0

အေးဆေးမနေနိုင်သေးသောဘဝများ

Posted by ဖြိုးဇာနည် on Thursday, January 22, 2009 in
ကျွန်တော်တို့တစ်တွေရဲ့ဘဝများစွာဟာပြေးလွှားရုန်းကန်နေကြရတာလူမှန်းသိတတ်စအရွယ်ကထဲကပါပဲ။ဒါပေမဲ့အေးအေးဆေးဆေး
နားနေနိုင်ကြတဲ့ဇိမ်ခံနေနိုင်ကြတဲ့ဘဝပိုင်ရှင်တွေလည်းအများကြီးပါပဲ။သူတို့တစ်တွေကိုကျွန်တော်တို့အားကျသင့်ပါသလားဆိုလာတော့
လည်းရာနှုန်းပြည့်တော့အားမကျသင့်ပါဘူး။အချို့အချို့သောကုသိုလ်ရှင်အချို့ဟာမွေးကထဲကကိုအေးဆေးနေကြလို့ပါပဲ။ကဲပါထားလိုက်
ပါတော့ကျွန်တောရေးချင်တဲ့အဓိကအကြောင်းရင်းကိုပဲရေးတော့မယ်။
ဒီစာလေးဟာယူတတ်ရင်တော့ပညာပဲလို့ကျွန်တော်ယူဆတယ်။
နေ့သ၌ ကျီးတစ်ကောင် သည် သစ်ပင်မြင့်ကြီး တစ်ပင်၏ အကိုင်း တစ်ခုတွင် သစ်ကိုင်းပေါ်တွင် တစ်နေကုန် ဘာမှ မလုပ်ပဲ အေးချမ်းစွာ နားနေလေသည်။ ထိုအခိုက် တောအုပ်ထဲ မှ ယုန်တစ်ကောင် ထွက်လာပြီး အေးချမ်းစွာထိုင်နေသည့် ကျီးကို မြင်လေ၏။ယုန်က ထိုင်နေသည့် ကျီးကို လွန်စွာအားကျလှသဖြင့် ... "အဆွေကျီး... ကျွန်ုပ်မှာ တစ်နေကုန် ပြေးလွှား ရုန်းကန် နေရပါသည်။ ကျွန်ုပ်လည်း အသင်ကဲ့သို့ အေးချမ်းစွာ ထိုင်နေ လို့ ရမည်လော" ဟုမေးလေ၏။ကျီးက "အင်း" ဟု တိုတိုတုတ်တုတ် ဖြေလိုက်၏။ ထို့နောက် ယုန်လည်း မြေပြင်ပေါ်တွင် ထိုင်နေလိုက်လေ၏။ များမကြာမီ ၀ံပုလွေတစ်ကောင်ထွက်လာပြီး ထိုင်နေသည့် ယုန်ကို ကိုက်စားလိုက်လေသည်။
သင်ခန်းစာ။ ။အေးအေး ထိုင်နေဖို့ ဆိုတာက နေရာမြင့်မြင့် မှာ ရောက်နေရင် ကိစ္စမရှိဘူး။
ဖြိုးဇာနည်..၁၁း၁၂တိတိ

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.