0

အကယ်ဒမီပေးပွဲ

Posted by ဖြိုးဇာနည် on Thursday, January 08, 2009 in
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီချီးမြှင့်ပွဲကိုဖေဖော်ဝါရီလအတွင်းနေပြည်တော်၌ပြုလုပ်ရန်စီစဉ်
............................................................................................................

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလအတွင်း နေပြည်တော်၌ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။
အဆိုပါ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ပွဲသို့ မြန်မာ့ရုပ်ရှင်အနုပညာရှင်များ၊ အတတ်ပညာရှင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်စီစဉ်ထားပြီး ပြည်ထောင်စုနေ့တိုင်းရင်းသားကိုယ်စားလှယ်များကိုလည်း ပြသနိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။ အကယ်ဒမီစင်မြင့်တည်ဆောက်ရန်နှင့် မီးအလှဆင်ရေးတင်ဒါများခေါ်ယူခဲ့ရာ ခြောက်ဦးတင်သွင်းခဲ့ပြီး ယင်းတို့အနက် ရွေးချယ်ပြီးဖြစ်ကာ ဇန်နဝါရီဒုတိယပတ်တွင် ကြေညာသွားနိုင်မည်ဟု သိရသည်။
၂၀၀၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)အတွက် မြန်မာရုပ်ရှင်ဇာတ်ကားသစ် ၁၀ ကားရုံတင်ပြသခဲ့ပြီး ယင်းဇာတ်ကားများမှာ ဒါရိုက်တာထွန်းအောင်ဇော်ရိုက်ကူးသည့် 'ငါ့ဓားငါ့သွေးငါ့ဧရာဝတီ' ဇာတ်ကား၊ ဒါရိုက်တာမောင်မျိုးမင်းရိုက်ကူးသည့် 'ကက်ကင်း' ဇာတ်ကား၊ ဒါရိုက်တာဓာတ်ပုံအဏ်ထော်ဏီရိုက်ကူးသည့် 'အမေနှင့်သမီးများ'ဇာတ်ကား၊ ဒါရိုက်တာမီးပွားရိုက်ကူးသည့် 'ကျွန်တော့်ချစ်သူပြောသောသူ့ချစ်သူအကြောင်း' ဇာတ်ကား၊ ဒါရိုက်တာမြို့တော်မောင်ယဉ် အောင်ရိုက်ကူးသည့် 'ကိုးဆယ်ဆသာလိမ့်မယ်' ဇာတ်ကား၊ ဒါရိုက်တာမောင်ဝဏ္ဏရိုက်ကူးသည့် 'ရင်နင့် အောင်မွှေး' ဇာတ်ကား၊ ဒါရိုက်တာသိန်းဟန်(ဖီးနစ်)ရိုက်ကူးသည့် 'ဝင်္ကပါအခြစ်နှင့်သူ၏ချစ်ကိုကိုချစ်'ဇာတ်ကား၊ ဒါရိုက်တာညွန့်မြန်မာညီညီအောင်ရိုက်ကူးသည့် 'မိုးပေါ်ခုန်တက်ကလိုက်ချင်ပါတယ်' ဇာတ်ကား၊ ဒါရိုက်တာကိုအောင်မင်းသိမ်းရိုက်ကူးသည့် 'ဓမ္မာသောကအင်းဝရာဇာ' ဇာတ်ကားတို့ ဖြစ်သည်ဟုသိရသည်။
၂၀၀၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီပွဲအတွက် စင်မြင့်တည်ဆောက်ခြင်းနှင့် မီးအလှဆင်လုပ်ငန်းများကို ၂၀၀၉ ခုနှစ် ဇန်နဝါရီလအတွင်းပြုလုပ်သွားရန် စီစဉ်ထားပြီး အဆိုပါအခမ်းအနားသို့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များ တက်ရောက်ရာတွင်လည်း ယခင်နှစ်များကဲ့သို့ပင် တစ်စုတစည်းတည်းသွားနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ စီစဉ်သွားမည်ဟု သိရသည်။

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.