0

Nokia Phone၏လျှို့ဝှက်ချက်

Posted by ဖြိုးဇာနည် on Tuesday, January 06, 2009 in
အခုမြန်မာပြည်မှာGSM Phoneတွေတော်တော်လေးခေတ်စားနေတဲ့အချိန်မို့လို့ကျွန်တော်သိထားတာလေးကိုပြန်လည်
မျှဝေပေးလိုက်ပါတယ်။အသုံးတည့်ကြလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်။

NOKIA ဖုန်းကိုင်ဆောင်သူများအတွက်ပိုပြီးသင့်လျှော်ပါတယ်....
GSM ဖုန်းတွေထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ သူတို့ရဲ့ စက်တွေထဲကို လျှို့ဝှက်ကုဒ်တွေ ထည့်ထားတက်ကြပါတယ်။
လူသိအများဆုံးနဲ့ အသုံးအတဲ့ဆုံး ကုဒ်ကတော့ “*#06#” ပါပဲ။ အဲဒီကုဒ်ကို နှိပ်လိုက်ရင် IMEI လို့ခေါ်တဲ့ ဂဏန်း၁၅လုံးပါတဲ့ ဖုန်း အမှတ်စဉ်နံပါတ် ပေါ်လာပါလိမ့်မယ်။ အဲဒီ နံပါတ်တွေဟာ တစ်လုံး နဲ့ တစ်လုံး မတူအောင် သတ်မှတ်ထားပါတယ်။ တစ်နည်းအားဖြင့် ဆိုရရင် အဲဒီနံပါတ်တွေဟာ သက်ဆိုင်ရာဟန်းဆက်ရဲ့ ကိုယ်ပိုင်နံပါတ်တွေပါပဲ။
အကယ်၍ သင်ဟာ သင့်ဟန်းဆက် ခိုးယူခံခဲ့ရရင် ၄င်းရဲ့ IMEI နံပါတ်ကို မှတ်မိမယ်ဆိုရင် ရဲကိုအကြောင်းကြားခြင်းအားဖြင့် သင့်စက်ကို ပြန်လည်ခြေရာခံလို့ ရနိုင်ပါတယ်။ ခိုးယူသွားသူဟာ သူရဲ့ ကိုယ်ပိုင် ကဒ်ကို ထည့်လင့်ကစား သက်ဆိုင်တယ်လီဖုန်းကုမ္ပဏီဟာ ဟန်းဆက်ရဲ့ IMEI ကို ခြေရာခံပြီး အဲဒီစက်ကို ဘယ်သူ သုံးနေလဲဆိုတာ သိနိုင်ပါတယ်။
နောက်ထက်အသုံးတဲ့ ကုဒ်တစ်ခုကတော့ “*#92702689#” ပါပဲ။ အဲဒီကုဒ်ကို ရိုက်ထဲ့လိုက်ရင် အဲဒီဖုန်းရဲ့ ပြောခဲ့သမျှ အဝင်အထွက်စုစုပေါင်းအချိန်ကိုပြပါတယ်။ ဒီနည်းအားဖြင့် အဲဒီစက်ဟာ ဘယ်လောက်သုံးထားသလဲဆိုတာ သိနိုင်ပါတယ်။

0 Comments

Post a Comment

Related Posts Plugin for WordPress, Blogger...

how about

Copyright © 2009 အရာအားလုံးပြီးပြည့်စုံခဲ့သော ဘ၀တစ်ခု၏ ရာဇ၀င် All rights reserved. Theme by Laptop Geek. | Bloggerized by FalconHive.