0

Goole ရဲ့အတိုင်းအတာ

Posted by ဖြိုးဇာနည် on Friday, January 09, 2009 in
Gmail's Limitations for Sending Messages
သုံးရလွယ်တယ်... အဆင်ပြေတယ်... ပေါ့တယ်... ဆိုပေမယ့် Gmail မှာ ကန့်သတ်ချက်တွေ ရှိတာကို သင် သတိထားမိရဲ့လား။
ကန့်သတ်ချက် (၁)တစ်ရက်ကို စာ အစောင် ၅၀၀ ပဲ ပို့လို့ရပါတယ်။ (Send ဆိုတဲ့ Button ကို အခေါက် ၅၀၀ ပဲ နှိပ်လို့ ရတဲ့ သဘောပေါ့။)ကန့်သတ်ချက် (၂)စာတစ်စောင်ကို တစ်ခါပို့ရင် လူ အယောက် ၅၀၀ ကိုပဲ ပို့လို့ရတယ်။
ကန့်သတ်ချက် (၃)တစ်ရက်ကို Email ၂၀၀၀ ပဲ ပို့လို့ရပါတယ်။ (စာတစ်စောင်ကို လူ ၅၀၀ ကို ၄ ခေါက်ပို့လို့ရတဲ့ သဘောပါ။)
သင့်အနေနဲ့ စာတစ်စောင်ကို လူ ၅၀၀ ထက် ပိုပို့မိလျှင် သော်လည်းကောင်း၊ *ပေးပို့နိုင်ခြင်းမရှိမှု* (Undeliverable) တွေ အရမ်းများနေလျှင် သော်လည်းကောင်း Google က သင့် Email Account ကို ယာယီပိတ်လိုက် လိမ့်မယ်။
Outlook လို Email Client တွေ သုံးမယ်ဆိုရင်တော့ စာတစ်စောင်ကို ၁ ကြိမ်မှာ လူ ၁၀၀ ထက် ပိုပို့ လို့မရနိုင်ပြန်ဘူး။
ဒီလို ကန့်သတ်ချက်တွေ အားလုံးဟာ Spam တိုက်ဖျက်ရေးအတွက်ပဲလို့ Google က ပြောပါတယ်။

သူငယ်ချင်းတွေသိသွားအောင်လို့ပြောမဲ့သာပြောရတာပါတကယ်တမ်းကျတော့Emailအစောင်ငါးရာမပြောနဲ့တစ်ရာပို့ဖို့တောင်ကျွန်တော့်
အနေနဲ့စဉ်းတောင်မစဉ်းစားခဲ့ဖူးသေးပါဘူး။သူငယ်ချင်းတို့အနေနဲ့တော့မပြောတတ်ပါဘူး။ပို့နိုင်တဲ့လူတွေလဲရှိကြမှာပါ။ဘာပဲဖြစ်ဖြစ်ပေါ့
သိထားရင်လွန်တာမှတ်လို့...ဟုတ်ဖူးလား.......
ဖြိုးဇာနည်..ည..၈း၂၃တိတိ

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.