစ်ခါအတော်လေးကြာသွားပါတယ်။အားပေးကြတဲ့သယ်ရင်းများအားလုံးကိုအထူးပဲ
ကျေးဇူးတင်ရှိပါကြောင့်း့။


ကြိုးစားပါအုံးမည့်ဖြိုးဇာနည်

5

ကြေကွဲမူကြောင့် ကွဲကြေခြင်း

Posted by ဖြိုးဇာနည် on Thursday, March 15, 2012 in
နင်ငါ့ကိုကြည့်လိုက်တိုင်း ငါရင်တွေခုန် ခုန်လာမိတယ်သိလား။ သိပ်မကြာသေးပါဘူး လွန်ခဲ့တဲ့တစ်ပတ်

လောက်ကမှ ငါနင့်ကို့စပြီး ရင်ခုန်မိသွားခဲ့တာပါ။ ငါနင့်ကို နင်ကလေးအရွယ်ကထဲကတွေ့ဖူးခဲ့တယ်ဆိုပေ

မဲ့ ဒီလိုစိတ်မျိုးတစ်ခါမှမဖြစ်ဖူးခဲ့ပါဘူး။ဟိုတစ်နေ့ကမှ ငါ နင့်ကိုသတိထားပြီးကြည့်မိသွားတယ် နင်ငါ့မျက်နှာ

ပေါ်ကဖုန်မှုန့်တွေကို စနိုးတာဝါနဲ့သုတ်ပေးတဲ့အချိန်တုန်းကလေ ငါ့ရင်ခုန်သံတွေကို နင်ကြားသွားမှာကိုတောင်

စိုးရိမ်မိသေးတယ်။နင်ငါ့ကိုကြည့်တဲ့အချိန်တွေတိုင်း ဟိုအရင်အချိန်တွေတုန်းကလိုမျိုး ငါနင့်ကိုပြန်ပြုံးမပြနိုင်

တော့တာ ခွင့်လွှတ်ပါဟာ ငါနင်နဲ့ မျက်နှာ ချင်းဆိုင်နေတယ်ဆိုပေမဲ့ ငါနင့်ကိုစေ့စေ့မကြည့်ရဲတော့လို့ပါ ငါနင့်

ကိုချစ်များချစ်မိနေသလား မသိပါဘူးဟာ။နင့်မျက်ဝန်းတွေကို ငါရင်မဆိုင်ရဲတော့တာငါ့ကိုယ်ငါပဲသိတယ် ငါ့ရင်

ခုန်သံတွေကို ငါထိန်းချုပ်ဖို့ကြိုးစားနေပါတယ်။ အထူးသဖြင့် နင်ငါ့ကိုပြုံးပြလိုက်တိုင်း ငါ့ရင်ထဲမှာ မိုးခြိမ်းလိုက်

သလိုပဲ အကြီးအကျယ် တုန်လှုပ်သွားတယ်။ငါ့ငါကြောက်နေပြီသိလား နင်ငါ့ကိုပြုံးပြ လာမှာကိုပေါ့ သိပါ

တယ်ဟာ ဒါတွေဟာ ငါ့ဖက်ကမရိုးသားလို့ ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မူတွေပါ။နင်သိ သွားမှာကိုလဲ

ငါကြောက်တယ့်နင့်အပေါ်မှာ ငါမရိုးသာနိုင်တော့တာကိုသာ နင်သိသွားရင် နင်ငါ့ကို အခုလိုဂရုတစိုက် ရှိ

တော့မှာမဟုတ်ဖူးဆိုတာလဲ ငါအတပ်သိနေခဲ့ပါတယ်။နင်အသိဆုံးပါဟာ နင်ဝမ်းနည်းတတ်တဲ့အချိန်တွေတိုင်း

နင့်ပြောစကားတွေကို အလိုက်သင့်လေးနားထောင်ပေးတတ်ခဲ့တဲ့သူ နင်ဝမ်းသာကြည်နူးချိန်တိုင်း နင်နဲ့အတူ

ပျော်ရွှင်တတ်ခဲ့သူ နင်ပျင်းရိလာချိန်တိုင်း ငါ့မျက်နှာပေါ်မှာ နင့်နှုတ်ခမ်းနီတွေနဲ့ ခြစ်ပြီးဆော့ကစားခဲ့ချိန်တွေမှာ

ငါအမြဲပြုံးနေတတ်ခဲ့ဖူးတာကိုလေ။ အခုတော့ ငါမပြုံးနိုင်တော့ဘူးဟာ ငါနင့်မျက်ဝန်းတွေ နင့်အပြုံးတွေ နောက်

နင့်ရဲ့နှုတ်ဆက်စကားတွေကို ငါပေါ့ပေါ့ ပါးပါးရင်မဆိုင်နိုင်တော့ ဘူးဟာ့ငါ့ကိုယ်ငါလဲ အရမ်းဝမ်းနည်းမိတယ်

နင့်ကို ငါဖွင့်ပြောလို့ရရင်လဲကောင်းမှာဟာ ငါ့ဘဝပေးခြေအနေနဲ့ဘယ်လိုများဖြစ်နိုင်မှာလဲ ???ငါသိပါတယ့်

နင်နဲ့ငါ့ဘဝကနီးရက်နဲ့ဝေးနေကြရတာလေ။တကယ်တမ်းတော့ငါဟာဘဝမေ့နေသူတစ်ယောက်ငါ့အခြေအနေနဲ့

ဆိုရင် နင့်ကိုအရိပ်ကြည့်နေရုံကလွဲလို့ ဘာတစ်ခုမှလုပ်ပိုင်ခွင့်မရှိတဲ့သူပါ။နင်နဲ့အတူ ရင်ခုန်ကြည်နူးကြဖို့ဆိုတာ

ဟိုးးးးအဝေးကြီးမှာပါပဲဟာ့ငါဘဝမမေ့ချင်တော့ဘူ့း့ပြီးတော့ ငါဆက်ပြီးတော့လဲမခံစားနိုင်တော့ဘူး

ဒါကြောင့် နင့်ဘဝထဲကနေငါ့ကို နှုတ်ထွက်ခွင့်ပြုပေးပါ့ငါနင့်ကို နှုတ်မဆက်ပဲထွက်သွား မိတဲ့အတွက်လဲ

နင်ငါ့ကို ခွင့်လွှတ်ပေးပါနော့့်ငါ့နေရာမှာ ရိုးသားမူနဲ့ တာဝန်ထမ်းဆောင်နိုင်သူကို
သာအစားထိုးလိုက်ပါ။


အချစ်တစ်ခုကြောင့် စတေးခံလိုက်ရသော တစ်စုံတစ်ခု!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!


လေတိုက်မနေပါဘူ့း့ ဒါပေမဲ့ မှန်တစ်ချပ် ကျကွဲသွားတယ်။

ဘယ်သူ့ကြောင့်လိုအပြစ်ပြောမလဲ့ ကျွန်တော့်ကြောင့်ပါပဲ ဘယ်သူမပြုမိမိမူ လေ့


ဘာပဲပြောပြောကျွန်တော့်ဆန္ဒပြည့်သွားပါတယ် သူ့ကျွန်တော့် အစိတ်အပိုင်းတွေကို ကြေကွဲရိပ်သန်းနေတဲ့

အကြည့်နဲ့ကြည့်နေခဲ့ပါတယ့်





ဖြိုးဇာနည့်ည့၉နာရီ ၂၅ တိတိ



1

Nokia

Posted by ဖြိုးဇာနည် on Wednesday, March 14, 2012 in
Iphone တွေဘယ်လောက်ပဲကောင်းပါသည် ၊ Android ဖုန်းတွေဘယ်လိုပဲ ကြိုက်ပါသည် ဆိုသူတွေ ရှိသော်ငြား

Nokia N စီးရီး ဖုန်းလေးတွေကို လက်မလွှတ်နိုင်သေးသူတွေအများအပြားကျန်နေသေးသလို Nokia ကထုတ်တဲ့

ဖုန်းတွေကိုမှသဘောကျနှစ်သက်ပါတယ်ဆိုတဲ့သယ်ရင်းတွေလဲအများအပြားရှိနေပါသေးတယ်။ ကမ္ဘာတစ်ဝှမ်းမှာ

Mobileဈေးကွက်ကို တစ်ဝက်ကျော်လွှမ်းမိုးထားတဲ့ Nokia ဖုန်းကုမ္မဏီမှ service သမားတွေကိုသာ ပေးလေ့ရှိတဲ့

ဒီကုတ်လေးတွေကို Nokia crazy သမားတွေအတွက် မျှဝေပေးလိုက်ပါတယ်။


ကဲ အကို အောင်ဖြိုးရေ ဒါကျွန်တော်သိသမျှ nokia service နည်းတွေပါပဲ ကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

Android screen lock ဖြည်နည်းကိုတော့ကျွန်တော် မကြာခင်post အဖြစ်တင်ပေးနိုင်အောင် ကြိုးစားပါ့မယ်။




*3370# Activate Enhanced Full Rate Codec (EFR) - Your phone uses the best sound quality but talk time is reduced my approx. 5%

#3370# Deactivate Enhanced Full Rate Codec (EFR)

*4720# Activate Half Rate Codec - Your phone uses a lower quality sound but you should gain approx 30% more Talk Time.
#4720# Deactivate Half Rate Codec.

*#0000# Displays your phones software version, 1st Line : Software Version, 2nd Line : Software Release Date, 3rd Line : Compression Type.

*#9999# Phones software version if *#0000# does not work.

*#06# For checking the International Mobile Equipment Identity (IMEI Number).

#pw+1234567890+1# Provider Lock Status. (use the "*" button to obtain the "p,w" and "+" symbols).

#pw+1234567890+2# Network Lock Status. (use the "*" button to obtain the "p,w" and "+" symbols).

#pw+1234567890+3# Country Lock Status. (use the "*" button to obtain the "p,w" and "+" symbols).

#pw+1234567890+4# SIM Card Lock Status. (use the "*" button to obtain the "p,w" and "+" symbols).

*#147# (vodafone) this lets you know who called you last.

*#1471# Last call (Only vodofone).

*#21# Allows you to check the number that "All Calls" are diverted to.

*#2640# Displays security code in use.

*#30# Lets you see the private number.

*#43# Allows you to check the "Call Waiting" status of your phone.

*#61# Allows you to check the number that "On No Reply" calls are diverted to.

*#62# Allows you to check the number that "Divert If Unreachable (no service)" calls are diverted to.

*#67# Allows you to check the number that "On Busy Calls" are diverted to.

*#67705646# Removes operator logo on 3310 & 3330.

*#73# Reset phone timers and game scores.

*#746025625# Displays the SIM Clock status, if your phone supports this power saving feature "SIM Clock Stop Allowed", it means you will get the best standby time possible.

*#7760# Manufactures code.

*#7780# Restore factory settings.

*#8110# Software version for the nokia 8110.

*#92702689# Displays - 1.Serial Number, 2.Date Made, 3.Purchase Date, 4.Date of last repair (0000 for no repairs), 5.Transfer User Data. To exit this mode you need to switch your phone off then on again.

*#94870345123456789# Deactivate the PWM-Mem.

**21*number# Turn on "All Calls" diverting to the phone number entered.

**61*number# Turn on "No Reply" diverting to the phone number entered.

**67*number# Turn on "On Busy" diverting to the phone number entered.

12345 This is the default security code.

press and hold # Lets you switch between lines



On the main screen type
*#06# for checking the IMEI (International Mobile Equipment Identity).
*#7780# reset to factory settings.
*#67705646# This will clear the LCD display(operator logo).
*#0000# To view software version.
*#2820# Bluetooth device address.
*#746025625# Sim clock allowed status.
#pw+1234567890+1# Shows if sim have restrictions.
*#92702689# - takes you to a secret menu where you may find some of the information below:
1. Displays Serial Number.
2. Displays the Month and Year of Manufacture
3. Displays (if there) the date where the phone was purchased (MMYY)
4. Displays the date of the last repair - if found (0000)
5. Shows life timer of phone (time passes since last start)
*#3370# - Enhanced Full Rate Codec (EFR) activation. Increase signal strength, better signal reception. It also help if u want to use GPRS and the service is not responding or too slow. Phone battery will drain faster though.
*#3370* - (EFR) deactivation. Phone will automatically restart. Increase battery life by 30% because phone receives less signal from network.
*#4720# - Half Rate Codec activation.
*#4720* - Half Rate Codec deactivation. The phone will automatically restart
If you forgot wallet code for Nokia S60 phone, use this code reset: *#7370925538#
Note, your data in the wallet will be erased. Phone will ask you the lock code. Default lock code is: 12345
Press *#3925538# to delete the contents and code of wallet.
Unlock service provider: Insert sim, turn phone on and press vol up(arrow keys) for 3 seconds, should say pin code. Press C,then press * message should flash, press * again and 04*pin*pin*pin# \
*#7328748263373738# resets security code.
Default security code is 12345
Change closed caller group (settings >security settings>user groups) to 00000 and ure phone will sound the message tone when you are near a radar speed trap. Setting it to 500 will cause your phone 2 set off security alarms at shop exits, gr8 for practical jokes! (works with some of the Nokia phones.) Press and hold "0" on the main screen to open wap browser.


ကျွန်တော်ဟာ မတောက်တခေါက် သိသူပါ။အမှားပါသော် သည်းခံပါလို့ ပြောကြားရင့်း့

ဖြိုးဇာနည့်နေ့လည် ၂ နာရီတိတိ

4

အတင်းပြောတဲ့လူ

Posted by ဖြိုးဇာနည် on Saturday, March 10, 2012 in
ကျွန်တော်မိန်းကလေး တစ်ယောက်နေရာကနေ ခံစားပြီးရေးလေ့ရေးထသိပ်မရှိပါဘူး အခုတော့ ကျွန်တော့်သူငယ်ချင်း (စာဖတ်ပရိတ်သတ်)တစ်ယောက်က ဖုန်းဆက်ပြီး ကောင်မလေးတစ်ယောက်ပြောနေသလိုမျိုးလေး ရေးပေးပါလို့ပြောလာ တာကြောင့် ရေးဖြစ်သွားတာပါ။ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်တော်ဟာ ယောင်္ကျားလေး လိုပြန်သုံးထားပါတယ်။နာမ်စား နှစ်ကိုယ်စာသုံးထားတဲ့ဝထ္ထုလေး တစ်ပုဒ်အနေနဲ့ ရေးသားမိလိုက်ပါတယ်။ကျွန်တော်ဟာ စကားပြောအနေနဲ့လဲ ကျွမ်းကျင် အောင်မရေးနိုင်သေးတဲ့အတွက် လိုအပ်ချက်တွေအများအပြားပါရှိနေပါသေးတယ်။စာဖတ်သူများအားလုံး သည်းခံပြီးဖတ် ပေးကြပါလို့

တစ်ခါတစ်လေများနေရထိုင်ရသိပ်ခက်တာပဲဗျာ။ လူတွေရဲ့သိပ်ခက်တဲ့ အမြင်ဆိုးတွေကြောင့်ပါပဲ။ ကျွန်တော်အတင်း

မပြောတတ်ပါဘူးပါဘူး။ ဒါပေမဲ့သူများအကြောင်းတော့တစ်ခါတစ်လေပြောဖြစ်ပါတယ်။ ကိုယ်သတိရနေတတ်တဲ့လူ

အကြောင်းပါ။ကျွန်တော့်အသိ ဦးလေးကြီးအပေါ်မှာတစ်ချိန်တုန်းက ဘယ်လိုကောင်းခဲ့တယ်သူ့မှာဘယ်လိုစိတ်ထား

ရှိတယ် ဘယ်လို ကူညီတတ်တယ်အဲ့လိုလေးပါ လူတစ်ယောက်ရဲ့ကောင်းကြောင်းတွေကို လေးစားအတုယူချင်အောင်

နောက်လူတစ်ယောက်ကို ပြောပြတာဟာ အတင်းပြောတာလို့မှတ် ယူမယ်ဆိုရင်တော့ ကျွန်တော်ဟာအတင်းပြော

သူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်သွားပြန်တယ်။


Black Eyed Peas ရဲ့ Just Cant Get Enough သီချင်းသံလေး ပျံလွင့်လာချိန်မှာပဲ့

“ဟုတ့် ကို ပြော့”

“ဒေး”

“ရှင်”

“ကိုမနက်ဖြန်မလာတော့ဘူးနော်”

ဒေး မျက်မှောင်ကုတ်ပြီး ပြန်ပြောလိုက်တယ်။

“ကြည့်လုပ်ပြန်ပြီ ဒေး မနက်ဖြန် ဂျစ်ဖူး ကိုလေဆိပ် လိုက်ပို့ရမယ်လို့ကြိုပြောထားတဲ့ဟာကို အဲ့လိုပဲ ဒေး အတွက်ဆိုဘယ်တော့မှ မစဉ်းစားမပေးဘူး ဒေးတစ်ယောက်ထဲလေဆိပ်ကနေပြန်ရမှာပေါ့ ဒါဆိုရင်”

“အာ ဒေး ကလဲကွာ ကိုက မလိုက်ချင်လို့မှမဟုတ်တာပဲ ဒေးကိုလဲကိုကြိုပြောထားရက်နဲ့ ကို့သူငယ်ချင်းရဲ့အမေ ဆေးရုံတတ်နေတာကို သူငယ်ချင်းတွေအားလုံးပေါင်းပြီး လူနာသွားမေးကြမလို့ပါဆို”

“ကို့သူငယ်ချင်းတွေနဲ့သွားမှဖြစ်တာကျနေတာပဲ ပြီးမှကို့ ဟာကို သွားရင်လဲဖြစ်နေတာပဲ”

နှုတ်ခမ်းဆူတဲ့အသံလေးနဲ့ ဒေး သူ့ဖက်ပါအောင်ဆွဲဆောင်နေမိတယ် အပြင်မှာသာဒေးကိုဒီလို ပုံစံလေးနဲ့တွေ့ရင် ကို

ပြောနေကျစကားရှိပါတယ် အရမ်းချစ်ဖို့ကောင်းတာပဲကွာတဲ့။

“အာ ဒေးကလဲကွာသူငယ်ချင်းတွေကို အားနာစရာ”

ကြည့်ပါလား သူနဲ့ပက်သက်ရင် ဒေး ကဒုတိယနေရာမှာ အမြဲ ရပ်နေရသူပါ။ဒေး အသံတစ်ချက် မာပြီး ပြောလိုက်တယ်။


“နေပါစေတော့ ဒေး ကိုယ့်ဟာကိုယ်သွားမယ် လိုက်မနေနဲ့ သေချင်သေပေါ့ ကားကိုအရမ်းမောင်းပစ်မှာပဲ”


သိပါတယ် ဒေး ဘယ်လိုပဲခြိမ်းခြောက်ခြိမ်းခြောက် စိုးရိမ်တဲ့အသံလေးတစ်ချက်တောင်ထွက်မလာတတ်တဲ့ ကို့ အကြောင်း

ကို ဒေး ကောင်ကောင်းကြီးသိနေပါတယ်။


“ဒေး ကို့ ကိုအဲ့လိုမကြပ်နဲ့ကွာဒေး ကိုတစ်ယောက်ထဲသွားရင်တော့ရတာပေါ့ အခုကအားလုံးလူစုံတတ်စုံအတူသွားမေးမယ်
လို့ပြောပြီးသားဖြစ်နေပြီလေ ကိုကတိမပျက်ချင်ဘူး ပြီးတော့ကိုယ့်ကားနဲ့သွားကြမှာ ကို မလိုက်ရင် အကုန်ကမောက်ကမ
တွေဖြစ်ကုန်လိမ့်မယ် ကို့ကြောင့် အစီအစဉ်တွေပြန်ပြောင်းရရင်အားနာစရာကွာ့ကို့ဒေး ကလိမ္မာပါတယ်ကွာ
ကားကိုဖြည်းဖြည်းမောင်းနော် ”

ဒေး ဘာမှမပြောပဲ ဖုန်းခွက်ကို ဒီအတိုင်းကိုင်ထားပြီး အသံဆိတ်နေလိုက်တယ်။ချော့များချော့ မလားဆိုတဲ့ မျှော်လင့်ချက်

နဲ့ပါ။


“ကဲပါ ဒေး ဒါပဲနော် ကို အလုပ်ရှိသေးတယ် နောက်မှဖုန်းပြန်ဆက်မယ် တာ့တာ့ ရွှတ့့်”

တီ့တီ့တီ့တီ


ဒါမျိုးတွေကဒေးကြုံနေကျပါ သူပြောချင် ရာပြောပြီးသူလုပ်ချင်ရာ လုပ်တတ်တာ ကို့ အကျင့်ပါ။ဒေးဖုန်းခွက်ကိုနား ဘေးမှာ

ကပ်ထားမိနေရင်းကိုနဲ့ပက်သက်ရင် ဒေးကချည်းရှုံးရစမြဲပါပဲလို့တွေးမိတယ် နောက်စိတ်ကူးတို့ကကို နဲ့စတင်ဆုံဆည်းခဲ့တဲ့

နေ့လေးဆီကိုမရည်ရွယ်ပဲရောက်သွားခဲ့ပြန်တယ်။



ကို နဲ့စတင်ဆုံဆည်းခဲ့တာမနက်ခင်းလေးတစ်ခုမှာပါ။ရာသီဥတုကလဲ မှုန်မှိုင်းလို့ တစ်ချက်တစ်ချက် လေးပြင်းတွေက

ဝေ့ဝိုက်ပြီး ရွက်ကြွေတစ်ချို့ကို ဆော့ကစားနေပါသေးတယ်။ဒေး ယာဉ်မောင်း လိုင်စင်လုပ်ဖို့အတွက် စာရွက်စာတမ်း

တွေကိုမိတ္တူလာဆွဲရင်း အဖော်ရအောင်ခေါ်ထားတဲ့ ဂျစ်ဖူးမ ကိုစောင့်နေလိုက်တယ်။



မိတ္တူဆိုင်လေးရဲ့ရှေ့က ခုံတန်းရှည်လေးပေါ်မှာထိုင်ရင်းကူးထားတဲ့စာရွက်တွေကိုဘေးမှာချပြီးအစုတ်ပလုပ်ဂျစ်ဖူးမ

ကိုစိတ်မရှည်စွာနဲ့စောင့်နေမိတယ်။လက်ဖမိုးနှစ်ခုပေါ် မေးတင်လို့ စဉ်းစားခန်း ချဲ့နေချိန်ပါပဲ။မနက်ခင်းကလဲကဗျာမဆန်

လိုက်တာလို့စိတ်ထဲကနေပြောရင်း တိုက်ခက်လာတဲ့ လေအေးအေး လေးကို တဝကြီးရှူသွင်းလိုက်ချိန်မှာပဲ ကြမ်းတမ်း

တဲ့လေစိမ်းတစ်ချို့က ဘေးမှာတင်ထားတဲ့စာရွက်တစ်ချို့ ကို ခုန်ပေါက်သွားစေခဲ့တယ်။



ဒေး အလန့်တကြား နဲ့ကဆုန်ပေါက်သွားတဲ့ စာရွက်လေးကိုလှမ်းဖမ်းနေတုန်း “အ” ဆိုတဲ့အသံနဲ့အတူ ဒေးရဲ့ဆံပင်တွေ

ကိုဆောင့်ဆွဲတာခံလိုက်ရတယ်။ဒေး မျက်နှာလှလှလေးကို ဒေါသစိတ်နဲ့ဖုံးပြီးအပေါ်ကိုမေါ့ကြည့်ပစ်လိုက်တယ်။ဟုတ်

တယ်လေသူကများ “အ” ဆိုပြီးအော်ရတယ် ရှိသေးတယ် တကယ်ဆံပင်ဆွဲခံလိုက်ရတာက ဒေး ပါ။

“ဆောရီး”

ဒေး စိတ်ထဲမှာတင်းခနဲ့ဖြစ်သွားတယ့်မကောင်းတတ်လို့ ဝတ်ကျေတန်းကျေ ပြောတဲ့လေသံမှန်းအရမ်းသိသာပါတယ်။

ပြီးတော့ မျက်စိတစ်ဖက်က မှိတ်ပြနေသေးတယ်။ဘယ်လောက်အမြင်ကက်ဖို့ကောင်းလဲလို့။


“ရှင် ရိုင်းလှချေလား ကျွန်မ ဆံပင်ကို ရှင်ဘာလို့ဆွဲတာလဲ ”

ရုပ်ကိုက မချိုမချဉ် နဲ့မျက်နှာပိုးကလဲမသေပါ။

ဒေး ပွစိပွစိနဲ့ မန်းမှုတ်သလို ပါးစပ်ကရွတ်ရင် ခေါင်းကိုပွတ်နေမိတယ် တော်တော်လေးလဲ နာသွားပါတယ်။အဲ့အချိန်

ကျမှပဲ ကိုယ်တော်ချောက့

“ကဲဒီမှာအမိ ပြောလို့ပြီးရင် ကျွန်တော် ရှင်းပြပါရစေ ပြီးတော့ တောင်းပန် မလို့”

အမ်မယ် တောင်းပန်မဲ့လူကလဲ ပြောပုံက အထက်ဆီးကလို့ တွေးမိပြီး ဒေး နှုတ်ခမ်းကိုမဲ့ ထားလိုက်တယ်။

“ဒီလိုပါ ဒီအဖြစ်အပျက်မှာ အမိရော ကျွန်တော်ပါ နှစ်ယောက်လုံးအမှားမကင်းပါဘူး”


“ရှင် ဘာပြောတယ် ကျွန်မ ဆံပင်ကိုရှင် ဘလိုင်းလာဆွဲတာနော် သနားလို့ ရှင်သက်သာသွားတယ်မှတ်ပါ ကျွန်အမျိုးသမီး
ရေးရာ တိုင်လိုက်ရင်ရှင် ဘာဖြစ်သွားမယ်မှတ်လဲ”

သူ တစ်ချက်တည်သွားတာဒေး တွေ့လိုက်တယ် ပြီးတော့ လေသံနဲနဲပျော့သွားပြီး

“ဟုတ်ပါတယ် ဗျာ အမိကလဲ အခွင့်အရေးရတာနဲ့ ဖြဲခြောက်တော့တာပဲ ရှင်းပြတာကိုအရင်နားထောင်ပေးပါအုံး”

ဒေး နားထောင်ပေးလိုက်ပါတယ်။

“ဒီလိုဗျာ ခုနက လေအရမ်းတိုက်လာတယ်မလား အဲ့လေကြောင့် အမိစာရွက်တွေလွင့်ကုန်တယ် အမိကလိုက်ဖမ်းတယ်
ဟုတ်တယ်နော်? အဲ့အချိန်မှာပဲ လေတိုက်ပြီးကျွန်တော့်မျက်စိထဲကို ဖုံ ဝင်သွားလို့ အရမ်းနာပြီး လက်နဲ့ပွတ်မလို့ လက်ကို
အမြှောက် အမိက စာရွက်တွေကို ထိုင်နေရာကနေထပြီး လှမ်းအဖမ်းဆိုတော့ အမိဆံပင်တွေနဲ့ ကျွန်တော့်နာရီနဲ့ ငြိ သွား
တာဗျ ပြီးတော့မျက်လုံးမှိတ်ပြတာမဟုတ်ပါဘူး ဖုံဝင်နေလို့ မျက်စိမဖွင့်နိုင်တာပါ”


ဟုတ်တော့ဟုတ်နေတာပဲ သူပြောတဲ့အတိုင်းသာအမှန်ဆိုရင်တော့ ဒေးထင်တာမှားသွားပြီပေါ့လို့ စိတ်ထဲကတွေးမိရင်း
ပြုံးမိသွားတယ်။ပြီးတော့ အဲ့အပြုံးက သူ့အတွက်ပါဖြစ်သွားတယ်။ကျွန်မ ပြုံးတာကိုမြင်သွားတဲ့သူက့

“ဒါဆိုကျွန်တော် တို့ သူငယ်ချင်းဖြစ်သွားပြီနော်တဲ့”

့အဲ့လိုနဲ့ပဲ ကဗျာမဆန်တဲ့တွေ့ဆုံခြင်းကနေစပြီး နောက်ပိုင်းမှာတော့ သူဟာ ကျွန်မ

ရဲ့ ကို ဖြစ်လာပြီးတော့ အမိဆိုတဲ့ကျွန်မကတော့ ကို့ ရဲ့ ကျွန်မ ဖြစ်သွားခဲ့ပါတယ်။


ကိုနဲ့စတင် ဆုံဆည်းခဲ့ ချိန်တုန်းက ကျွန်မ ရဲ့ဆံပင်တွေ နာကျင်ခဲ့သလိုပါပဲ သူ့ကြောင့်ဆိုရင် ကျွန်မ အမြဲတမ်းနာကျင်ရပါ

တယ်။ကို ကျွန်မကိုတကယ်ချစ်တာလား ဟန်ဆောင်နေတာလားဆိုတာ အခုထိ ရေရာတဲ့အဖြေကိုမထုတ်နိုင်သေးပါဘူး။

ဒါပေမဲ့ ကျွန်မ ကတော့ သူ့ကိုတကယ်ချစ်မိသွားတာပါ။ချစ်မိသူက အရှုံးပဲဆိုတဲ့ ဒဿန အတိုင်းကျွန်မ ကပဲအမြဲရှုံးနေရပါ

တယ်။ ကို ကတော့ ကျွန်မကိုမချစ်လို့ မရှုံးတာလား မသိပါပေမဲ့ ကိုနဲ့ကျွန်မရဲ့ပြိုင်ပွဲတိုင်းမှာ အမြဲအနိုင်ရတတ်သူက ကို ပါ။


ဒေး ကို့ ဖုန်းကိုမျှော်နေမိတယ် ဒါပေမဲ့ မိုးသာချုပ်သွားတယ် ကို ဆက်မလာခဲ့ပါဘူး။အမှန်ဆိုရင်တော့ ကို ဖုန်းလေးတော့

ဆက်ပြီး ဒေး စိတ်ပြေသွားအောင် ပြောပေးသင့်ပါတယ်။ညရောက်တော့ ဒေးကပဲဆက်လိုက်ရမလား ကို့ဖုန်း ကိုပဲမျှော်

ရမလားဝေခွဲရင်း ကို့အသံကြားချင်စိတ်ကိုချိုးနှိမ်ပြီး ဒေးကြိတ်မှိတ်အိပ်ပစ်လိုက်တယ်။


နောက်နေ့မှာလေ ယာဉ်ကွင်ချိန်းက ၁၁နာရီခွဲ ဆိုတော့ ဂျစ်ဖူးမ အိမ်ကိုစောစောလေးသွားခေါ်ပြီး လေယာဉ်ကွင်းကိုအေး

အေးဆေးဆေး မောင်းလာလိုက်တယ်။ကို့ ရဲ့ ဒေး အပေါ်ဂရုမစိုက်ပုံတွေကိုလဲ ဂျစ်ဖူးမ ကိုရင်ဖွင့် မိတယ်။အဲ့ဒီနောက်တော့

လေယာဉ်ကွင်းကိုသွားရင်းဆေးရုံနားရောက်တော့ ကားကိုဖြည်းဖြည်းလေးမောင်းပြီး တစ်ချက်လှမ်းကြည့်မိပြီး ပြုံးရပါသေး

တယ်။ ကို့ ရဲ့ကားကို ကားပါကင်မှာ အခန့်သားရပ်ထားတာကိုတွေ့လိုက်ရလို့လေ။


ဂျစ်ဖူးကိုတောင်ကြွားလိုက်ပါသေးတယ်။တွေ့လားငါ့ရဲ့ ကိုကအဲ့လိုမျိုး ကူညီတတ်သူလေဆိုပြီးတော့ပေါ့။ကားမောင်းနေရင်း

ဂျစ်ဖူးမကတစ်စခန်းထလာပါတယ်။ဒီမြို့လေးကနေသူအနည်းဆုံး ၆လလောက် ခွဲသွားရမှာဆိုတော့ သူဒီမြို့ကမထွက်ခင်

နှီးဘုရားက ၇ နေ့ ၇ နံဘုရားကို ရေသပ္ပာယ်သွားချင်လို့လိုက်ပို့ပေးပါအုံးတဲ့။ကျွန်မလဲကုသိုလ်ရေးဆိုတော့ သိပ်ကြပ်မနေ

တော့ပဲ စိတ်ပါလက်ပါလိုက်ပို့ပေးဖြစ်ပါတယ်။


“ကဲ ဒေါ်ဂျစ် မြန်မြန်လဲ ရှိခိုး အုံး သွားခါနီးကျမှ ဘဲဘဲ ညတိုင်းဖုန်းဆက်ပါစေဆိုပြီး အခါတစ်ထောင်လောက်ဆုတောင်း

မနေနဲ့ ငါ ကားပေါ်ကပဲစောင့်တော့မယ်”

“အမ်မလေး မိဒေး ပိဿလေး ခဲပစ်ပဲကြည့်စမ်း ငါ့ကိုများ သူ့လိုမှတ်နေလားမသိဘူး တော်ပြီတော်ပြီ နင် နဲ့ပြိုင်ပြောနေဖို့
အချိန်မရှိဘူး သွားပြီး ခဏလေးစောင့် ဟုတ်ပြီလား”

ဂျစ်ဖူး ထွက်သွားတုန်း ခဏလောက်နှပ်လိုက်အုံးမှဆိုပြီး ဒေး ထိုင်ခုံကို နောက်လှန်ပြီး မျက်လုံးလေးမှေးပြီး စောင့်
နေလိုက်တယ်။

“ဂတောက်ဂတောက် ဂလွီ ဂလွမ် ကျီ!!!!!!!!!!!!!!!!!!!!!!!!!!!!!!”

အော့်ကံများမကောင်းချင်တော့ အေးရာအေးကြောင်းဘုရားရိပ်မှာ လာနေတာတောင် အသံနဲ့ နှိပ်စက်မဲ့လူတွေ

ကရှိနေသေးပါလားဆိုပြီး ဒေး မကျေမနပ်နဲ့ ရေရွတ်မိတယ်။ဟုတ်တယ်လေ လော်ကြီးနဲ့ ဘာတွေအော်အုံးမယ်မသိဘူး

အခုတော့မိုက်စမ်းနေတာပြီးကိုမပြီးနိုင်ဘူးကိုးးးးးးးးးးးးးးးးးးးး။

“ဟဲလို တတ်စတီ ဟဲလို ”

စိတ်မချမ်းသာစရာပါပဲ လော်ကြီးကငယ်သံပါအောင်အော်နေရရှာတယ့့်

ဒေး ဘာတွေများအော်အုံးးးမှာလဲလို့ စပ်စုချင်တဲ့စိတ်နဲ့ နားစိုက်ထောင်မိတယ့်

“ဟဲလို ဟဲလို ဟုတ်ကဲ့ပါခင်ဗျ အခုလိုမနက်ခင်းချိန်ခါသမယမှာ မောင့်နဲ့ မ့တို့စုံတွဲမှ ချစ်သူသက်တမ်း ၆ လပြည့်
အထိမ်းအမှတ်အနေ နဲ့ ဤတန်ခိုးကြီး နှီး ဘုရားမှာ ရွှေသက္ကင်္န်းကပ်လှူပူဇော်ရန်အတွက် သဒ္ဒါစိတ်အာား ထက်သန်စွာဖြင့်
အလှူတော်ငွေ ငါးသောင်းကျပ်တိတိ ကိုလှူဒါန်းသွားပါကြောင်းနှင် ဤကဲ့သို့လှူဒါန်းရသောအကျိုးအားကြောင့် ဒီချစ်သူစုံ
တွဲ နှစ်ယောက် ရာသက်ပန်လက်တွဲသွားနိုင်ကြပြီး********************* ကြပါစေ့”


ဒေး အံအားသင့်် သွားပါတယ် ဂေါပက ကြီးအော်နေတာ ကို့နာမည်ပါ။အို့မဟုတ်လောက်ပါဘူးလေ ကို ကအဲ့လိုလူစား

မျိုးမဟုတ်ပါဘူးဆိုပြီး စိတ်တင်းပေမဲ့ မျက်ရည်ကတော့ဝဲနေပါပြီ လူတူမရှားနာမည်တူမရှာပါလို့ တွေးနေတုန်း မှာပဲ ဂျစ်ဖူး

ပျာယီးပျာယာနဲ့ ဘုရားပေါ်ကပြေးဆင်းလာတာတွေ့လိုက်ရတယ့်အမ်မလေး ကျွန်မ ရင်တွေတုန်လိုက်တာ ကျွန်မထင်

သလို တကယ်များဖြစ်နေပြီလား??????အိုမဖြစ်နိုင်တာ ကို ကဆေးရုံမှာ ရှိနေတာပဲဟာ ခုနလေးကတောင်ကို့ကားကိုဆေး

ရုံမှာ တွေ့ခဲ့သေးတာပဲဟာ။



ဂျစ်ဖူး ဒရောပါပြေးလာရင်း


“ဟဲ့ မိဒေး နင့့်နင့် ရဲ့ ကို အနောက်ဖက်မုဒ်ကနေဆင်းသွားတယ် နင်အမြန်လိုက် ကြည့်လိုက် မှီသေးတယ်။”


ကျွန်မ အလိုလိုနေရင်းမျက်ရည်တွေစို့တတ်လာတယ် ပြီးတော့ ကားပေါ်ကနေ တုန်ရီမောဟိုက်စွာနဲ့ လဲကျလုမတတ်

ခန္တာကို ကြိုးစားထိန်းပြီး အနောက်ဖက်မုဒ်ကို အပြေးလေးလှမ်းသွားမိတယ်။ အလိုလေးးးးးးးး ကျွန်မကမ္ဘာလေး ပြိုသွားပါပြီ

တကယ်ပါပဲ ကိုမှကို အစစ်ပါ ကောင်မလေးလက်ကိုဆွဲလို့ ကားထဲကိုပို့ပေးပြီး ကားတံခါးကို ညင်ညင်သာသာပိတ်လို့ ကား

သော့ ကိုကို့အကျင့်အတိုင်းလက်ညှိုးထဲမှာလှည့်ဆော့ရင်း ကားပေါ်တတ်ပြီး စက်နှိုးမောင်းထွက်သွားတဲ့မြင်ကွင်းပါ။ကျွန်မ

သိလိုက်ပါပြီ ကို ဒေးကိုဟန်ပြအနေနဲ့ သူ့ရဲ့ကားကို ဆေးရုံမှာရပ်ပြထားပြီးဟိုကောင်မလေးကားနဲ့ လာပလူးနေတာသေချာ

နေပါပြီ။


ကျွန်မဘာလုပ်သင့်သလဲ အော်ခေါ်ရမလား ပြေးပြီးတော့ပဲ ပါးရိုက်ပစ်လိုက်ရမလား ဟို မိန်းမ ကိုပဲ အရှက်ခွဲပစ်ရမလား

မသိခင် ကိုတို့ကတော့ပျော်ရွှင်စွာနဲ့ ကားမောင်းထွက်သွားခဲ့တယ်နော်။ကျွန်မ လဲကျမသွားခဲ့သလို ရှေ့ဆက်လဲခြေမလှမ်း

နိုင်တော့ပါဘူး အသက်သာရှူသေးရင်တော့ ကျွန်မ ကိုယ်ကျွန်မ မသေသေးဘူးလို့ ပြောလို့ရနိုင်မှာပါ။ဒါပေမဲ့ ကျွန်မသေ

သွားသလိုပါပဲ ကျွန်မရင်ထဲမှာ ပြောမပြနိုင်လောက်အောင်ကြေကွဲနေရတယ်။အသဲကွဲလို့ ခံစားရတယ် ဆိုတာထက် ကို ဆို

တဲ့ လူတစ်ယောက်က ကျွန်မအပေါ် ဒီလို လုပ်ရက် သွားတာကို မခံစားနိုင်တာပါ။


“မိဒေး ဟဲ့ မိဒေး သတိထားအုံးလေ”


ကျွန်မ သတိရှိပါတယ် ဒါပေမဲ့ အဲ့ဒီ ရှိတဲ့ သတိက ကျွန်မကို ငိုနိုင်အောင်မစွမ်းဆောင်ပေးနိုင်ပါဘူး။ကျွန်မအားရပါးရငိုချ

ပစ်လိုက်ချင်ပါတယ် ဒါပေမဲ့ ကျွန်မ မှာမျက်ရည်တွေ မရှိတော့ဘူးထင်ပါရဲ့။

“ဟဲ့ ဒေး !!!!! ဒေး!!!!! ”

ကျွန်မမူးလဲသွားတယ်ထင်ပါတယ့်ကျွန်မ မျက်လုံးဖွင့်ကြည့်လိုက်တော့ အလှူခံမဏ္ဍပ်ထဲ ရောက်နေတယ်။

အဲ့ကျမှပဲ ကျွန်မအကြောင်းစုံသိရတော့တယ် ကျွန်မရဲ့ ကိုဆိုတဲ့လူက ဟိုကောင်မလေးနဲ့ ညနေတိုင်းဒီဘုရားကိုရောက်

လာနေကျတဲ့ ရောက်လာတိုင်းလဲ ဒီက ဂေါပကကြီးအတွက် လ္ဘက်ရည်သို့မဟုတ် စားစရာတစ်ခုခုပါလာတတ်သလို

ကောင်မလေးပါမလာတတ်တဲ့ ညနေတိုင်တစ်ချို့မှာလဲ သူအဲ့ဒီကောင်မလေးကိုဘယ်လောက်ချစ်ကြောင်း ကောင်မလေး

ကလဲ သူ့ကို ဘယ်လို ချစ်ကြောင်း သူတို့အချစ်ပုံပြင်လေးတွေကိုပြောပြတတ်သလို အထီးကျန်ဆန်နေတဲ့ဂေါပက ကြီး

ကိုလဲ ပျော်ရွှင်လာအောင် အဖေါ်ပြုပေးတတ်ပြန်ပါတယ်တဲ့။တစ်ခါကဆို ဂေါပကြီးကြီးရဲ့ မိန်းမ လူကြီးရောဂါနဲ့ ဆေးရုံ

တတ်ရတုန်းကလဲ ငွေရေးကြေးရေးကအစ အစစအရာရာ လိုလေသေးမရှိအောင် ကူညီပေးခဲ့ဖူးတယ်တဲ့။ဒါတင်ဘယ်က

အုံးမလဲတဲ့ ဂေါပကကြီးရဲ့ သားအငယ်လေးအတွက် တက္ကသိုလ် စရိတ်ကိုလဲကျောင်းပြီးတဲ့အထိပညာ့ဒါန အဖြစ်ကုသိုလ်

ယူထားသေးတယ်ဆိုပဲ။


ဒေး ဒီအလှူခံ ကောင်လေး ရဲ့ပြောပြတဲ့စကားတွေကိုနားထောင်ပြီး ဝမ်းနည်းနေတဲ့ကြားက ကို့ရဲ့ အဲ့လိုစာနာကူညီ

တတ်တဲ့ စိတ်ထားတွေသာ ဒေး အပေါ်မှာ ရှိခဲ့ရင်ဆိုပြီးတော့တွေးမိပြီး ဟိုကောင်မလေးမျက်နှာက ဒေးမျက်စိထဲမှာ

ကန့်လန့်ကြီးပေါ်လာပြန်တယ် အဲ့ဒီနောက်တော့ဒေး ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ပဲ ကို ဆိုတဲ့ လူယုတ်မာဆီကို

ဒေါသ တကြီး ပြေးထွက်လိုက်မိပါတော့တယ့်

ဒါပေမဲ့ ဒေးခြေလှမ်းတွေကတော့ မြတ်ဘုရား ရင်ပြင်တော်ဖက်ကိုသာ ဦးတည်မိရင့်း့

အရှင်ဘုရား
တိုင်တည် ဆုချွေ
ပြည့်ပါစေဟု့
ကြွေလွယ် ခလွယ်
လွင့်မြော လွယ်သော
ပူပင် စီဆင်း ကုစားဖွေရာ
ဤမျက်ရည်အား သွင်သွင်စီးလို့
ငိုကြွေးခွင့်သို့ ပေးသနားပါ့အရှင်ဘုရာ့း


အဲ့ဒါပါပဲဗျာ ကျွန်တော်အတင်းမပြောတတ်ပါဘူး။ကျွန်တော်သိတဲ့ လူကောင်းတစ်ယောက်၊ လူတစ်ဖက်သားကို ကူညီတတ်

တဲ့ လူတစ်ယောက်အကြောင်းကို တခြားလူတွေ အတုယူနိုင်ပြောပြလိုက်တာကိုပဲ လူတွေက အတင်းပြောတယ်တဲ့ဗျာ။

ကျွန်တော့်ဟာ ကျွန်တော်အေးအေးဆေးဆေး နေချင်လို့ အေးရာအေးကြောင်း ဒီ ဘုရားရဲ့ အလှူခံမဏ္ဍပ်မှာ စေတနာ့

နိဗာန်ဆော် လာလုပ်နေတာပါဗျာ့ အခုတော့ ကျွန်တော်သိတဲ့ ကောင်လေးတစ်ယောက်ရဲ့ ချစ်သူအကြောင်း နဲ့ သူ့ရဲ့

စိတ်ကောင်းရှိပုံတွေ ကို ကြုံကြိုက်တုန်းကောင်မလေးတစ်ယောက်ကိုပြောလိုက်မိတာပါ့အဲ့တာကိုပဲ ကျန်တဲ့ အကျိုးတော်

ဆောင်(ဂေါပက) တစ်ဖွဲ့လုံးက ကျွန်တော့်ကို သူများအကြောင်းလျှောက်မပြောရဘူးလေဆိုပဲ။ခင်ဗျားတို့ပဲ စဉ်းစားပေးကြပါ

ဗျာ့ကျွန်တော်အတင်းများပြောမိသလားလို့ ????????????????????????



ကြိုးစားရင်း လဲကျရင်းပါပဲ့ဖြိုးဇာနည် ည့၉နာရီ တိတိ


4

Expire Joke

Posted by ဖြိုးဇာနည် on Tuesday, March 06, 2012 in
ဒီနေ့ mailbox ရှင်းလင်းရေးလုပ်ဖြစ်တယ် အားအားယားယားဖြစ်နေတော့ လက်ယားလက်ယား မလုပ်ချင်တာနဲ့

အိမ်ထဲမှာပဲအောင်းနေရင်း inbox mail တွေ 1000 ကျော်ရှိနေတာကို(အပျင်းကြီးပြီး မရှင်းပဲပစ်ထားသော)စိတ်ပါ

လက်ပါလိုက်ရှင်းမိတယ်။ software လေးတစ်ခုလိုချင်လို့ google မှာရှာလိုက် social website တွေမှာ free

download ရမယ် ဆိုတော့ဝင်သွားလိုက် အသင်းဝင်ရမယ် ဆိုတော့ဝင်လိုက် အဲ့တုန်းကတော့ ဟုတ်နေတာပဲ။

နောက်များမှ အဲ့တုန်းက မစူးစမ်းပဲ မန်ဘာ ဝင်ခဲ့သမျှ နောက်များမှ ပို့လိုက်တဲ့ mailတွေ ဘာမှန်းကိုမသိတာ တစ်

ရက်တစ်ရက် အစောင်ပေါင်းမနည်းဘူး။ကြာတော့ဖျက်ရတာတောင်စိတ်ပျက်လာတယ် ဒါနဲ့ပဲ တစ်လလောက်နေ

မှတစ်ခါလောက်ပဲရှင်းဖြစ်တော့တာပါ။ သူငယ်ချင်းတို့လဲ နောင်ဆို ကိုယ်သိပ်မသိပဲ အသင်းဝင်ဖို့ လိုအပ်လာလို့

website တွေမှာ signup လုပ်ဖြစ်ခဲ့ရင် email address ထည့်သွင်းတဲ့နေရာမှာ ကိုယ်သိပ်အသုံး မပြုတဲ့ email

address ကိုသာ ဖြည့်ကြပါလို့ အကြံပေးလိုက်ပါရစေ။


ဝင်ထားသမျှတွေကို စိတ်ပျက်ပျက်နဲ့အကုန်လိုက်ဖျက်ပစ်ရင်း အရင်ကကြည့်ပြီးသား (လိုအပ်မယ်ထင်ပြီးအမှတ်)

တရသိမ်းထားတဲ့ mail တွေပဲ ကျန်တော့တဲ့အထိ ဖျက်ကောင်းကောင်းနဲ့ဖျက်ပစ်လိုက်တာ Inbox မှာ 0 ဖြစ်တဲ့

အထိပါပဲ။ပြီးတော့မှစိတ်ပါလက်ပါနှဲ့ အရင်ဖတ်ပြီးသားmailတွေကို လိုက်ကြည့်ရင်း ၂၀၀၉ ၊ ၆ ၊ ၁၃ နေ့က

venussnow2@gmail.com ကပို့ပေးထားတဲ့ဒီဟာသလေးတွေကိုဖတ်လိုက်ရပြီး ကိုယ်လဲကြိုက်တယ် blog မှာ

လဲ ဟာသတွေမတင်ဖြစ်တာကြာနေပြီဆိုတော့ ကူးယူပြီး post အဖြစ်ပြောင်းလိုက်ရပါတယ်။ကြာလဲကြာခဲ့ပြီဆို

တော့ venussnow2@gmail.com ဟာလဲဘယ်သူမှန်းလဲမမှတ်မိတော့သလိုသူ blockလုပ်တဲ့အထဲပဲကျွန်တော်

ပါသွားသလားသူပဲ account အသစ်နဲ့ပဲသုံးတော့တာလား မသိတော့ပါဘူး မတွေ့ဖြစ်တာလဲအတော်ကြာပြီဆိုပါ

တော့ဗျာ့ဒါကြောင့် ဒီ ဟာသလေးတွေကို သူဘယ်ကရသလဲ သူပဲရေးသလားဆိုတာ မေးဖို့အခက်အခဲ ဖြစ်ရ

တာကြောင့် ရေးသားသူနေရာမှာ မူရင်းဘယ်သူဆိုတာထည့်သွင်းဖော်ပြမပေးနိုင် ခဲ့ပါဘူး။ဒါကြောင့်ဒီနေရာလေး

ကနေပဲ မူရင်းရေးသားသူကို ခွင့်တောင်းပြီး ဖော်ပြပေးလိုက်ပါရစေခင်ဗျာ့




(၁)ရှက်လို့

ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ

ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...

မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....





(၂)ရောဂါဟောင်း

ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည် သူ့ဆေးခန်းသို့ပထမဆုံးရောက်လာ သည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့် ချွေးပြန်လာသည်။

ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...

ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့

ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစ်ဖူးပါတယ်

ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ




(၃)ရပ်မပေးနိုင်ပါ

ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။

ကိစ္စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။




(၄)မောင့်အချစ်ကပိုပါတယ်

ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။

မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ တစ်ပုလင်းတည်း ချစ်တာပါ။




(၅)ဒီလောက်ပဲတက်ဖို့လိုတယ်

ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက် ပိုမရေတက်သေးဘူး။

ကြီးလာရင် ဘာလုပ်စားမှာလဲ ။

လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။




(၆)ကယ်တော်မူပါ

သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။

ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။


ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။

ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။ ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ

အလုပ်လုပ်စားတာ မရှိဘူး။




(၇)ဒါလည်းဟုတ်သားပဲ

ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။

ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။

ခင်ဗျားက လူမဟုတ်ဘူးလား။

ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။

ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။




(၈)သူ့ကြောင့်မိုပါ

မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။

ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။




(၉)မှားတက်ပလေ

ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊ ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့


အထီးလား၊ အမလားတောင် ခွဲလို့မရဘူး။

အဲ့ဒါ... ငါ့သမီးပါ။

အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။

ဟကောင်ရ... ငါက သူ့အမေကွဲ့။

ဟိုက်!!!!!



ဖြိုးဇာနည့်နေ့လည် ၂း၃၀ တိတိ

4

အသင့်

Posted by ဖြိုးဇာနည် on Monday, March 05, 2012 in



ရင်ဘတ်ပေါ်ကို
မိုးစက်တွေ လိုပဲ
အရှိန်နဲ့ကျရောက်လာပြီး
ရင်ထဲကိုစိမ့်ဝင်သွားပြီဆိုမှ
နေရဲ့အပူရှိန် နဲ့အတူအငွေ့အဖြစ်
ဖြည်းဖြည်းလေး
နှုတ်ဆက်သွားကြတယ့်











ကလေးဘဝတုန်းက စတင်ခဲ့တာပါ။ ခွဲခွာခြင်းတဲ့။ မူကြိုကျောင်းကိုစရောက်ခဲ့တော့ အမြဲတမ်း အတူနေကြရ

မှာပဲလို့ထင်ထားခဲ့တဲ့အိမ်သားတွေနဲ့ စတင်ခွဲခွာခဲ့ရပါတယ်။ ငိုလိုက်တာ ဂွဲဂွဲ ကိုလန်လို့။အဲ့ဒီနောက်မှာတော့

သူငယ်ချင်းတစ်ယောက်ပထမဦးဆုံးကောက်ရခဲ့ဖူးတယ်။နောက် ၃ရက်ကြာတော့ သူ့မိဘတွေကမူကြိုကျောင်း
မထားတော့ပဲ အိမ်မှာတင် ကလေးထိန်းတစ်ယောက်ငှားလိုက်ကြတယ်။သူငယ်ချင်းဆိုတာတောင်ဘာမှန်းရေ

ရေရာရာ မသိသေးခင် ခွဲခွာခြင်း ဆိုတာကြီးကို ဒုတိယအကြိမ်ပြန်လည်ခံစား လိုက်ရတယ်။ခါးသက်သက်အရ

သာဆိုတာက ကျွန်တော်နဲ့ ငယ်ငယ်လေးကထဲကမစိမ်း ခဲ့တာပါပဲ။


သူငယ်တန်းရောက်တော့ သူငယ်ချင်းတွေအများကြီးနဲ့တွေ့ ရပါတော့တယ် အိမ်မက်ထဲကလိုပါပဲ ကျွန်တော့်

ဘေးပတ်ပတ်လည်မှာ ရောင်စုံသူငယ်ချင်းတွေ အများကြီးကိုမျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတယ်။ကကြီးခခွေး
နဲ့ အေဘီစီဒီတွေကြားထဲမှာ ဆော့ကစားရင်းနဲ့ပဲ ခွဲခွာခြင်းဆိုတာကိုကျွန်တော်မေ့ပျောက်နေခဲ့မိတယ်။နောက်

တော့မူလတန်း ကိုကျော်လွန်ပြီး အလယ်တန်းကိုတတ်လှမ်းကြရတော့ ကျွန်တော့််သူငယ်ချင်းတစ်ယောက်

(အခင်ဆုံးသူငယ်ချင်းတစ်ယောက်) ကျောင်းပြောင်းတတ်ပြီး ကျွှန်တော့်ကိုခွဲသွားပြန်ပါတယ်။ ရှိပါစေလေ

ကျွန်တော်လဲအလယ်တန်း တောင်ရောက်နေမှပဲခွဲခွာခြင်းဆိုတာကိုကျွန်တော်နားလည်စပြုလာပါပြီ။။


အလယ်တန်းမှာလဲထိုနည်းအတိုင်းပါပဲ ထိခိုက်မူတစ်စုံတစ်ရာမရှိပေမဲ့ စိတ်ဓါတ်ကိုတော့ပြင်းပြင်းထန်ထန်နဲ့

ကိုင်လှုပ်သွားပါတယ်။သူငယ်ချင်းတွေရဲ့ခွဲခွါခြင်းလောက်ပဲကြုံတွေ့ဖူးတဲ့ကျွန်တော့်မှာ ဒီတစ်ခါတော့အတော်

လေးခံစားရခက်ပါတယ်။ကျွန်တော်ချစ်ခင်လေးစားရတဲ့ဆရာမလေးတစ်ယောက် နယ်ပြောင်းသွားရပါတယ်။

နေပါစေလေ တချိန်ချိန်တော့ပြန်တွေ့ရအုံးမှာပါဆိုပြီးဖြေသိမ့်လိုက်ပါတယ်။


အထက်တန်းမှာတော့ ရှိသမျှသူငယ်ချင်းတွေနဲ့ခွဲခွာပြီး အဆောင်ကြီး တစ်ခုကိုကျွန်တော်ရောက်ရှိခဲ့တယ်။

ဒီတစ်ခါတော့ ကျွန်တော်ကပဲစတင်ပြီးခွဲခွာခဲ့တာပါ။ဒါပေမဲ့ ဘယ်သူပဲထွက်ခွာခဲ့ ထွက်ခွာခဲ့ ဘယ်သူပဲကျန်နေ

ခဲ့ကျန်နေခဲ့ နာကျင်ရတာချင်းတော့အတူတူပါပဲ့



တက္ကသိုလ် ဆိုတာကြီးကိုခြေချမိပြီးမကြာခင်မှာပဲ ဘယ်တော့မှခွဲမသွားနိုင်ဘူးလို့ ထင်ထားခဲ့သူတစ်ယောက်

ကလဲကျွန်တော့်ကိုခွဲခွာသွားပြန်တယ် သူကတော့ ကျွန်တော့်ကိုခွဲခွါတာမဟုတ်ပါဘူး ပစ်ခွာပြေးသွားတာပါ။

အဲ့ဒီနောက်ပိုင်းမှာတော့ ကျွန်တော်ခွဲခွာခြင်းဆိုတာကို ကြောက်ရွံတတ်လာခဲ့တယ်။အသက်ကလေးကြီးလာ

လေလေ ခွဲခွါခံရတာပိုများလာလေလေ ရင့်ကျက်လာလေလေပိုခံစားရလေလေပါပဲ။


ကိုယ်ကပဲအနိုင်ယူချင်လို့ထွက်ခွာခဲ့တာမျိုးတွေရှိပေမဲ့လဲ ပြုံးမနေနိုင်ခဲ့ပါဘူး။ကျွန်တော့်ဘဝထဲကိုမခေါ်ပဲဝင်

လာခဲ့ကြသလို မနှင်ပဲပြန်သွားကြတယ်ဆိုပေမဲ့ ကျွန်တော့်ရင်ဘတ်ထဲကို မိုးစက်တွေ လိုပဲ အရှိန်နဲ့ကျရောက်

လာပြီး ရင်ထဲကိုစိမ့်ဝင်သွားပြီဆိုမှ နေရဲ့အပူရှိန် နဲ့အတူ အငွေ့အဖြစ်နဲ့ ဖြည်းဖြည်းလေး နှုတ်ဆက်သွားကြတာ

မျိုးပါပဲ။
ခုများတော့ ထိခိုက်ပါများလို့ အသားမာတတ်နေလောက်ပါပြီလို့ ထင်ထားခဲ့ပေမဲ့ ၃ရက်နေ့ကပဲ တစ်

ယောက်သောသူငယ်ချင်းလေးကအပြီးတိုင်နှုတ်ဆက်သွားပြန်ပါတယ်။ပြင်ဆင်ထားပေမဲ့ မကာကွယ်နိုင်ခဲ့ပါဘူး

ရင့်ကျက်ပြီထင်ထားပေမဲ့ ကလေးတုန်းကလိုပါပဲ မျက်ရည်ကိုအားကိုးမိနေတုန်းပါ။


ဒီတော့ ကျွန်တော့်မှာ ဘယ်လိုပဲပြင်ဆင်ထားပြင်ဆင်ထား ဒီမေးခွန်းလေးတစ်ခုကိုတော့ တိတိကျကျအဖြေ

မပေးနိုင်သေးပါဘူး။သူငယ်ချင်းတို့ရော ဖြေနိုင်ကြမလား???????????????????စိတ်ထဲကဖြစ်ဖြစ်ဖြေကြည့်ပါ။



သင့်မှာ

တစ်ယောက်ယောက်ခွဲသွားဖို့ အသင့်ဖြစ်ပြီလား???




ဖြိုးဇာနည့်မနက် ၁၀း၃၈ တိတိ

5

နူးညံစွာပြောင်းလဲခြင်း

Posted by ဖြိုးဇာနည် on Sunday, March 04, 2012 in
ပျောက်နေတယ်နော့်ဟုတ်ကဲ့ ပျောက်နေတာမှ လိုင်းပေါ်မှာတင်မကပါဘူး စာရေးချင်စိတ်ကော

စားချင်စိတ်ကော တတ်ကြွနေတတ်တဲ့ကျွန်တော့်စိတ်ပါ ပျောက်နေတာပါ။အဓိက ကတော့ စိတ်မကောင်း

တာပါ။ လူတစ်ကိုယ်မှာ စိတ်မကောင်းတော့ဘူးဆိုရင် ကျန်တာတွေအားလုံးက သုံးမရတော့သလိုဖြစ်သွား

တတ်ပါလားနော်။ကျွန်တော် အခန်းမအောင်းဖြစ်တာ ၃ ရက်ရှိပါပြီ တစ်နေကုန်သွားပြီး ညမိုးချုပ်မှ ပြန်ရောက်

လာတတ်တာကြောင့်ပါ။အခန်းမအောင်းဖြစ်တော့ လိုင်းပေါ်လဲမတတ်ဖြစ်တော့ဘူးဖြစ်တာပါ။တတ်ချင်စိတ်လဲ

မရှိတော့တာပါ။

ကားအက်စီးဒင့် ဖြစ်လို့ အခုပဲဆေးရုံကားနဲ့ပါသွားတယ်တဲ့ ဟာ !!!!!!!!!!!!!!!!!!!!!!!!

ကျွန်တော့်တစ်ကိုယ်လုံး ပူထူသွားပါတယ်။ဘယ်လိုဖြစ်တာလဲ မေးခွန်းတောင်မထုတ်မိတော့ပါဘူး ချက်ချင်း

ဆေးရုံကိုတန်းမောင်းခဲ့မိတယ်။ ဟိုရောက်မှ ဘယ်အချိန်းမှန်းမသိ ဘယ်အထပ်မှန်းမသိနဲ့ ဖုန်းပြန်ဆက်ပြီးတော့

မေးရပါတယ် ။ စိတ်ပူလွန်းတော့လဲ အမှားမှား နဲ့ပဲပေါ့။ ကျွန်တော်ရောက်သွားတော့ အစုံပလုံပါပဲ နှလုံးခုန် နှုန်း

တိုင်းစက် အောက်စီဂျင် ဆီးပိုက် ဆေးပုလင်း က ၂ပုလင်း နှာခေါင်းပိုက် ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အဲ့လိုမြင်လိုက်ရလို့ ရင်ထဲမှာအလုံးကြီးတတ်လာပါတယ်ဆိုမှ အဲ့ပုံစံအတိုင်း ပိုက်တွေရောဘာတွေရော အစုံပလုံကို

တွန်းလှည်းနဲ့တင်ပြီး ဓါတ်မှန် ခန်းကိုြေ့ပးရပါသေးတယ်။သူကတော့ သတိမေ့နေရှာ ပါတယ်။


ညနေရောက်တော့အဖြေသိရတယ် အုပ်ဆက် အက်သွားတယ် ခေါင်းထဲမှာသွေးကြေဥ သွားတယ် တဲ့ သူငယ်ချင်းရယ်

ကောင်မလေးစိတ်မကောင်းလိုက်တာ့ အန်လိုက်တာလဲလွန်ရော ကျွန်တော့်ရှေ့မှာတင် ၃ခါ တိတိ ထထအန်

တယ်။နောက်ဆုံးတစ်ခေါက်ဆိုသွေးတောင်ပါ တယ်။မူးတယ်မူးတယ် ခေါင်းကိုက်တယ် ခေါင်းကိုက်တယ် နဲ့ အော်နေ

ရှာတယ်။ဆရာဝန်တွေကတော့ စောင့်ကြည့်ရမယ်တဲ့ ကျွန်တော် သူနဲ့အတူရှိနေပေးပြီ ဆရာဝန်တွေပြောတဲ့ စိတ်တော့

နဲနဲချရပြီ ဆိုတဲ့စကားကြား မှပဲ အခန်းကိုစိတ်ဖြောင့်ဖြောင့်နဲ့ ပြန်မိတော့တယ်။နောက်ရက် တော့ကျွန်တော် လုံးဝ လုံးဝ

ကိုမအားတာနဲ့ ခဏပဲရောက်ဖြစ်လိုက်တယ်။ အန်တော့မအန်တော့ဘူး တဲ့သတိလဲကောင်းကောင်းရပြီ တဲ့။စိတ်ချသွားပါ

ပြီ။နောက်ရက်တော့ပန်းစည်းလေးဝယ်ပြီး သူ့ဆီသွားအားပေးလိုက်ပါတယ်။ ပြုံးပြသလို စကားလဲနည်းနည်းပြန်ပြောပါပြီ။

ဝမ်းသာလိုက်တာ ကောင်မလေးရာ သူလဲအားတွေရှိတာပေါ့ သိတယ်မလား? ဒီလိုနေရာမှာ ကိုယ့်လူမျိုးက ခပ်ရှားရှား

ရယ်မို့လေ။။။။။။။။။။။။

ကျွန်တော် ဒီနေ့ ၁၀ နာရီကျော်မှ နိုးလာတယ့်မနေ့ညက အိပ်မပျော်ပဲ မျက်စိတွေကြောင်ပြီ သူ့အကြောင်းတွေးနေမိလို့ပါ။

အလုပ်ကိစ္စလေးနဲနဲရှိတာနဲ့ ဧည့်သည်ကိုထိုင်စောင့်နေမိတယ်။ဧည့်သည်လဲရောက်ပြီး ဧည့်ခံရင်း စကားပြောကြရင်းနဲ့ ၁၂

နာရီတောင်ထိုးသွားတယ်။ဒါနဲ့ပဲ အပြင်သွားဖို့အားချင်းပြင်ဆင်ရတော့တယ်။ရေချိုးခန်းထဲဝင်နေတုန်း ဖုန်းကကောက်လာ

နေသေးတယ် နေပစေ ကိုင်ဘူးကွာ ဆိုပြီး ဇိမ်ပြေနပြေ ချိုးပစ်လိုက်တယ် ။ ပြီးတော့မှ ထွက်ပြီး ဖုန်းကိုကြည့်တော့ miss call

၃ ခါတောင်မှ။ ဒါနဲ့ကျွန်တော်ပြန်ဆက်လိုက်တော့ ကျွန်တော့်ခေါင်းနှစ်ခြမ်းကွဲ သွားစေတဲ့ စကားကိုကြားလိုက်ရတယ်။


တုန်နေတယ် ပြီတော့ ငိုမိတယ် ပြီးတော့ အားလုံးဝမရှိတော့ပဲ ပျော့ခွေ ကျသွားမိတယ် ကျွန်တော် ကိုယ့်ကိုကိုယ် မနိုင်တော့

ပါဘူး အိမ်မက်လဲမဟုတ်တာသေချာနေပါတယ်။ဝမ်းနည်းတာ အဆိုးဆုံးပါပဲ ငိုနေပေမဲံ့ မျက်ရည်က ဝမ်းနည်းတာကို ခွာချမသွား

ပေးပါဘူး။

ခင်ဗျားတို့ဆိုရင်ရော ဘယ်လိုနေမလဲ???????????? ကိုယ်နဲ့အနီးဆုံးရှိနေတဲ့ သူငယ်ချင်းတစ်ယောက် ချက်ချင်းပျောက်သွား

ရှသွားတယ် ကိုယ့်ကို နှုတ်မဆက်ပဲထွက်သွားခဲ့မယ်ဆိုရင့်

၁၉နှစ်ဆိုတာ ငယ်လွန်းပါသေးတယ်ဗျာ့

ဆောရီ့း့ကျွန်တော်ဆက်မရေးနိုင်တော့လို့ပါ့ကျွန်တော်လက်တွေတုန်နေလို့ နားလိုက်တော့မယ့်




၃.၃.၂၀၁၂ နေ့လည် ၁၂း၃၀ မှာဘဝပြောင်းသွားတဲ့ ကျွန်တော့် သူငယ်ချင်းကောင်မလေးကို
ဆုတောင်းပေးကြပါဗျာ တိုင်းတစ်ပါးမှာ ဆွေမဲ့မျိုးမဲ့ သေဆုံးသွားတဲ့ မိုးကုတ်သူလေး ကို ဆုတောင်းပေးကြပါဗျာ့

ဖြိုးဇာနည် နေ့လည် ၂း၀၀ တိတိ

1

နေ့စွဲ အပြင်က လူ

Posted by ဖြိုးဇာနည် on Wednesday, February 29, 2012 in
ကျွန်တော်နဲ့သူ့ကြားမှာ နေ့စွဲတွေကိုမသတ်မှတ်ခဲ့ဖူပါဘူး။သူနဲ့ပက်သက်ရင် ကျွန်တော်ဟာအယူသီးတယ်ပဲပြောပြော

ရူးတယ်ပဲပြောပြော ကျွန်တော့်စိတ်ထဲရှိတာကိုဇွတ်လုပ်တတ်ခဲ့သူပါ။သူနဲ့ ချစ်သူစဖြစ်တဲ့နေ့ကို ကျွန်တော်မှတ်မထား

သလို သူနဲ့ပက်သက်တဲ့အမှတ်တရနေ့လေးတွေကိုလဲ မှတ်မထားခဲ့ပါဘူး။ မှတ်မထားရုံတင်မကပါဘူး ကျွန်တော်ဘဝရဲ့

နေ့စွဲ တွေထဲမှာကို အဲ့ဒီနေ့တွေ မရှိတော့တာပါ ခေတ်စကားနဲ့ပြောရင် delete လုပ်လိုက်တာပေါ့ဗျာ့





ဆိုးရိမ်စိတ်ကြောင့်ဆိုပါတော့ အရာရာတိုင်းဟာ ဖြစ်ပြီးရင်ပျက်ရမယ်တဲ့ ဘုရားဟော ခဲ့တာပါ။ဒါကြောင့် ကျွန်တော်

တို့နှစ်ယောက်ရဲ့အချစ်တွေကို မဖြစ်ခဲ့သလိုသဘောထား မိတာပါ။ကျွန်တော့်သမိုင်းကို လှန်ကြည့်လိုက်ရင် သူနဲ့ကျွန်တော့်

အကြောင်းတွေနဲ့ပက်သက်လို့ ဘာအထောက်အထားမှတွေ့ရမှာမဟုတ်ပါဘူး။ သူနဲ့ကျွန်တော့် ကြားမှာနေ့စွဲတွေမရှိလို့ပါ။

စတင်တဲ့ နေ့စွဲမရှိ တဲ့အတွက် အဆုံးသတ် တဲ့နေ့စွဲလဲ မရှိတော့အောင်ပေါ့။ ဖြစ်ချင်တာကတော့ အဆုံးအစ မရှိတဲ့ ချစ်ခြင်း

တွေ နဲ့ ချစ်သွားကြလေသတည်းဆိုတာမျိုးပါ။နောက်တစ်ခုရှိပါသေးတယ် တရားဝင်ထုတ်တဲ့ ပစ္စည်းတိုင်း ပစ္စည်းတိုင်း မှာ

Expire Date ဆိုတာရှိတတ်ပါတယ်။ စတင်ထုတ်လုပ်တဲ့နေ့ကနေပြီး သတ်မှတ်ကာလအထိပေါ့ ။ အဲ့လိုတွေးမိ ပြန်တော့

ကျွန်တော့်ရင်ထဲက ထုတ်လုပ်လိုက်တဲ့အချစ်တွေမှာ နေ့စွဲများတပ်မိရင် expire date ဆိုတာကြီးပါ ရှိနေတော့မှာပေါ့


နိုးပါ အဲ့လိုအဖြစ်မျိုး တော့အဖြစ်မခံနိုင်ပါ ဘူး နေ့စွဲမရှိတဲ့အချစ်က ထိခိုက်မူ အနည်းငယ်ရှိတာကလွဲလို့ တကယ်ကိုအေး

ချမ်းလွန်းလှပါတယ်လေ။ထိခိုက်မူဆိုတာကလဲ တကယ်တော့မပြောပလောက်လေးပါပဲ။တစ်ခါတစ်လေမှသာဆိုပါတော့။

တစ်ခါတစ်လေမှဆိုပေမဲ့ ရင်မောရပါတယ့် နေ့စွဲ တွေမရှိတဲ့ ကျွန်တော်တို့နှစ်ယောက်ဘဝမှာ နှစ်ပတ်လည်နေ့ဆို

တာမျိုးကလဲ မရှိနိုင်တော့ဘူးဆိုတာကိုတွေးမိလိုက်တိုင်းပေါ့အဲ့လိုနေ့တွေတော့ရှိချင်ပါသေးတယ်။




သူနဲ့ချစ်သူဖြစ်ခဲ့တဲ့ နေ့စွဲ တွေကိုတော့ ကျွန်တော်မှတ်ထားချင်ပါတယ် ဒါပေမဲ့ ပျော်ရွှင်ရတဲ့နေ့တွေနောက်မှာ

ခါးသည်း ရတဲ့နေ့တွေဟာလဲပါလာမှာပဲလေ ပျော်ရွှင်ဖူးတဲ့နေ့စွဲ တွေကိုပြန် တွေးမိတိုင်း ခါးသည်းတဲ့ နေ့စွဲတွေ

ကိုပါအမှတ်ရနေတော့မှာပေါ့ ။အဲ့လိုနဲ့ပဲ မေ့ပြစ်ခဲ့ရပြန်ပါတယ်။တစ်ချိန်တုန်းက ကျွန်တော်လေယာဉ်ပေါ်တတ်ခဲ့

တဲ့နေ့စွဲကိုပြန်တွေးမိရင် နာကျင်ရမှာပါတယ် သူရောကျွန်တော့်လိုပဲ နာကျင်နေရောပေါ့။


၃နှစ် တာခွဲခွာခြင်းဆိုတဲ့အချိန်ကာလ တစ်ခု ရဲ့ပထမဦးဆုံးသော နေ့စွဲ လေးပေါ့။ ကျွန်တော်သူ့ကိုဖုန်းဆက်

ပြီးမှာလိုက်မိတယ် ကျွန်တော်တို့ ဒီနေ့စွဲ လေးကို ဖျောက်ပစ်လိုက်ကြရအောင်လို့လေ။ဒီနေ့စွဲ လေးသာ သူနဲ့ကျွန်တော့်

ကြားမှာ ရှိမနေခဲ့ဖူးဘူး ဆိုရင် သူနဲ့ကျွန်တော်ဟာ မြန်မာနိုင်ငံထဲမှာပဲနေပြီး အရင်လို ကျောင်းတွေပိတ်ထားလို့ မတွေ့ဖြစ်

ခဲ့ကြသလိုနေလို့ရပါတယ်။စိတ်ထဲမှာ မနာကျင်တော့ဘူးပေါ့ ။အဲ့လို အဲ့လိုပါပဲ စိုးရိမ်တယ်ပဲပြောပြာ ရူးတယ်ပဲပြောပြော

ကျွန်တော့် နဲ့ သူ့ကြား မှာ နေ့စွဲတွေဆို တာ တကယ်ကိုမရှိတော့တာပါ။ခြွင်းချက်လေးတစ်ခုတော့ရှိပါတယ့်တစ်နေ့နေ့

ကိုရောက်လာခဲ့ရင်တော့



ကျွန်တော့်ဘဝ ထဲမှာသူနဲ့ပက်သက်လို့ နေ့စွဲလေးတစ်ခုကိုတော့မှတ်ထားချင်ပါသေးတယ် အဲ့ဒီနေ့ကို ရောက်လာခဲ့ရင်

ပေါ့။နှစ်ယောက်အတူ လက်တွဲပြီး အပြုံးတွေ ဗလပွ နဲ့ အခန်းကျယ်ကြီးထဲမှာ မမောနိုင်မပန်းနိုင် ရာထောင်ချီ တဲ့လူတွေ

ကို လိုက်ပြီးနှုတ်ဆက်နေရတဲ့ ညနေခင်းလေးတစ်ခုကို နှစ်ယောက်အတူပိုင်ဆိုင်နေကြမဲ့ နေ့စွဲကလေးကိုလေ့

14 / FEB / 20-- ရဲ့ညနေခင်း သို့ -----------------------------

ဖြိုးဇာနည် -နေ့လည် ၁း၁၂ တိတိ

3

မိုးပြေး ကျွန်တော်

Posted by ဖြိုးဇာနည် on Tuesday, February 28, 2012 in



ကျွန်တော့်ဘဝ တိမ်တွေညို တဲ့နေ့ဆိုရင် ကျွန်တော်ဟာ သူ့အနားမှာရှိမနေခဲ့ပါဘူး။

မိုးရွာနေခဲ့ ပြီဆိုရင်တော့ပိုဆိုးပေါ့။ မုန်တိုင်းပါထန်နေခဲ့မယ်ဆိုရင်တော့ ကျွန်တော်ဟာ

သူနဲ့အဝေးဆုံးကိုပြေးထွက်သွားဖြစ်ခဲ့မှာပါ သူ့အနားကိုဘယ်တော့မှပြန်မလာတော့ပါဘူး

မုန်းတိုင်းမိပြီးတဲ့ ပန်းတစ်ပွင့်ကို ဘယ်ကောင်မလေးကများ ပန်ဆင်ချင်မှာတဲ့လဲ။သူ ပန်ခဲ့

ပြီဆိုရင်တောင်မှ သူ့မျက်နှာလေးနဲ့ ဒီ မုန်တိုင်းလောင်ပန်းလေးတစ်ပွင့်ဟာ ဘယ်လိုများ

လိုက်ဖက်နိုင်မှာတဲ့လဲဗျာ။(ဆောရီး ကျွန်တော်ဟာ ယောင်္ကျားလေးပဲဟာ။ပန်းလို့ ပြောရင် နွဲ့

ရာကျမှာပေါ့ ။ဒီတော့ မုန်တိုင်းမိပြီးတဲ့ နေကြာစေ့ တစ်စေ့ကို ဘယ်ကောင်မလေးကများ

စားချင်တော့မှာလဲ စားမယ်ဆိုရင်လဲ လေဒဏ်မိုးဒဏ် ခံထားရလို့ ပျော့ပျော့အိအိ ကိုပဲစား

မိတော့မှာပေါ့လေ။ အဟတ်ဟတ် ဒီလိုဆိုတော့ ကျွန်တော်က ပန်း ပါပဲ ဒါပေမဲ့ နွဲ့ တဲ့တဲ့

ပန်းတော့မဟုတ်တော့ဘူးနော်။နေကြာ ပန်း တစ်ပွင့်ပေါ့။
)





ကျွန်တော့် ဟာ သူ့အတွက်ဆိုရင် အဲ့လိုပဲတကယ်လုပ်ပေးသင့်လုပ်ပေးခဲ့မှာပါ။ကျွန်တော့်

ဘဝထဲကို အမှန်တကယ်ကြီးပဲ ကံဆိုးမိုးမှောင်ကျလို့မုန်တိုင်းပါဝင် လာခဲ့ မယ်ဆိုရင်

ကျွန်တော်တကယ်ပဲ ထွက်ခွာသွားမိမလား မပြောတတ်ပေမဲ့ အခုလက်ရှိ ကျွန်တော့်ဘဝ

နေ့တွေမှာ တိမ်တွေညို ခဲ့ရင်ပဲဖြစ်ဖြစ် မိုးတွေ ရွာခဲ့ရင်ပဲဖြစ်ဖြစ် ကျွန်တော်သူ့အနားကိုမ

ရောက်ဖြစ်အောင်ကျိုးစားပြီးနေမိပါတယ်။




ကျွန်တော့်ဘဝကြီးမှာနေသာ တဲ့နေ့လေးတွေကများပါတယ် နေသာတဲ့နေ့တွေကို ကျွန်တော်ကြိုက်

တယ်။ကျွန်တော့်ကြောင့် သူပျော်ရတယ်လေ သူပျော်အောင်ကျွန်တော်အမြဲပဲ လုပ်ဆောင်ပေးတတ်

သလို သူ့ရှေ့ရောက်တိုင်းလဲ သူပျော်နေတာကိုပဲ မြင်ချင်ခဲ့မိတာပါ။


ကျေနပ်ပျော်ရွှင်ပြီး ပြုံးနေတဲ့သူ့မျက်နှာလေးကို မြင်ရင်ကျွန်တော်ပါလိုက်ပြုံးမိပါသေးတယ်။

သူပြုံးရင် ကျွန်တော်ပျော်တယ်လေ အဲ့ဒါကြောင့် သူ ပြုံး အောင်ကျွန်တော် အမြဲတမ်းဖြည့်ဆည်း

ပေးနေမိတာပါ။ သူ့အပြုံးတွေမြင်ရရင် ကျွန်တော်စိတ်ချမ်းသာသလို သူ့မျက်နှာလေး ညှိုးနေပြန်

ရင်လဲ ကျွန်တော်ဟာ သူ့ထက်ပိုစိတ်ဆင်းရဲ တတ်ပြန်တယ်။ဒါကြောင့် သူ့မျက်နှာလေး ညှိုးဖို့မ

ဆိုထားနဲ့ သူ့မျက်ခုံးမွှေး နှစ်ခုကြားထဲက အရေပြားလေ ကျုံ့ သွားမှာကိုတောင် ကျွန်တော်အရမ်း

စိုးရိမ်မိတတ်ပါတယ်။


ကျွန်တော့်ဘဝ ကြီးရဲ့ တိမ်ထူ တဲ့အချိန် မိုးရွာ တဲ့အချိန်တွေမှာ သူ့ကိုသွားတွေ့ဖြစ်ခဲ့မယ် ဆိုရင်

သူ ကျွန်တော် ကြောင့် စိတ်ညစ်ရမှာပေါ့ သူဘယ်ပြုံးနိုင်တော့မလဲ သူမပြုံးရင်ကျွန်တော်မပျော်ပါဘူး

ဒါကြောင့် ကျွန်တော်သူ့ကိုမတွေ့ဖြစ်တာပါ။ကျွန်တော်ဘဝ တိမ်ကွယ်နေလို့ ရရှိတဲ့ အမှောင်တွေ

( စိတ်ညစ်ခြင်း ) တွေဟာ သူမျက်နှာလေးမဲ့ နေတာကြောင့် ကျွန်တော်စိတ်ထိခိုက်ရတာနဲ့ယှဉ်ရင်

မပြောပလောက်လေး ဖြစ်သွားတတ်ပါတယ်။ကျွန်တော် သူ့ကို အပြုံးတွေပဲ ပေးချင်တာပါ။နောက်

ဆုံးတော့ ကျွန်တော် ဟာ အပြစ်လို့သတ်မှတ်လို့မရတဲ့ ဝန်ခံချက်တစ်ခုကို blog ပေါ်ချရေးလိုက်ပါတယ်။


ဝန်ခံချက့်

တကယ်တော့ ကျွန်တော်ဆိုတာ ကျွန်တော်ပျော်ဖို့သူပြုံး အောင်လုပ်နေတဲ့ တကိုယ်ကောင်းဆန်သူ

တစ်ယောက်ပါ။ဒီစကားဟာ ကျွန်တော် မလိမ်ပဲပြောတဲ့စကားပါပဲ။


ပတ်ဝန်းကျင်မှာကြားကောင်းအောင်ပြောရင်တော့ သူစိတ်ဆင်းရဲမှာ သေလောက်အောင်ကြောက်

ပြီး ကျွန်တော့်ရဲ့စိတ်ညစ်စရာတွေကို သူ့ကိုဘယ်တော့မှ မျှဝေပြီး ခံစားစေမှာမဟုတ်ပါဘူးလို့ ဒီလို

ပြောနေကျပါ မုသားလေးပါတော့ နားထောင်ကောင်းနေပါလိမ့်မယ့့်






ကဗျာဆန်ဆန်ပြောရရင်တော့ ကျွန်တော်က မိုးပြေးလေးပါပဲ့


ဒါကြောင့် သူနဲ့ကျွန်တော့်အကြောင်းကို အဖြေရှာကြည့်တော့ ကျွန်တော်ဟာ သူ့အတွက်လား??????

သူဟာကျွန်တော့်အတွက်လား ဆိုတဲ့အဖြေဟာရှင်းရှင်းကြီးပေါ်လာပါတော့တယ်။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖြိုးဇာနည် -ညနေ ၄း၃၀ တိတိ


3

ဒေး ဖုန်းဆက်တဲ့ည

Posted by ဖြိုးဇာနည် on Sunday, February 26, 2012 in


တကယ်တော့ကျွန်တော်ဟာ ပလ္လင်ပေါ်က အစေခံတစ်ဦးပါ။သန်လျှက်ကိုင်ပြီး အမိန့်ကိုစောင့်နေရတဲ့

ဘုရင် တစ်ပါးပါပဲ။စိတ်ဓါတ်ကို အပ်ချည်ကြိုးလေးနဲ့ ပြိုလဲမသွားအောင်ထိန်းချုပ် နေရင်းလေပြင်း တစ်

ချက်ဝေ့လိုက်တိုင်း ဘုရားတစ်ခါ တနေရတဲ့ လူတစ်ယောက်ပေါ့။ဒါတွေ ဖြစ်ပေါ်လာရတဲ့အကြောင်းရင်း

ကတော့ ကျွန်တော်ဟာ သူ့ချစ်သူဖြစ်နေမိတာကြောင့်ပါ။အများအမြင်မှာတော့ သူဟာအရမ်းချစ်တတ်

တဲ့ ကျွန်တော့်အနွံတာ အရမ်းကို ခံတဲ့ ကောင်မလေးတစ်ယောက်ပါ။ကျွန်တော်ဆိုတာလဲအရမ်းကို ကံ

ကောင်းတဲ့ ကောင်လေးတစ်ယောက်အနေနဲ့ပေါ့။ဟုတ်ပါတယ် သူကျွန်တော့်ကိုချစ်တာမှန်ပါတယ် ဒါပေ

မဲ့ လူတွေရှေ့မှာပဲ သူ့အချစ်တွေ ကိုထုတ်ပြလေ့ရှိပြီး အထူးသဖြင့်နှစ်ယောက် ထဲ သီးသန့် ရှိတဲ့ အချိန်

တွေဆိုရင်ကျွန်တော်ဟာ သူ့မျက်စောင်း ထဲက ပြေးလို့မလွတ်ခဲ့သလို သူ့စိတ်ကြိုက်ဖန်တီးထားတဲ့ စည်း

ကမ်းဆိုတဲ့ ပိုက်ကွန်ထဲမှာ တဝဲလည်လည်နဲ့ ထပ်ထပ်ငြိတွယ်နေရတုန်းပါပဲ။


တစ်စိတ်ရှိ နင် ငါ နဲ့ ပြတ်သွားချင်လို့လား? ဖြတ်လိုက်ရမလား?တော်ပြီတော်ပြီ ငါ နင်နဲ့ဘယ်တော့မှကျောင်း

အတူမသွားတော့ဘူး ငါ့ဟာငါ ဖယ်ရီ နဲ့ပဲလိုက်သွားတော့မယ် ဆိုတာကတစ်မျိုး။နင်ငါ့ ဆီကို ဒီညဖုန်းမဆက်

နဲ့ နော် ငါစာတွေအများကြီးကျက်ရမှာဟ နားတဲ့အချိန်ကျမှ ငါပဲနင့်ဆီဆက်လိုက်မယ် ဒီကြားထဲ နင်ဆက်လာ

လို့ကတော့ အသေပဲ ဆိုပြီး ဖုန်းဘေးနားမှာ ကျွန်တော့်ကို မိုးလင်းစေခဲ့တဲ့ ညတွေလဲနည်းမှမနည်းတာပဲ။အဲ့လို

အဲ့လို နဲ့ ကျွန်တော်ဟာ သူ့မျက်နှာလေး တစ်ချက်မဲ့သွားမှာကို သိပ်ကြောက်နေမိပြီး နင် ငါ နဲ့ ပြတ်သွားချင်လို့

လား? ဆိုတဲ့ စကားလုံးချောက်ကမ်းပါးလေးရဲ့ အစွှန်းမှာ ဘုရားတရင်း ရပ်နေခဲ့ရသူတစ်ယောက်ပါ။အရာရာကို

သူဖြစ်ချင်တဲ့အတိုင်းပုံစံသွင်းခဲ့လို့ကျွန်တော်ဟာ သူ့အသက်ရူသံကိုကြားလိုက်ရုံနဲ့တင် သူ ဘာဖြစ်ချင်လဲဆိုတာ

ကိုတောင်ခန့်မှန်းတတ်နေခဲ့ပါပြီ။တစ်ခါတစ်လေများ စိတ်ကောင်းဝင်ပြီးကျွန်တော်အလိုကိုသူလိုက်ခဲ့တဲ့နေ့

များဆိုကျွန်တော့်မှာအပျော်လွန်ပြီး သူ့ကိုလဲ ကျေးဇူးတင်လို့မဆုံးတော့ပါဘူး။သူတစ်ခါလေး အလိုလိုက်တာကို

တောင် ကျွန်တော့်မှာ ဒီလောက်ပျော်နေရတာ သူ့မှာ နေ့တိုင်း ကျွန်တော့်ရဲ့အလိုလိုက်ခံနေရတာဘယ်လောက်

များပျော်ရွှင်နေရမလဲမသိဘူးဆိုပြီး သူ့နေရာကိုဝင်ခံစားကြည့်မိသေးတယ်။


ဒါပေမဲ့ ကျွန်တော်ကျေနပ်ပါတယ် သူ့အပြုအမူကြောင့် ပတ်ဝန်းမှာ ကျွန်တော်မျက်နှာပန်း ပွင့်ရပါတယ်။ဘာလို့

လဲဆိုတော့သူဟာအခြားသူတွေရှေ့မှာပဲဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်လူကြားထဲကိုရောက်ပြီဆိုတာနဲ့ ကျွန်တော့်

ရဲ့ သိုးကလေး လိုဖြစ်သွားတတ်တာကြောင့်ပါပဲ။သူ့ထက်အရပ်အများကြီးပိုမြင့်တဲ့ ကျွန်တော့်ကို ထီး မိုးပေးတာ

ကအစ အောက်ခြေသိမ်းအထိ အစစအရာရာ အလိုက်သိတတ်တဲ့ကောင်မလေး တစ်ယောက်လဲ ဖြစ်နေတတ်

ပြန်ပါသေးတယ်။သူဘာလို့သူများတွေရှေ့မှာမှကျွန်တော့်ကိုဒီလိုမျိုး ဆက်ဆံရတာလဲလို့ မမေးစဖူး ဒီနေ့မနက်မှ

ကျွန်တော်မေးလိုက်မိတယ်။ဒီတော့သူ့ထုံးစံအတိုင်း အခုမအားသေးဘူး ည ဖုန်းပြောတဲ့အချိန်ကျမှပြောပြတော့

တော့မယ် ဆိုပြီး ညရောက်တော့လဲ ထုံးစံအတိုင်း ဖုန်းကဆက်မလာပြန်ပါဘူး။ ညတစ်နာကျော်ကျော်လောက်

မှာတော့ သူစိတ်ကူးပေါက်ပြီးထဆက်တယ်နဲ့တူပါတယ်။သူကျွန်တော့်မေးခွန်းကို ဖြေသင့်မဖြေသင့်စဉ်းစားနေ

လို့ နောက်ကျသွားတာပါတဲ့။ထားပါတော့လေ သူ့အဖြေကို ကျွန်တော်သိခွင့်ရတာပဲကျေးဇူးတင်လှပါပြီလေ။



ဖုန်းထဲက သူ့အဖြေက ကျွန်တော့်အရှိုက် ကို တည့်တည့်ထိသွားပြန်ပါတယ်။



*********************ကျွန်တော့်ကို လူအများရှေ့မှာသူလေးစားမှဖြစ်မှာပေါ့တဲ့။ကျွန်တော့်ရဲ့ချစ်သူ

ဖြစ်တဲ့ သူကမှ ကျွန်တော့်ကိုမလေးစားရင် ကျန်တဲ့သူတွေက ကျွန်တော့်ကို ဘယ်လိုလေးစားတော့မှာလဲတဲ့သူ့

ချစ်သူ ကို အများကလေးစားစေချင်လို့ပါတဲ့။ပြီးတော့ အများမမြင်တဲ့အချိန်မှာ သူကျွန်တော့်အပေါ်ဆိုးတယ်

နွဲ့ဆိုး ဆိုးတာဖြစ်သလို ကျွန်တော့်ကို ဂုဏ်သိက္ခာ ရှိရှိနဲ့ လူရိုသေ ရှင်ရိုသေ ဖြစ်အောင် အဆင့်အတန်းရှိရှိ နေ

တတ်အောင် ပုံစံတကျနဲ့ သင်ပေးနေတာပါတဲ့။တကယ်တော့ သူ ကျွန်တော့်ကို အရမ်းချစ်သလို ဖြတ်သွားဖို့ဆို

တာကလဲ သူသေသွားမှသာဖြစ်နိုင်ပါလိမ့်မယ်တဲ့။



အဲ့လိုဆိုတော့လဲ ကျွန်တော်ဟာ သူ့ကို အရမ်းလေးစားမိသွားသလို အရမ်းလဲပိုချစ်မိသွားပါတယ်။ဒါကြောင့်

ဒေး ရေ နင်ငါ့ကိုကြိုက်သလိုသာ အနိုင်ကျင့်ပါဟာ ငါနင့်အလိုကို ကျေကျေနပ်နပ်ကြီး လိုက်ပါတော့မယ်လို့

ဖုန်းထဲကနေအားပါးတရအော်ပြောလိုက်မိပါတယ့်

ဖြိုးဇာနည့်ည ၁၁နာရီတိတိ

2

သေစမ်းဟ

Posted by ဖြိုးဇာနည် on Tuesday, February 21, 2012 in
တစ်ခါတုန်းက လူတစ်ယောက်ဟာ ခွေးတစ်ကောင်ကို ဂဲနဲ့လှမ်းပေါက်လိုက်ပါသတဲ့

ကျွန်တော်အဲ့လူကိုစိတ်ထဲကပြောလိုက်မိတယ် သနားစိတ်ကင်းလှချေလာ့း

တစ်ချိန်တုန်းကလဲ လူတစ်ယောက်ဟာ ခွေးတစ်ကောင်ကို ဂဲနဲ့လှမ်းပေါက်ပြန်ပါသတဲ့

ကျွန်တော်အဲ့လူကိုစိတ်ထဲကပြောလိုက်မိတယ် အငြှိုးအတေးကြီးလှချေလာ့း့

ဒီနေ့တော့ကျွန်တော်ဟာ ခွေးတစ်ကောင်ကို ဂဲနဲ့လှမ်းပေါက်လိုက်မိပါတယ့့်

ကျွန်တော် အဲ့ခွေးကိုစိတ်ထဲကနေ ပြောလိုက်သေးတယ် သေစမ့်း့



အဲ့လိုပဲ

တစ်ခါတုန်းက ဒဿဂီရိ ဟာ အချစ်အတွက်နဲ့ဘဝပျက်ခဲ့ဖူးပါသတဲ့

ကျွန်တော် မယ်သီတာ ကိုစိတ်ထဲကနေပြောလိုက်မိတယ် သနားစိတ်ကင်းလှချေလာ့း့

တစ်ချိန်တုန်းက ဆန္ဒန်ဆင်မင်းဟာလဲ သူ့ချစ်သူကြောင့် အသက်ပေးဆပ်ခဲ့ရပြန်ပါတယ့်

ကျွန်တော် စူဋ္ဌသုဘဒ္ဒါကို စိတ်ထဲကနေပြောလိုက်မိတယ် အငြှိုးအတေးကြီးလှချေလာ့း့

ဒီနေ့တော့ ကျွန်တော်ဟာ ကောင်မလေးတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိသွားတယ့့်

ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ထဲကပြောလိုက်မိတယ် သေစမ်းဟ လို့





သူများတွေကိုသာပြောနေတာ ကိုယ်ကိုတိုင်လဲ စိတ်ထဲကနေလွှတ်ခနဲ့ ကိုယ့်ကိုကိုယ်ဝေဖန်မိသွားတတ်

တယ်ဆိုတာဒီစာလေးကိုဖတ်ပြီးမှသိလိုက်မိတယ့် ဒီလိုဆိုရင် အချစ်က သေရင်သေ မသေရင် ဘဝ

ပျက်မဲ့ကိန်းများဆိုက်နေမလားမသိဘူးနော့်ဟီးးးးးးဒီစာဖတ်ပြီးရင်မချစ်ရဲလောက်အောင်ပဲ့

ဟုတ်သလိုလိုတော့ရှိပါတယ် ကျွန်တော်ကြားဖူးသမျှ ( တကယ်ဖြစ်ပျက်ဖူးခဲ့တဲ့ )ရာဇဝင်တွေ ထဲမှာ အချစ်

ကြောင့် ဆိုးကျိုးတွေပဲ တွေ့နေမိသလားလို့ပါ။နောက်ထပ်သာဓကတွေလဲရှိပါသေးတယ် ဥမ္မာဒန္နီ ကြောင့်

ရူးသွားတဲ့ဘုရင် တစ်ပါးအကြောင်း ချစ်သူကြောင့် ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မိခဲ့ကြတဲ့ ရိုမီယို တို့

စုံတွဲ အကြောင်း တစ်သက်လုံးလွမ်းဆွေးခံစားသွားကြရတဲ့ ကိန္နရီ ကိန္နရာ တို့အကြောင်း ကျန်စစ်သားတို့လို

လိုင်စင်ရှိပါတယ်ဆိုတဲ့ မိန်းကလေးကိုမှ စွဲလန်းမိ လို့ ပျားတုတ် ခဲ့တဲ့အကြောင်း အဲ့လိုအကြောင်း အကြောင်း

တွေ ကိုစုစည်းပြီးတွေးမိတဲ့အတွက်ကြောင့်ပဲဒီစာလေး ကျွန်တော်ရေးဖြစ်ခဲ့တာနေမှာပါ လို့ပဲ ကိုယ့်ကိုကိုယ်

တွေးမိပြီး ပြုံးလိုက်မိတယ်။



ဒီ post လေးကို တင်ပြီးမှ ကျွန်တော်အချောပြန်ဖတ်မိလိုက်သေးတယ် အဟတ်ဟတ် မောင်မောင် ဇာနည်

တို့ကတော့ အချစ်ကို အပျက်သဘော နဲ့ ရေးလိုက်ပြန်ပြီဆိုပြီးတော့ post အချောတင်ပြီးမှ edit ကိုပြန်နှိပ်ပြီး

ဒီတစ်ကြောင်းကို ထပ်ဖြည့်လိုက်တယ့်

နောက်မှပဲ ကျွန်တော့်ခေါင်းထဲမှာ မှတ်မိသလောက်ပြန် စုစည်းပြီးတော့ အချစ်ရဲ့ကောင်းကြောင်းတွေကို

အမွှန်းတင်လို့ ရေးရင်းနဲ့ အခုစပ်ဆော့မိတဲ့ အချစ်ရဲ့ shock effect တွေကို ပြန်သင်ပုန်းချေ ပေးပါအုံးမယ်
လို့





ဟီးးးးးနောက်ဆုံးတော့ဘာရယ်ဟုတ်ပါဝူး ဘာရေးရမှန်းမသိတာနဲ့ ခေါင်းထဲပေါ်လာတာလေးကို ချရေးပစ်လိုက်
မိတာပါ။သယ်ရင်းတို့မကြိုက်ရင်လဲ ဟာသ လို့သာ သဘောထားပေးကြပါလို့ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဖြိုးဇာနည် ည ၉း၅၀ တိတိ

4

နောက်ကျောကချစ်သူ

Posted by ဖြိုးဇာနည် on Sunday, February 19, 2012 in
သင့်မှာ နောက်ကျောမလုံဘူးဆိုတဲ့ စိတ်မျိုးခံစားဖူးမယ်ထင်ပါတယ်

ကျွန်တော်အခုခံစားနေရတယ် သူကပြောတယ် ကျွန်တော့်ကို ပါးပါးလေးပညာပေးဖို့စီစဉ်ထားတယ်တဲ့

သူဘာလုပ်မယ်ဘယ်အချိန်လုပ်မယ် မသိပေမဲ့ အခုကျွန်တော့်မှာသွားသတိစားသတိပေါ့ တစ်ခါတစ်လေ

အိမ်မှာနေရင်း ခြံအပြင်ကိုတောင်ချောင်းမြောင်းနေခဲ့မိတယ့်အဲ့အချိန်မှကျွန်တော်ကိုယ့်ကိုကိုယ်သတိ

ထားမိတော့တယ် ။အော့်ငါတော်တော်ကြောက်တတ်ပါလားလို့ပေါ့။သူ ဆိုလို့ ကျွန်တော့်ကို ပညာပေးမဲ့

သူဟာ ယောင်္ကျားတစ်ယောက်မဟုတ်တာတော့ ရိတ်မိကြမှာပါ။ပြီးတော့သူဆိုတာဟာတစ်ချိန်ကကျွန်တော့်

ရဲ့ အရင်းနှီးဆုံးလူတစ်ယောက်ဖြစ်ခဲ့ဖူးသူပါ။ဒီတော့ကျွန်တော့်မှာ တန်ပြန်မတိုက်ခိုက်ရက်သလိုကာကွယ်ဖို့

အတွက်ပြင်ဆင်မယ်ဆိုပြန်တော့လဲ သူငါ့အပေါ်တကယ်လုပ်လောက် မှာမဟုတ်လောက်ပါဘူး လို့လဲတွေးမိ

ပြန်တယ်။ဒါပေမဲ့ သူ့စိတ်ကလဲမှန်းရခက် တော့ သတိပဲထားရမလိုလို လျှစ်လျှူပဲရှုရတော့ မလိုလို သူနဲ့ပဲပြန်ပြီး

Peace ယူလိုက်ရတော့မလိုလိုနဲ့ လိုလိုတွေများပြီးဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ ကျွန်တော်သူ့

အတွက်လုပ်ပေးသင့်တာလေး လုပ်ပေးနိုင်တာလေးတစ်ခုကိုကျွန်တော် လုပ်ပေးလိုက်ပါတယ်။သူကျေနပ်နိုင်မှာ

ပါ့ သူ့ mail ထဲကဒီစာလေး ကိုသူဖတ်လိုက်ရရင်ပေါ့


နင်သတိရပါ

ကျောင်းဆင်းချိန်တိုင်း နင့်လွယ်အိပ်ကလေးကပ်ပါဖူးတာ ငါ့နောက်ကျောပေါ်မှာ

နင်သတိရပါ

စက်ဘီးတစ်စီးနဲ့ညနေတွေမှာ နင်ခေါင်းလေးမှီပြီးအိပ်ခဲ့ဖူးတာ ငါ့နောက်ကျောပေါ်မှာ

နင်သတိရပါ

နင်ဒေါသထွက်လို့ကုတ်ဖဲ့လိုက်တိုင်းထင်ကျန်ခဲ့တဲ့ အမာရွတ်တွေဟာ ငါ့နောက်ကျောပေါ်မှာ

နင်သတိရပါ

ကျောင်း ကပွဲရဲ့ ကွင်းပြင်ထဲမှာ နင်အရိပ်ရဖို့နေကာပေးရင်း နေလောင်ခဲ့တာ ငါ့နောက်ကျောပေါ်မှာ

နင်သတိရပါ

Botany လေ့လာရေးအဖွဲ့နဲ့ချောင်းဖြတ်အကူးမှာ ရေကြောက်တဲ့ နင်အပြုံးမပျက်ခဲ့တာ ငါ့နောက်ကျောပေါ်မှာ

နင်သတိရပါ


ကြောက်ရွံမူ နာကျင်မူ စိုးရွံမူတစ်စုံတရာကြုံတိုင်း နင်ပုန်းကွယ်တတ်ခဲ့တာ ငါ့နောက်ကျောမှာပါ



phyozarni.co.cc

ဒါကြောင့် ကျေးဇူးပြုပြီးနင်ဓါးနဲ့ထိုးမယ်ဆိုရင်တောင် ငါ့နောက်ကျောကိုမထိုးပါနဲ့ကွာ နင်နဲ့ပက်
သက်ပြီး အမှတ်တရလေးတွေများစွာရှိနေသေးတဲ့ ငါ့နောက်ကျောကို မဖြစ်စလောက်လေးတောင်
အပွန်းအပဲ့မခံနိုင်လို့ပါ။နင့်မကျေနပ်မူတွေအတွက် မျက်စိစုံမှိတ်ပြီးတော့ငါ့ရင်ဖွင့်ပေးထားပါတယ်
အချိန်မရွေးပါ ငါ့ရှေ့တည့်တည့်ကနေပြီးတော့သာ နင့်ဓါးကိုဆွဲထုတ်လိုက်ပါတော့ဟာ့

ဖြိုးဇာနည့် နေ့လည် ၂း၃၀ တိတိ

2

အလကားပေမယ့်တကယ်ပေးတာပါ

Posted by ဖြိုးဇာနည် on Friday, February 17, 2012 in
ကျွန်တော့်မှာ ချစ်သူကို ပေးဖို့ဘဝတစ်ခုရှိတယ်။

ကျွန်တော့်မှာ ချစ်သူကိုပေးဖို့ အသည်းနှလုံးတစ်စုံရှိတယ်

ကျွန်တော့်မှာ ချစ်ရသူကို ကာကွယ်ပေးဖို့ ရဲရင့် ခြင်းတွေရှိတယ်

ကျွန်တော့်မှာချစ်သူကိုပေးဖို့ အဆုံးအစမရှိတဲ့ သံယောဇဉ်တွေရှိတယ်

ကျွန်တော့်မှာ ချစ်ရသူအတွက် ကျွန်တော်ပိုင်ဆိုင်တဲ့ပျော်ရွှင်မူတွေရှိတယ်

ကျွန်တော့်မှာ ချစ်သူကိုပေးဖို့ အမြဲတမ်း update ဖြစ်နေတဲ့ အချစ်တွေရှိတယ်

ကျွန်တော့်မှာ ချစ်သူကိုပေးဖို့ ကျွန်တော်တည်ဆောက်ထားတဲ့သုခကမ္ဘာလေးရှိတယ်

ကျွန်တော့်မှာချစ်သူကို အရာအားလုံးစွှန့်လွှတ်ပြီးချစ်နိုင်မဲ့ မြတ်နိုးမူများစွာကိုလဲပိုင်ဆိုင်ပါသေးတယ်

ဒါပေမဲ့
ကျွန်တော့်ဟာချစ်သူကိုအသက်ပေးပြီးချစ်သက်သေထူပြဖို့တော့ ဘယ်တော့မှဖြစ်လာနိုင်မှာမဟုတ်ပါဘူး

ကျွန်တော်ကြောက်လို့မဟုတ်သလို သူ့ကိုမချစ်လို့လဲမဟုတ်ပါဘူး။ ကျွန်တော့်လိုသူ့ကိုချစ်နိုင်မဲ့သူ

ကျွန်တော့်လိုသူ့ကိုစောင့်ရှောက်နိုင်မဲ့သူ ကျွန်တော့်လိုသူ့ကိုပေးဆပ်နိုင်မဲ့သူဟာ ဒီကမ္ဘာကြီးပေါ်မှာ

ကျွန်တော် တစ်ယောက်ပဲရှိနေနိုင်တာမို့လို့ပါ ကျွန်တော်မရှိတော့ရင် သူ့ကိုကျွန်တော့်လောက် ဘယ်သူ

ပေးဆပ်နိုင်တော့မှာလဲ? သူ့ကိုဘယ်သူဂရုစိုက်နိုင်တော့မှာလဲ? သူ့အတွက်ဘယ်သူများ ဘဝတစ်ခုလုံး

ပုံပြီးပေးဆပ်နိုင်တော့မှာလဲ?????????????????

ချစ်ရသူဟာကျွန်တော့်စိတ်ထဲမှာတော့ ကြွေရုပ်လေးတစ်ရုပ်လိုပါပဲ့အရမ်းလှပသလို အချိန် မရွေးလွတ်ကျပြီး

ကွဲသွားနိုင်ပါတယ်။ ဒါကြောင့် ချစ်ရသောသူ့ကိုစောင့်ရှောက်နိုင်ဖို့အတွက် ကျွန်တော်ဆိုတဲ့လူတစ်ယောက်ဟာ

အသက်ရှင်နေ ပေးရပါလိမ့်မယ်။ ကျွန်တော်အသက်ရှင်သန်နေရတဲ့အဓိပ္ပာယ်ဟာ သူ့အတွက်ပါဆိုတာ သူ့ကို

သိစေချင်လိုက်တာ။သူ့ကို ကျွန်တော်သိပ်ချစ်ပါတယ်။

ဒါကြောင့် အရာရာတိုင်းကို ဘုရားစူး မိုးကြိုးပစ် မြွေပွေ့း ကာ့း ဆိုပြီး ကျွန်တော့်အသက်နဲ့ရင်းလို့

ကြိမ်တွယ်ပြီး ပြောခိုင်းတတ်တဲ့ အကျင့်ရှိသူ ကောင်မလေးရေ့ဒီစာဖတ်ပြီးရင်

မင်းပြောလိုက်စမ်းပါကွာ နောက်ဆိုအဲ့လိုမျိုးမကြိမ်ပါနဲ့လို့ မကြိမ်ပါနဲ့လို့

မကြိမ်ပါနဲ့လို့ မကြိမ်ပါနဲ့လို့

ဖြိုးဇာနည့်ည့၁၀ နာရီ တိတိ

0

စနိုက်ပါ

Posted by ဖြိုးဇာနည် on Wednesday, February 15, 2012 in
မျက်လုံးတစ်ဖက်ကိုမှိတ်ပြီးသေချာချိန်လိုက်တယ် မတည့်သေးဘူး!!!!!!
နောက်တစ်ခါထပ်ချိန်ကြည့်သေးတယ် တည့်ပြီလို့တော့ယူဆရပြီ ဒါပေမဲ့ မသေချာသေးဘူးထင်တာပဲ
သေချာမှဖြစ်မှာပါ ဒါဟာ ကစားပွဲတစ်ခုမဟုတ်ပါဘူး ဒါကြောင့် ကျွန်တော်အသက်အောင့်ပြီးသေချာ
အောင် ထပ်ချိန်လိုက်တယ့်အချိန်ဆွဲလို့မရတော့ဘူးလေ့အချိန်က လူကိုမစောင့်သလို
ကျွန်တော့်ရဲ့ပျော်ရွှင်တဲ့အဏာဂတ်ကိုလဲ ဆွဲဖြဲပစ်လိုက်နိုင်တာကြောင့်ပါ့

ဇာနည်!!!
အလုပ်ကိစ္စကလွဲလို့ ကျောင်းအတန်းချိန်-သူငယ်ချင်းတွေနဲ့ ပက်သက်ရင် အမြဲနောက်ကျတတ်သော
အကျင့်ကိုပိုင်ဆိုင်ထားသူ့
(ချွင်းချက့်အိမ်ကြောက်သည်)

ရဲရင့်!!!
မွေးသမိခင်ကလွဲလို့ ကျောင်းအတန်းဖော်-သူငယ်ချင်းတွေနဲ့ ပက်သက်ရင် အမြဲတမ်းဆရာလုပ်တတ်
ပြီး စိတ်သဘောထားပြည့်ဝသော လူငယ်တစ်ဦ့း
(ချွင်းချက့်အိမ်ကြောက်သည်)

ဒီနှစ်ယောက်ပေါင်းလိုက်တော့ ကျောင်းနောက်ကျတတ်တာတွေကိုကူညီလက်မှတ်ထိုးပေးသူ ရဲရင့် နဲ့
အပြင်ကိုထွက်လည်မယ်ဆိုရင် ဇာနည်ပါမှ စိတ်ချပါတယ်ဆိုတဲ့ ရဲရင့် မေမေ ကိုအာမခံခေါင်းညိမ့်ပြီး
အမြဲအပြင်ထွက်ခြေဆန့်နေတတ်တဲ့သူငယ်ချင်းနှစ်ယောက် လိုက်ဖက်နေတာပေါ့လေ့

တစ်ရက် နှစ်ရက် သုံးရက် တစ်လ တစ်နှစ် တစ်နှစ်ခွဲ ကျော်တဲ့အထိသူတို့ဂလေရိုက်နေတာကရှော့
မရှိသေးပါဘူး အေးဆေးပါပဲ လူငယ်သဘာဝပျော်တတ်ကြတာကလွဲလို့ ရန်စမရှိ ရန်ညှိုးမရှိ အေး
ရာအေးကြောင်း ပျော်နေကြတဲ့သူငယ်ချင်းနှစ်ယောက်ကြားထဲကိုရောက်လာတာက့

ဇန်နဝါရီ ၁၆ ရက်နေ့ sunday
ဝင်တိုက်သွားတာ တမင်တကာဝင်တိုက်သွားတာပါ ဂိမ်းဆိုင်ထဲကနေ dota ခုတ်ပြီးထွက်လာတဲ့
အချိန်မှာ လမ်းဘေးမှာသေချာကပ်ရပ်ထားတဲ့ကျွန်တော်တို့ရဲ့ကား ကိုသူဝင်တိုက်လိုက်တာပါ။သူက!!!

အန်တီလီလီ!!!
အလုပ်အကိုင်မယ်မယ်ရရတွေအလွန်များပြီး ဘာကိုဇောက်ချလုပ်ရမှန်းမသိတော့လောက်အောင်
ပိုင်ဆိုင်မူများပြားလွန်းလှတဲ့ မိန်းမပျိုတစ်ဦ့းကားကိုဝင်တိုက်တယ်
အလျှော်ပေးမယ်ပြော သူ့ဖုန်းနံပတ်ပေးလိပ်စာကဒ်ပေး ကျွန်တော်တို့ဖုန်းနံပတ်တောင်း Sunday
မို့ဘဏ်ပိတ်တယ် တနင်္လာနေ့ ဆုံဖို့ပြော့စတင်ခြင်းပေါ့ ကျွန်တော်
တို့နှစ်ယောက်နဲ့အရမ်းခင်သွားကြတယ်ဆိုပါတော့

Addy liiy ပါ သူ့နာမည်ပေါ့ မြန်မာလိုခေါ်တော့အန်တီလီလီ ဖြစ်သွားတာတဲ့ ငယ်ပါသေးတယ်
ရုပ်ရည်လဲရှိတယ် ဒါပေမဲ့ မျက်စိတစ်ဖက်ဆွေနေတယ့်အဟတ်ဟတ် အစကတော့ကျွန်တော်တို့
နှစ်ယောက်လုံးသတိမထားမိပဲ သူ့နဲ့အတော်လေးသွားသွားလာလာလုပ်ဖြစ်သေးတယ့်
နောက်တော့ကျွန်တော်တို့အကျင့်အတိုင်း ဂိမ်းဆိုင်သွားမယ် လျှောက်လည်မယ် ဒီလိုနဲ့ပဲ သူနဲ့
သိပ်မတွဲဖြစ်တော့ဝူ့း့

တစ်ရက်မှာသူဖုန်းဆက်လာတယ့်သူ့မွေးနေ့ ပါဆက်ဆက်လာပါတဲ့သွားရမယ်လေ သွားမှ
ကောင်းမှာပေါ့ သူငယ်ချင်းတွေပဲဟာဆိုပြီးကျွန်တော်တို့နှစ်ယောက်သွားခဲ့ကြတယ့့်အထူး
ဧည့်သည်ဆိုပြီးကျွန်တော်တို့နှစ်ယောက်က သူ့အိမ်အပေါ်ထပ်မှာသီးသန့်ဝိုင်းပေါ့
Spy ဝိုင် သောက်ကြပြီးကျွန်တော်တို့ ဘတ်ဒေးဝှစ်လုပ်ပေးကြတယ့်ချီးယား ဟတ်ပီဘတ်ဒေးပေါ့
ပြီးတော့ကျွန်လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတယ်xxxxxxxxxxxxxxxxxxxxxxxxxxxxx

သတိရလာခဲ့တယ့်ရေအလောင်းခံလိုက်ရလို့ပါ့ခပ်ကြမ်းကြမ်းလှုပ်နှိုးခံလိုက်ရတယ်။ပြီးတော့
ရဲရင့် ရဲ့ခေါ်သံ့ပြီးတော့ အန်တီလီလီ ရဲ့အသံ ပြီးတော့အပေးအယူအကြောင်းပြောတယ့်
ဓါတ်ပုံတွေပြတယ် အိမ်ကမသိအောင်ကျွန်တော်တို့တွေ ကလပ်ခိုးတတ် ပြီးကဲထားကြတဲ့ပုံတွေရယ်
တခြားကောင်မလေးတွေနဲ့တွဲပြီကနေတဲ့အတွဲပုံတွေ့အမ်မလေးးးးးးးးးးးးးးးးးးး
ကျွန်တော်အတော်လန့်သွားတယ့့်သေချာပါတယ်သူဒီပုံတွေကို ကျွန်တော်တို့အိမ်တွေကိုသွားပြမှာ။

ကျွန်တော်တို့ထောင်ချောက်မိနေပြီလေ့ဟိုကောင်လဲမျက်
နှာမှာငိုကွက်ကြီးနဲ့သူ့အပေးအယူက့

ကျွန်တော်တို့နှစ်ယောက်ထဲက တစ်ယောက်ဟာသူ့ရည်းစားလုပ်ရမယ်တဲ့အကယ်လို့
တစ်ယောက်မှမလုပ်ချင်ဘူးဆိုရင် ဒီပုံတွေကိုကျွန်တော်တို့အိမ်ကိုပို့မယ်တဲ့ ကျွန်တော်တို့ကလပ်
မှာကဲထားတဲ့ပုံတွေကိုသာအိမ်ကတွေ့သွားလို့ တကယ်မလွယ်ကြောပဲ ပိုဆိုးတာက ကောင်မလေး
တွေနဲ့တွဲကနေတဲ့ပုံတွေပေါ့

ကျွန်တော်တို့တွေခေါင်းခါတယ့်တောင်းပန်တယ့့် အခုလိုအကြပ်မကိုင်ဖို့ပေါ့
မရပါဝူး ကျွန်တော်တို့ သူ့အတွက်တစ်ခုခုကိုမစဉ်စားပေးဝူးဆိုရင် ဒီပုံတွေ ကို facebook ပေါ်မှာပါတင်
ပစ်မယ်တဲ့ဒုက္ခပါပဲ :( :( :( :(
နောက်ဆုံးတော့ ကျွန်တော်တို့နှစ်ကောင် အကျပ်ရိုက်တော့တာပေါ့ ။ဟေ့ကောင်မင်းပဲအနစ်နာခံ
လိုက်ပါကွာ့အမ်မာ မင်းပဲယူပါ့လားဒီမိန်းမ ကို့ဒီလိုနဲ့ပဲ အန်တီလီလီ ချမှတ်
ပေးပြီး ဒိုင်လုပ်ပေးတဲ့ ကစားပွဲကို ကျွန်တော်တို့လက်ခံလိုက်ရတယ့့်အဲ့တာကဘာလဲဆိုတော့
အပ်ပေါက်သေးသေးလေးထဲကို အပ်ချည်ထည့်ရတာပါပဲ့တစ်ယောက်ကို တစ်ခါပဲ ထိုးခွင့်ရှိမယ်
တဲ့ တစ်ခါနဲ့ဝင်ရင်ဝင်တဲ့သူက အနိုင်ပေါ့ မဝင်တဲ့သူက အန်တီလီလီရဲ့ရည်းစားလောင်းပါတဲ့
အချိန် ၃မိနစ်အတွင်းမှာ အပြီးတဲ့

မတတ်နိုင်ဝူးလေ ကျွန်တော်တို့ အဲ့ဒါကိုပဲပြိုင်ရတော့မှာပေါ့အကယ်လို့ နှစ်ယောက်လုံးတစ်ခါ
ထဲနဲ့မဝင်ခဲ့ကြဝူးဆိုရင် အန်တီလီလီ ကခေါင်းပန်းလှန်ပြီး ရွေးမှာပါတဲ့ :( :( :( :( :(

ဒီလိုနဲ့ပဲ့
မျက်လုံးတစ်ဖက်ကိုမှိတ်ပြီးသေချာချိန်လိုက်တယ် မတည့်သေးဘူး!!!!!!
နောက်တစ်ခါထပ်ချိန်ကြည့်သေးတယ် တည့်ပြီလို့တော့ယူဆရပြီ ဒါပေမဲ့ မသေချာသေးဘူးထင်တာပဲ
သေချာမှဖြစ်မှာပါ ဒါဟာ ကစားပွဲတစ်ခုမဟုတ်ပါဘူး ဒါကြောင့် ကျွန်တော်အသက်အောင့်ပြီးသေချာ
အောင် ထပ်ချိန်လိုက်တယ့်အချိန်ဆွဲလို့မရတော့ဘူးလေ့အချိန်က လူကိုမစောင့်သလို
ကျွန်တော့်ရဲ့ပျော်ရွှင်တဲ့အဏာဂတ်ကိုလဲ ဆွဲဖြဲပစ်လိုက်နိုင်တာကြောင့်ပါ့
စိတ်လှုပ်ရှားပြီး ငိုလဲငိုထားတော့ အသားတွေကတဆတ်ဆတ်တုန်နေပြန်တယ့့်
ဟိုကောင်လဲကျွန်တော့်လိုပါပဲ ကျွန်တော်လဲကိုယ်လွတ်ရုန်းမှဖြစ်မှာပေါ့ ကိုယ့်ကိုကိုယ်ထက် ဒီကောင့်
ကိုတော့ပိုမချစ်နိုင်ဝူးလေ အနိုင်တိုက်ရမှာပါပဲ့ဟုတ်တယ်ဒါတိုက်ပွဲတစ်ခုပါပဲ့

ကျွန်တော်အသက်ကို ထပ်အောင့်လိုက်တယ့့်သေချာချိန်ပြီ ထိုးချပစ်လိုက်တယ် ဘုရားဘုရား
မျက်စိမှိတ်ထားပြီးဘုရားတလိုက်မိတယ် ဝင်သွားပါစေပေါ့
တောက်!!!!!!!!!!!!!!!!!ဟာကွာ့
ဒီကောင်တော့ ဟေ့ကောင်ဇာနည် မင်းအန်တီလီလီရဲ့ မွေးနေ့ပွဲအတူသွားရအောင် ၃နာရီ ငါ့အိမ်
အရောက်လာခဲ့မယ်ဆိုလို့ ငါ့မှာတော့ရယ်ဒီလုပ်ပြီးစောင့်နေတာ့မင်းကတော့ဒီမှာ လာအိပ်ပျော်
နေတယ် ကောင်းကွာ့ဟာ သူငယ်ချင်းးးးမင်းးးးမင်းးးးးး ဝမ်းသာလိုက်တာကွာ့

ရဲရင့်ဆိုတဲ့ကောင်ကတော့????????????တွေဝိုင်းနေတဲ့အကြည့်နဲ့ ကြောင်ပြီးကြည့်နေရှာတယ်

အဟားဟားပျော်လိုက်တာကွာ့မင်းရောက်လာတာအချိန်မှီပဲ နည်းနည်းသာနောက်ကျရင်
မင်းနဲ့ငါတစ်ယောက်ယောက်တော့ သေချင်စော်နံနေလောက်ပြီ အဟေးဟေး ရဲရင့် ဟေ့ရောင်
ကျေးဇူးကွာမင်းကိုငါဒီည မင်းကြိုက်တဲ့ဆိုင်မှာအဝလိုက်ကျွေးမယ်ကွာ

ဟေ့ရောင် လေရှည်မနေနဲ့ နောက်ကျနေပြီ သွားမြန်မြန်ရွှိုင်းတော့ ဘာကောင်မှန်းမသိဘူး!

Ya! Man Ok Ok plz wait!
အမ်မယေးးးးးးးအိမ်မက်မို့တော်သေးတာပေါ့:P

အော့်စာဖတ်နေတဲ့သယ်ရင်းးးးတို့ရေ့



ရှူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးနော့်တိတ်တိတ်လေးနေပေးပါနော်
ဒီအိမ်မက်အကြောင်းကို အန်တီ လီလီ့်ကို ပြန်မပြောကြေးနော့်ဘာရယ်ဟုတ်ဝူးးးးးးးးးးးးးး
မျက်နှာပူလို့ပါ :P :P :P :P :P အဟတ်ဟတ် :P

1

အိမ်ရှင်းခြင်း

Posted by ဖြိုးဇာနည် on Tuesday, February 07, 2012 in
အတော်ကြာခဲ့ပါပြီ မရောက်တာတော့မဟုတ်ပါဘူး အမြဲရောက်ဖြစ်ပါတယ် post သာမတင်ဖြစ်တာပါမတင်ဖြစ်ဆိုပေမဲ့လဲ

မတင်ချင်တာမဟုတ်ရပါဝူး တင်လို့ကိုမရတာပါ ကျွန်တော့်အိမ်လေးက ကျွန်တော်မြန်မာပြည်(လားရှိုး) ကိုစပြန်ဖြစ်ကထဲက

ကျွန်တော်ကိုယ်တိုင်သိပ်မရောက်ဖြစ်တော့တာပါ။အခုတော့ ကျွန်တော် တရုတ်နိုင်ငံထဲကိုပြန်ရောက်နေပါပြီ့ပြန်လဲရေး

တော့မှာပါ ဒါပေမဲ့ တရုတ်ကလဲ bogspot တွေကိုပိတ်ထားတုံးဆိုတော့ ကျော်ရင်းခွရင်း ဒီpost လေးကိုအစမ်းသဘော

နဲ့ တင်ကြည့်လိုက်တာပါ အိုခေတယ်လို့တော့ပြောလို့ရပါတယ့့်အဟားဟား ပျော်လိုက်တာ ကျွန်တော်စာတွေပြန်ရေး

နိုင်တော့မယ်ဗျ !!!!!!!

1

လူရောင်လွင့်သွားသောလူ

Posted by ဖြိုးဇာနည် on Wednesday, November 24, 2010 in
ဇာနည် သေပြီ့ဟုတ်တယ် သူ့ဘဝကြီးရေစုန်မြောသွားပြီ့အရိုးပြာအိုးရေစုန်မြောသလိုပဲလေ သူ့ဘဝကြီး

ရေစုန်မြောသွားပြီ။အလိုက်သင့်လေးပဲ သေဆုံးသွားတာပါ။ဘယ်သူသတ်တာလဲ??????ဇာနည်ကိုယ်တိုင်ပဲလေ

သူ့စိတ်ကိုသူအဆုံးစီရင်သွားလိုက်တာ့သူဆန္ဒနဲ့သူအဆုံးစီရင်တာမဟုတ်ပေမဲ့ သူကိုယ်တိုင်အဆုံးစီရင်လိုက်

တာပါ။ဒါဆိုငိုနေကြမှာပဲနော့်အင်းဟုတ်တယ် ငိုနေတာမှအသဲအသန်ပဲ့ဒါပေမဲ့သေလုမျောပါးငိုနေတာ

ဟာတခြားသူမဟုတ်ပါဘူ့း့မောင်ဇာနည်ကိုယ်တိုင်ပါပဲ့သူသေသွားပြီလေ့မှန်ပါတယ့်သူသေသွားပြီ

ဒါပေမဲ့နာမ်သေသွားတာ့သူ့နာမ်ကိုသူသတ်လိုက်တာ့သူ့ရုပ်က အခုဘာအသိမှအလုပ်မလုပ်တော့တဲ့ သီး

ခြား လူတစ်ယောက်ဖြစ်သွားပြီလေ့လူတော့လူပါပဲ ဒါပေမဲ့ ဇာနည် ဟာ လူရောင်လွင့်နေတဲ့လူပါ။သူ့မှာအခြား

အသိစိတ်မရှိတော့သလိုပါပဲ အပြုံးဆိုတာကိုသူမသိတော့ဘူ့းအရယ် ဆိုရင်တော့ဝေးရော့ဒါဆိုသူ့မှာဘာရှိ

နေသေးလဲ့သူ့မှာငိုကြွေးခြင်းရယ့်မှိုင်တွေခြင်းရယ့်စိတ်ဓါတ်ကျခြင်းတွေရယ် လောကကြီးကိုအရှုံးပေး

လိုက်တဲ့စိတ်တွေရယ်ပဲကျန်တော့တယ့်”ဟာ့မဟုတ်သေးဘူးထင်တယ့်ဇာနည့်စိတ်ဓါတ်ကို ကျွန်တော်

အသိဆုံးပဲ့အပြင်မှာမမြင်ဖူးပေမဲ့ ဒီဘလော့ ထဲကစာတွေအရ ဇာနည်ဟာလောကကြီးကိုဘယ်တော့မှအရှုံး

မပေးဘူးဆိုတဲ့ သူ့ခံယူချက်တွေကိုဖတ်နေကျပဲလေ။”


မှန်ပါတယ့်ဇာနည်ရဲ့အဲ့ဒီစိတ်ဓါတ်တွေဟာ အရင်တုန်းကလေ့အနီးစပ်ဆုံးပြောရရင် လွန်ခဲ့တဲ့တစ်ပတ်လောက်

ကအထိပေါ့ ။အခုတော့သူဟာအရင်က ဇာနည်မဟုတ်တော့ဘူ့း့မဟုတ်တော့တာမဟုတ်ပါဘူး ဇာနည်မရှိတော့

တာ။ဇာနည် သေသွားပြီလေ။အခုကျန်နေသေးတဲ့လူဟာ ဇာနည် မဟုတ်တဲ့ဇာနည် ပါ။လူရောင်လွင့်နေတဲ့ဇာနည်

ပေါ့။သူဟာလူနဲ့မတူတော့ဘူးလေ။လူရုပ်မပေါက်တော့လို့လား?????မဟုတ်ပါဘူး သာမာန်လူတွေလို အရောင်မရှိ

တော့လို့ပါ။ လူရောင်လွင့်သွားပြီလေ။အခြားသောအခြားသောလူတွေလို သူနေထိုင် နေတာမတွေ့ရတော့ဘူး။သူ့မှာ

ဘာစိတ်ကျစရာတွေ ရှိနေလဲတော့ ကျွန်တော့ကိုလဲမပြောပြဘူး။ ကျွန်တော်ဘယ်လို မေးမေးပေါ့။ ဆယ်ခွန်းမေးမှ

တစ်ခွန်းတောင်ပြန်ဖြေတော့တာမဟုတ်ဖူး။သေခြာတာကတော့ သူအကြီးအကျယ်စိတ်ဓါတ်ကျနေတယ်ဆိုတာပဲ။

သူ့ကိုဘာမေးမေး သူသေသွားပြီတဲ့ သူဘာဖြစ်ခဲ့တာလဲဆိုတဲ့အကြောင်းတွေကိုမေးလဲ သေသွားတဲ့လူအကြောင်း

ကိုသိတော့ရောဘာထူးမှာလဲတဲ့။အခုလက်ရှိ ဇာနည့်ပုံစံကို ပြောပြရမလား? မသိချင်လဲပြောပြချင်တယ်ဗျာ။ နား

ထောင်ချင်ရင်တော့နားထောင်ပေါ့ မသိချင်ဘူးဆိုရင်လဲ ထွက်သွားနိုင်ပါတယ်။ကျွန်တော်ကတော့ပြောချင်နေပြီဗျာ။

ဇာနည် ရဲ့ပြောင်းလဲသွားတဲ့ ပုံစံ( အဲ မှားလို့ ) သေဆုံးသွားတဲ့ပုံစံက့

တစ်နေ့မနက်စောစောမှာသူ အပြင်သွားဖို့ပြင်ဆင်နေတာကို ကျွန်တော်အိပ်ယာထဲကနေတွေ့လိုက်ရတယ့်

အံ့သြစရာပါပဲ။ ဘယ်တော့မှအိပ်ယာကနေစောစောမထတတ်တဲ့ကောင်ဇာနည်ဟာ အဲ့ဒီနေ့မှာထူးထူးခြားခြား

စောစောထပြီးပြင်ဆင်နေလို့ပါ့။ဘယ်သွားမှာလဲလို့မေးကြည့်တယ်။ပြန်လာမှပြောပြတော့မယ့်အခုတော့ ဘိုင့်

တဲ့ထုံးစံအတိုင်းအရမ်းတတ်ကြွတဲ့ ဇာနည်ပေါ့။ထွက်သွားတဲ့တိုင်အောင်အခန်းထဲမှာလဲ မွှေးကြိုင်နေတာပဲ။

အသန့်အတော်လေးကြိုက်တဲ့ဇာနည်လေ့သူ့ကိုကြည့်လိုက်ရင် အမြဲတမ်း လန်ထွက်နေတာပဲ ဆိုတာမျိုးပေါ့။

သူ့အကြောင်းစဉ်းစားနေတုန်းသူဖုန်းဆက်လာတယ့်သူ့ခေါင်းအုံးအောက်က မန်မိုရီစတစ်ကို ဖောမတ်ရိုက်

ပေးပါတဲ့အမြန်ဆုံး အချိန်မဆွဲပါနဲ့တဲ့ကျွန်တော်ကဒီကောင်ဘာအရူးထတာလဲမသိဘူးပေါ့ဟုတ်တယ်

လေ သူဒီ မန်မိုရီစတစ်ကလေးကို အရမ်းတန်ဖိုးထားတာ ကျွန်တော်အသိဆုံးပဲလေ။အော့်ဟုတ်သားပဲပြောဖို့မေ့

နေတာ။အဲ့ဒီစတစ်လေးက သူ့ဘဝရဲ့ အလန်းဒိုင်ယာရီ တဲ့လေ့သူမကြာခဏ အမြဲလိုလို စတစ်ထဲမှာဒိုင်ယာရီ

ရေးလေ့ရှိတယ်။နေ့စဉ်ဒိုင်ယာရီ မဟုတ်ဖူးနော် အလန်းဒိုင်ယာရီဆိုတဲ့အတိုင်း သူ့အတွက် အပျော်တွေ အလန်း

တွေ သူ့စိတ်ကျေနပ်မူတွေရရှိခဲ့ရတဲ့ အချိန်တွေ နေ့ရက်တွေ အဲ့ဒီ ကျေနပ်ရတယ်ဆိုတဲ့အကြောင်းအရာတွေကို

ရေး ရေးပြီး သိမ်းလေ့ရှိတဲ့ စတစ်ကလေးပေါ့။ထူးခြားတာကတော့ သူဟာ ကွန်ပျူတာထဲမှာ အဲ့ဒီစာတွေကိုဘယ်

တော့မှသိမ်းလေ့မရှိတာပါပဲ။ဒီစတစ်လေးထဲမှာပဲ အမြဲသိမ်းလေ့ရှိတာ။ပြီးတော့ သူပြောဖူးတယ် ဒီစတစ်ကလေး

က သူ့ရဲ့ သုက္ခကမ္ဘာလေးတဲ့လေ။ဒါကြောင့်သူ့ရဲ့သုခကမ္ဘာကို အရမ်းရှုပ်ထွေးလှတဲ့ ကွန်ပျူတာထဲမှာမထားနိုင်ဘူး

တဲ့။အဲ့ဒီနေ့ ကသူအရမ်းတန်ဖိုးထားတဲ့ဒီစတစ်လေးကို ဖောမတ်ရိုက်ခိုင်းတယ်ဆိုတော့ ကျွန်တော်???????????



ဇာနည့်ဆီကိုကျွန်တော်ဖုန်းပြန်ဆက်လိုက်သေးတယ့်နောက်နေတာလားလို့ မေးတာပါ။သူ့အသံတိုပြတ်ပြတ်

နဲ့ပဲပြန်ဖြေတယ် အခုလုပ်လိုက်တော့တူ့တူ့တူ့။ဒါပဲကြားလိုက်ရတယ်ဖုန်းချသွားတာခံလိုက်ရတယ်။

ကဲပါ သူတောင်ခိုင်းသေးတာပဲ ကျွန်တော်နဲ့ဒီစတစ်က ဘာဆိုင်တာမှတ်လို့ ကျွန်တော် ဖောမတ် ရိုက်ပစ်လိုက်

တယ့်ကျွန်တော့ကို ဖုန်းထဲကနေဒီလိုလေသံမာမာနဲ့ ပြောလိုက်လို့ ကျွန်တော်လဲ စိတ်အချဉ် ပေါက်ပေါက်နဲ့

ပေါ့ ။ဟုတ်တယ်လေ ဇာနည်ကျွန်တော့်ကိုဒီလိုလေသံမာမာ နဲ့ပြောဖူးဖို့မပြောနဲ့ လေသံမာမာတောင်မှပြောတတ်

ရဲ့လားလို့တောင် သံသယ ရှိချင်စရာကောင်းတဲ့ ဇာနည် မို့ပါ။အဲ့ဒီညက သူပြန်မရောက်လာဘူ့း့ကျွန်တော်

စိတ်အရမ်းပူမိတယ့်ခါတိုင်းလူမလာချင်နေ ပြန်မလာတဲ့အကြောင်းဖုန်းတော့ရောက်လာနေကျပဲလေ့ကျွန်

တော်ဖုန်းဆက်ကြည့်သေးတယ်။ လူကြီးမင်း*****မှာဖုန်းပိတ်ထားပါတယ်ရှင် တဲ့။ကဲလေ ကျွန်တော်နဲ့ ဘာ

တော်တာမှတ်လို့ သူဟာသူလာချင်လာမလာချင်နေ ကျွန်တော်ဖုန်းပိတ်ပြီးအိပ်ပစ်လိုက်တယ့့်စိတ်တော့ပူ

နေတာအမှန်ပါပဲ။ဒီလိုနဲ့ မနက်ကျွန်တော်အိပ်ယာထပြီး အိမ်တံခါးကိုဖွင့်လိုက်တော့ ဇာနည် အိမ်ရှေ့ မှာငုတ်

တုတ်ကြီးထိုင်နေတာတွေ့လိုက်ရတယ့့်ထုံးစံအတိုင်းကျွန်တော်တောင်နောက်နေလိုက်သေးတယ့်ဒါပေမဲ့

သူဘာမှပြန်မပြောပါဘူ့း့ရယ်လဲမရယ်ဘူ့း့ခါတိုင်းသူအဲ့လိုအမှားလုပ်ထားရင် ရယ်ကျဲကျဲနဲ့ ကျွန်တော့်ကို

လာပြန်ချော့နေကျလေ။ကဲထူးဆန်းမနေဘူးလာ့း့ပြီးတော့သူ ကျွန်တော့်ကို မေါ့တောင်မှမကြည့်ပဲ သူ့အခန်း

ထဲကိုခေါင်းငိုက်ဆိုက်နဲ့ဝင်သွားတော့တာပါပဲ။ ကျွန်တော်လဲ ဒီကောင့်ကိုတင်းပြီလေ အဲ့တာကြောင့် ဘာမှထပ်

မေးမနေတော့ပဲ ရေမိုးချိုးပြီး ဖုန်းဖွင့်လိုက်တယ်။ တီတီ့တီတီ message ဝင်လာတာပါ။ဇာနည်တဲ့ ကျွန်တော်

ဖွင့်ဖတ်ကြည့်လိုက်တယ့်ရေးထားတာက ဇာနည် သေပြီတဲ့။တိုတိုတုတ်တုတ်ပါပဲ။ဟာဒီကောင်

ကတော့သူ့အကျင့်အတိုင်းနောက်ပြန်ပီထင်တယ်ဆိုပြီကျွန်တော်လဲရယ်ချင်သွားတယ့်ဒါနဲ့ပဲ သူ့အခန်းထဲ

ကိုသွားပြီး ဒီကောင့်ကိုသွားဖဲ့တော့တာပေါ့ မခံချင်အောင်နောက်တယ်လေ။ထူးခြားပါတယ့့်တကယ်အရမ်း

ကိုထူးခြားပါတယ် ဒီကောင်ဂရုတောင်မစိုက်ဖူး ခါတိုင်းအရမ်းမခံချင်စိတ်ရှိတဲ့ကောင် အခု ကျွန်တော်ဘာပြော

ပြော မျက်နှာသေနဲ့စိတ်မရှည်ချင်တော့ဘူး တော်ပြီဗျာဆိုပြီးကျွန်တော်လဲ ကျောင်းကိုထွက်လာလိုက်တယ်။



ညနေပိုင်းကျောင်းကအပြန်ဟိုဝေ့ဒီဝိုက်နဲ့ မှောင်ခါနီမှကျွန်တော်အိမ်ပြန်ရောက်တယ့့်မီးတွေလဲမှောင်လို့ အိမ်

ရှေ့တံခါးကလဲဟောင်းလောင်းကြီး ကျွန်တော်မီးတွေလိုက်ဖွင့်တယ်။ ဇာနည့်အခန်းကို ဖွင့်လိုက်တော့ ဒီကောင်

အခန်းဒေါင့်ကကြမ်းပြင်မှာ ငုတ်တုပ်။ကျွန်တော်ထမင်းစားဖို့ခေါ်တယ့်-----------့မဖြေဘူ့း့ မီးမဖွင့်

ထားလို့ကွိုင်လိုက်တယ့့်answer့ပြန်မလာဘူ့း့နေကွာ့ကျွန်တော်လဲ စိတ်နဲ့ပဲလေ့ပစ်ထားလိုက်

တယ်။နောက်နေ့မှာထုံးစံအတိုင်းကျွန်တော်မနက်ထတယ် ရေချိုးပြီး ဇာနည့် ကို ကျောင်းသွားဖို့ သွားနှိုးတယ်ပေါ့။

ပထမတော့ကျွန်တော့် ကိုနောက်နေတယ်ထင်တာပေါ့ ။ပြီးမှကျွန်တော်တော်တော်လေး လန့် သွားတယ်။ဘုရား

တောင်တမိသွားတယ့်ကြည့်အုံးလေ ဒီကောင်မနေ့ညတုန်းကပုံစံအတိုင်းပဲ နေရာတောင်မရွှေ့သေးဘူး

ငုတ်တုပ် ပဲလေ။ပြီးတော့ မျက်နှာမှာလဲ ငိုကွက်ကြီးနဲ့ ကျွန်တော်စိုးရိမ်သွားတယ့်ဘာဖြစ်တာလဲပေါ့??????

ကျွန်တော်သူ့ကိုမေးတယ့်မဖြေဘူ့း့အခါခါမေးတယ်မဖြေဘူ့း့တောင်းတောင်းပန်ပန်မေးတယ် မဖြေဘူး

အဲ့တာနဲ့ပဲကျွန်တော်ဒီကောင့်ကိုချော့မေးမှပဲဆိုပြီး သူအရမ်းကြိုက်တဲ့ coke ဗူးကိုသွားယူပေးဖို့ထွက်လာလိုက်

တယ်။အခန်းပေါက်ဝလဲရောက်ရော အေးစက်စက်အသံတစ်ခုကိုကြားလိုက်ရတယ့့်ဇာနည်သေပြီ တဲ့။



ဇာနည့်ပါးစပ်က ပြောလိုက်တဲ့ အဲ့ဒီ စကားလုံး ဟာနောက်ဆုံးပါပဲ။အဲ့ဒီနောက်ပိုင်းမှာ သူ့ဆီက ဘာစကား သံမှ

ထပ်ပြီးမကြားတော့ပါဘူး။ “ဒါဆိုသူ တေမိ နေသွားတာပေါ့?????” မဟုတ်ဖူးဗျ သူခံစားချက်တွေကြောင့်ပေါက်ကွဲ

ထွက်လာတဲ့ အဓိပာယ် ဖော်လို့မရတဲ့ အော်ညည်းသံတွေတော့တစ်ခါတစ်ခါကြားရတတ်တယ့်သူအခန်းထဲ

ကနေအပြင်လုံးဝမထွက်တော့ဘူးဗျ။ သူ့အတွက် ကျွန်တော်စားစရာတွေအခန်းထဲအထိသွားသွားပို့ပေးရတယ်။

ပထမနှစ်ရက်လောက် သူဘာမှမစားဘူးဗျာ့ကျွန်တော်သူ့ဆီရောက်တိုင်းသူနဲ့ စကားပြောကြည့်တယ်။မထူး

ခြားပါဘူးဗျာ့ကျွန်တော်ဇာနည်ရူးများသွားတာလားလို့တောင်တွေးမိတယ်။ဒါပေမဲ့သူ့ပုံစံကိုကြည့်တော့လဲ

လုံးဝလူကောင်းပဲဗျ။ကျွန်တော်နားလည်ပေးနိုင်ပါတယ် သူစိတ်ထခိုက်စရာကြုံလာလို့ ဒီလိုမျိုးဖြစ်သွားတယ်ပေါ့

ဗျာ။ကျွန်တော်ကလဲသူ့ကိုအရမ်းခင်တာလဲပါတာပေါ့ဗျာ။သူအခုလိုဖြစ်နေတဲ့အချိန်မှာကျွန်တော်သူ့ဘေးမှာရှိနေ

ပေးနိုင်တဲ့အတွက်လဲ ကျေနပ်မိတယ်။


အဟွတ်!!!!! အဟွတ်!!!!!!!!အမ်မလေးးးးးးး


“ခဏလေးနော့့်ကျွန်တော်တံတွေး သီးသွားလို့ရေသောက်လိုက်မှရမယ်ထင်တယ်။ကျေးဇူးပြု၍ရေတစ်ဗူး

လောက်မှာပေးပါ့အဟွတ်!!!!”


( ရွှတ့်ရွှတ့်ညီလေးရေ့ရေသန့်တစ်ဗူးလောက်ပေးပါ။ကော်ဖီရောသောက်အုံးမလား? ခင်ဗျားဘာမှလဲ

မှာမထားဘူး )


အဟွတ်!!!!အဟွတ်!!!!အဟမ်းးးးးရပြီကျွန်တော်ခုလေးတင်ပဲဟိုဖက်ဆိုင်ကသောက်ပြီးထလာတာ့အခု


ခင်ဗျားကိုဒီဆိုင်ထဲမှာတွေ့လိုက်လို့ဝင်လာတာ ရေပဲသောက်တော့မယ်”


“အားးးးးအဟမ်းးးးးအိုခေ့ဆောရီးဗျာ ပြောချင်လွန်းအားကြီးလို့ထင်ပါတယ် တံတွေးတောင် သီး တယ်”


“ဖြည်းဖြည်းသောက်ပါ ကိုယ့်လူရ”

အားးး့းရေသောက်လိုက်တာနဲ့ပြောနေတာတောင်ဘယ်နားရောက်သွားပြီလဲမသိဘူး?အော့်သူ ပထမ

နှစ်ရက်လောက် ဘာဆိုဘာမှမစားဘူးဗျ။နောက်သုံးရက်မြောက်တဲ့နေ့မှာ ပို့ပေးထားတဲ့စားစရာတစ်ခု နဲနဲအရာ

ယွင်းနေတာတွေ့ရတယ်။ကျွန်တော်ဝမ်းသာပါတယ် သူအစာစားပြီလေ။အဲ့လိုပါပဲ နေ့တိုင်းမှာစားစရာလေးတွေ

က နည်းနည်းစီအရာယွင်းလာတယ်။သူနေ့တိုင်းစားလာတာပေါ့ဗျာ။ဒါပေမဲ့ တကယ့်ကိုနဲနဲလေးပဲစားတာဗျ။စား

တာတော့စားပြီပေါ့ဗျာ ခက်တာကသူအိပ်ရောအိပ်ရဲ့လားမသိဘူးကျွန်တော်သူ့ကိုကြည့်လိုက်တိုင်း သူအံကြိတ်ပြီး

ဆံပင်ကိုလက်နဲ့ထိုးဖွနေတာပဲတွေ့ရတယ်။ကျွန်တော်တော့သူမအိပ်ဘူးထင်တာပဲဗျသူ့မျက်လုံးတွေကတော့

သူမအိပ်တာကို သက်သေပြနေတယ်။ အခုအချိန် ခင်ဗျား သူ့ကိုတွေ့ရင်အံ့သြသွားလိမ့်မယ်။ လုံးဝမျက်ကွင်း

ဟောက်ပက်နဲ့ ညိုမည်း နေတာပဲ။ ဆံပင်ကလဲ အုပ်လို့ ။တကယ်ပါပဲဗျာ။ဇာနည် ဒီလိုဖြစ်နေတာတစ်ရက်လဲ

မဟုတ်နှစ်ရက်လဲမဟုတ် အခုတစ်ပတ်တောင်ကျော်ပြီထင်တာပဲ အခြေအနေကတော့ တိုးလဲမလာဘူးလျှော့

လဲမသွားဘူး ဒီအတိုင်းပဲဗျ။အဲ့တစ်ခုရှိသေးတယ်ဗျ့ကျွန်တော် ဆရာဝန်ဆီဖုန်းဆက်ပြီး သူ့ပုံစံက စိတ်

ရောဂါ သည်တွေဖြစ်လေ့ဖြစ်ထရှိသလိုပုံစံမျိုး များလားလို့မေးကြည့်သေးတယ့်အဲ့လိုပုံစံမျိုးတော့မဟုတ်ဖူး

တဲ့ ဖြစ်ရိုးဖြစ်စဉ်မရှိဘူးတဲ့ဗျာ့ဒါနဲ့ဆရာဝန်က စမ်းသပ်ကြည့်ရအောင်ဆေးခန်းကိုခေါ်ခဲ့ပါလားလို့ ပြောတယ်။

ဒါနဲ့ကျွန်တော်လဲ ဟုတ်ဆရာကျွန်တော်ခေါ်ခဲ့ကြည့်ပါမယ် ဒါနဲ့ ဆရာ့ဆေးခန်းကဘယ်အချိန်လူရှင်းတတ်ပါ

သလဲ???? ကျွန်တော့်သူငယ်ချင်းကို တခြားလူနာတွေနဲ့မရောချင်လို့ပါလို့ ကျွန်တော်ပြောနေတာကို ဇာနည်

ကြားသွားတယ်ထင်တယ်ဗျ။ အဲ့အချိန်မှာပထမတုန်းကလိုပဲ “ဟေ့ကောင် သယ်ရင်း ငါအရူးမဟုတ်ဘူးငါသေ

သွားတာကွ”ဆိုပြီးလှမ်းအော်လိုက်သေးတယ်ဗျ။အဲ့တာသူ့ရဲ့ ပါးစပ်ကထွက်လာတဲ့ ဒုတိယမြောက်စကားပါပဲ။


အဲ့ဒါကို ကြည့်တော့လဲ သူမရူးဘူးဆိုတာကျိမ်းသေပြောလို့ရတယ်ဗျ။ဘာလို့လဲဆိုတော့ ကျွန်တော်တို့နှစ်ယောက်

ကတစ်ယောက်ကိုတစ်ယောက် သယ်ရင်း လို့ပဲခေါ်ကြတာလေ။သူကျွန်တော့်ကို ခေါ်လိုက်တာကလဲ သယ်ရင်း

လို့ပဲ ခေါ်လိုက်တာဗျ။အဲ့ဒီအချိန်သူစကားပြောလာတော့ကျွန်တော် ဝမ်းသာလိုက်တာဗျာ့ဒါနဲ့ပဲ ကျွန်တော်လဲ

သူစကားထပ်ပြောအောင်အမျိုးမျိုး မေးလိုက် ပြောလိုက် ဟာသလုပ်လိုက် နဲ့လုပ်ကြည့်တာပေါ့ဗျာ။ ကျွန်တော်သာ

မောပြီး ရေပြေးသောက်လိုက်ရတယ် ကိုယ်တော်ချောက အရင်အတိုင်းပဲဗျာ့အဲ့ဒီနေ့ ပြီးတော့နောက်တစ်နေ့မှာ

အင်းးးးးမနေ့ကပေါ့ဗျာ့သူလမ်းထလျှောက်ထားတယ်ဗျ။ဘာလို့လမ်းထလျှောက်တယ်လို့ပြောနိုင်ရလဲဆိုတော့

သူ့အခန်းထဲက နံရံမှာ စာတွေရေးထားတာတွေ့တယ်ဗျ။ဆော့ပန် အနက်နဲ့ ရေးထားတာဗျ့တစ်ခုကတော့တော်

တော်လေးကိုကြီးတယ်ရေးထားတာ့အဲ့ဒါကဘာလဲဆိုတော့ ဇာနည် သေပြီ ဆိုတာပဲဗျ။သူက သူ့ကိုယ်သူသေ

ပြီလို့ပဲမှတ်ထားပုံရတယ်ဗျာ့ပြီးတော့ ကဗျာလိုလို စာလိုလိုတွေလဲအများကြီးပဲဗျ။ခေါင်းစဉ်အားလုံးကတော့

“လူရောင်လွင့်သွားသောလူ” တို့ “နာမ်တစ်ခု၏ဇာပန” တို့ ဘာတွေမှန်းမသိဘူးဗျာ စုံနေတာပဲ။ဘယ်အချိန်ရေး

ထားတယ် မသိပါဘူးဗျာကျွန်တော်သွားကြည့်လိုက်တော့လဲ အခန်းဒေါင့်မှာထုံးစံအတိုင်းပဲ။ဒီနေ့မနက်ကျွန်တော်

ထလာတော့သူ နေရာရွှေ့သွားပြီဗျ့ သူ့ကုတင်ခေါင်းရင်းဒေါင့်မှာနေရာယူထားတယ်။ပုံစံကတော့မပြောင်းပါ

ဘူးဗျာ ချောင်ကပ်ပြီး ငုတ်တုပ် ပုံစံပါပဲ။ကျွန်တော်လဲ သူ့ကိုကြည့်ပြီး သနားလာပြီဗျာ့

“အခု ခင်ဗျားကိုပြောပြရုံနဲ့တင်ကို ခင်ဗျာတောင်ဲ ဂရုနာသက်နေပြီမဟုတ်လား?????ခင်ဗျား မျက်လုံးတွေထဲမှာ

ကျွန်တော်တွေ့နေရတယ်”

( အေးဗျာ့ကျွန်တော်ဇာနည့်ကို အပြင်မှာသာ မခင်တာ သူ့ဘလော့လေးကို အမြဲဝင်ဖတ်မိနေတော့ သူ့အရေး

အသားလေးတွေကိုကြည့်သဘောကျပြီး စိတ်ထဲမှာသူ့ကိုခင်နေတာကြာပြီဗျ )

“ကဲကဲ့စာကားကောင်းနေတာနဲ့ပဲမိုးချုပ်တော့မယ် ကျွန်တော်လဲပြန်လိုက်အုံးမယ် အိမ်မှာ မောင်ဇာနည် တို့က မီး

ဖွင့်ထားမှာမဟုတ်ဖူးဗျ သူကအမှောင်သိပ်ကြိုက်ပုံရတယ်သိလား အမှောင်ထဲမှာနေတာအကြောင်းမဟုတ်ဖူးတော်

ကြာဒီကောင်ကြီးကို ခြင်ချီ သွားမှာဆိုးရတယ် သွားပြီဗျို့”

( အိုခေ အိုခေ နက်ဖြန်မှကျွန်တော်လဲ လာခဲ့အုံးမယ်ဗျာ့ဇာနည့် ကိုလဲပြောထားလိုက်ပါအုံး ပြန်ဖြေဖြေမဖြေ

ဖြေပေါ့ဗျာ မနက်ဖြန်သူကြိုက်တတ်တဲ့ စာအုပ်တွေနဲ့ coke အချိုရည်ဗူးတွေဝယ်ခဲ့မယ်လို့ နော်။ခင်ဗျားလဲသိပ်

စိတ်ပူမနေနဲ့အုံး အနာသိဆေးရှိပေါ့ဗျာကောင်းသွားမှာပါ။ကျွန်တော်လဲ ဇာနည့်ကိုအပြင်မှာခင်ဖူးသွားတာပေါ့ဗျာ )


“အာ့ဘယ်ကလာအနာသိဆေးရှိရမှာလဲ အခု ဇာနည်ဆိုတဲ့ကောင်က ဘာဖြစ်နေမှန်းမှမသိတာ့ရူးလဲမရူး

ဘူးဗျာ့လူကောင်းတော့လူကောင်းပဲဗျ့ဒါပေမဲ့သူများတွေလို ဒါမှမဟုတ် အရင်ကဇာနည်လိုလဲမဟုတ်ပြန်

တော့အနာသိဖို့မပြောနဲ့ ဆေးရှိဖို့တော့ဝေးရောပေါ့ဗျာ့”

( အေးဗျာ့အဲ့တာလဲဟုတ်တာပဲဗျ့ဒီကောင်ခံနိုင်ရည်အရမ်းရှိမဲ့ကောင်ပါဗျ့အခုခင်ဗျားပြောသလိုစုတ်ပျက်

သတ်လောက်အောင် ခံစားနေရတယ်ဆိုတော့ အကြောင်းရင်းက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းမှာဗျ

ပြီးတော့ ရှော့ က တော်တော်ကြီး ကိုကြီးပုံရတယ် )

“ဟုတ်တယ်ဗျ့ကျွန်တော်လဲ အခြေအနေကြည့်နေတာ သူဒီပုံစံအတိုင်းနောက်တစ်ပတ်ဆယ်ရက်လောက်ဆက်

ပြီး နေ နေအုံးမယ်ဆိုရင်တော့သူ့မိဘတွေဆီကိုလှမ်းအကြောင်းကြားရတော့ မှာပဲ။မဟုတ်ရင် သားတစ်ယောက်လုံး

ဒီလိုဖြစ်နေတာကိုမပြောရကောင်းလားလို့ ကျွန်တော့်ကို ကွိုင်နေအုံးမယ်”

( ဟုတ်တယ့်အကြောင်းကြားသင့်ပါတယ့်ဒါပေမဲ့စောင့်ကြည့်လိုက်အုံးပေါ့ဗျာ။ဟာ!!!ဟုတ်ပြီ့အကြံရပြီဗျ )


“အမ်မယ့်တယ်ဟုတ်ပါလား ။ဘာအကြံများလဲလုပ်စမ်းပါအုံး”

( ဒီလိုလေ့မနက်ဖြန်ကျွန်တော်ခင်ဗျားဆီလာခဲ့မယ်။ပြီးတော့ဇာနည့် ရှေ့မှာသူ့မိဘတွေဆီကိုအကြောင်းကြား

မဲ့ အကြောင်း ကျွန်တော်တို့နှစ်ယောက်တိုင်ပင်ကြမယ်လေ့သူကြားလောက်တဲ့နေရာမှာရပ်ပြီးတော့ပေါ့

အကယ်၍သာ သူဟာ အရူးစိတ် ပေါက်မနေဘူးဆိုရင် သူ့အိမ်ကိုအကြောင်းမကြားဖို့ ကျွန်တော်တို့ကိုတားမှာပဲ

ဗျ။အဲ့လိုတားလာရင်သူဟာ စိတ်ခံစားမူကြောင့် စိတ်ဓါတ်ကျပြီး ဒီလိုဖြစ်နေတယ်ဆိုတာသေခြာသွားပြီလေ့

ဒီတော့ ကျွန်တော်တို့သူ့ကို ဝိုင်းပြီးဖြောင့်ဖျ ပေးလိုက်ရင် သူသေဆုံးသွားပြီဆိုတဲ့ အကြောင်းရင်းကို ပြောပြ

လာမှာပဲလေ့ကြိုးတော့ကြိုးစားရမှာပေါ့အကြောင်းရင်းကိုသိတဲ့အခါကျတော့မှ သူ့ကိုဘယ်လိုပြန်ပြီးစိတ်

ခွန်အားတွေပေးရမလဲဆိုတာဆက်တိုင်ပင်ကြတာပေါ့ဘယ်လိုလဲ ကျွန်တော့်အကြံ ကောင်းတယ်မလား )

“အိုးးးးးးခေ လေးစားပါတယ့်အဲ့အကြံကို အပြည့်အဝထောက်ခံမဲပေးပါတယ်။အဲ့လိုလုပ်လိုက်ရင်ကျွန်တော်

တို့ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့အတွက် ဇာနည့်မိဘတွေလဲ စိတ်ပူစရာမရှိတော့အောင် အသိမပေးရင်လဲရပြီပေါ့

ဗျာ့ဟုတ်တယ်ဟုတ်???? ဒါပေမဲ့တစ်ခုရှိတယ်နော် မနက်ဖြန်တော့ခင်ဗျားဖောရှော မလုပ်နဲ့နော် ကျွန်တော်

ကျောင်းမသွားပဲနဲ့ အိမ်ကနေပဲစောင့်နေမယ်အချိန်ကတော့ခင်ဗျားအဆင်ပြေတဲ့အချိန်ပေါ့ဗျာ”

( အေးပါကွာ မင်းကလဲ့ကဲကဲ ငါ့သူငယ်ချင်းအသစ်ကလေး ဇာနည်လေး ခြင်ချီသွားတာခံနေရပါအုံးမယ်

လစ်တော့ကိုယ့်လူ )

“အိုခေ့See You Tomorrow.”


ဒီနေ့အထိ ကျွန်တော့်သယ်ရင်း ဇာနည် ရဲ့အခြေအနေကတော့အခုသိကြတဲ့အတိုင်းပါပဲ မနက်ဖြန်မှာကျွန်တော်

တို့ရဲ့အစီအစဉ် အောင်မအောင်ကိုတော့ ကျွန်တော်နောက်တစ်ခါ ကျောင်းအားရက်မှပဲ လုံးစေ့ပတ်စေ့ ပြောပြ

တော့မယ်ဗျာ့ဒီစာဖတ်မိသူအားလုံးပဲ ဖြိုးဇာနည် အတွက် ဆုတောင်းပေးကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။

အခုတော့ကျွန်တော်အိမ်အမြန်ရောက်အောင်ပြန်ရတော့မှာမို့ xxxxxxxxxxxxxxxxxxxxxxxx

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.