1
နွားနို့တခွက်
Posted by ဖြိုးဇာနည်
on
Thursday, January 22, 2009
in
စေတနာနဲ့ပါ
ကျွန်တော်ဖတ်မိလိုက်တဲ့ဘာသာပြန်စာလေးတစ်ပုဒ်ပါ။
တခါတုန်းက ဆင်းရဲသားလူငယ်လေး တယောက်ဖြစ်တဲ့ သူရ ဟာ သူ့ ရဲ့ကုန်ပစ္စည်း လေး တွေ ကိုတအိမ်ဝင် တအိမ်ထွက် လိုက်လံလည်ပတ် ရောင်းခြင်းအားဖြင့် သူ့နည်းသူ့ဟန်နဲ့ သူ့ရဲ့ကျောင်းစရိတ်ကို ကျောင်းပိတ်ရက် မှာရှာဖွေခဲ့ရတယ်။ အဲဒီလို ကျောင်းပိတ်ရက် တွေမှာ လည်ပတ်ရောင်းရင်း သူဟာ မြို့ကလေးတမြို့ ကို အရောက် မှာတော့ သူ့ရဲ့လက်ထဲမှာ ပိုက်ဆံလေး တပြားဘဲ ရှိနေခဲ့တယ်။ သူဟာ ဗိုက်အရမ်း ကို စာလောင်လှသော် လည်း ပိုက်ဆံအလုံအလောက် မရှိတာကြောင့် သူ့မှာ အခက်တွေ့ နေခဲ့တယ်။ နောက် တအိမ်ကို သူပစ္စည်း ရောင်းဖို့ အရောက်မှာတော့ သူဟာ ထမင်းတောင်းစားဖို့ ကို ဆုံးဖြတ်လိုက်တယ်။ သို့ပေမယ့်လည်း အိမ်ပေါက်ဝကို ရောက် တဲ့အခါမှာ တံခါးလာဖွင့်ပေးတဲ့ အမျိုးသမီး ငယ်ကိုကြည့် ပြီး သူဟာ ထမင်းတောင်းစား ဖို့ အစီအစဉ်ပျောက်ကွယ်သွား ခဲ့တယ်။ သူဟာထမင်းအစား ရေတခွက်ကိုသာ တောင်းဆိုလိုက်တယ်။သူမဟာ ကိုသူရ ကို သေသေချာချာ အကဲခတ်ကြည့်လိုက်တယ်။ သူဟာဆာလောင်နေပုံ ရတာကြောင့် ရေအစား နွားနို့ အပြည့် တခွက် ယူလာပြီးပေးလိုက်တယ်။ ကိုသူရ ဟာအမျိုးသမီးယူလာပေးတဲ့ နွားနို့ ကို အေးဆေးစွာသောက်လိုက် ပြီး အမျိုးသမီး ကိုလှမ်းမေးလိုက်တယ်။ “ကျွန်တော် ဘယ်လောက်ပေးရမလဲဗျ။ ”“ရှင်ဘာတခုမှပေးစရာ မလိုပါဘူး” လို့ သူမ လှမ်းဖြေလိုက်တယ်။ “ကျွန်မ အမေကသင်ပေးထားပါတယ်။ စေတနာနဲ့ ကူညီတာအဖိုးအခ မယူရပါဘူးရှင်”အဲဒီနောက်မှာ လူငယ်လေးဟာ “ကျွန်တော့် ရင်ထဲကနေ ကျေးဇူးအထူးတင်ပါတယ်ဗျာ။” လို့ပြောပြီး သူမအိမ်ကနေထွက်လာခဲ့တယ်။ သူမ တိုက်လိုက်တဲ့ နို့တခွက် ဟာလူငယ်လေးဖြစ်တဲ့ ကိုသူရ အတွက်တော့ အားအင်တွေပြန်လည်ပြည့်စုံစေသာမက ကိုသူရ ရင်ထဲမှာ သူစိမ်းတယောက် ရဲ့ကူညီတတ်မှု့တွေကို ကျေးဇူးတင်နေမိတော့တယ်။အဲဒီအဖြစ်အပျက်ဖြစ်ပြီး နှစ်တွေအတန်ကြာတဲ့နောက်မှာတော့ အဲဒီအမျိုးသမီး ဖြစ်သူဟာ အပြင်းအထန် ဖျားပါတော့တယ်။သူမတို့ မြို့ က ဆရာဝန်တွေဟာ အထွေထွေ ကုသတဲ့ သာမန်ဆရာဝန်တွေဖြစ်တာကြောင့် သူမရဲ့ ရောဂါကို ကောင်းမွန်စွာမကုသနိုင်ခဲ့ဘူး။ ဒါကြောင့် သူမကိုအနီးနားမှာရှိတဲ့ မြို့ကြီးတစ်မြို့ မှာအထူးကုဆရာဝန် တွေနဲ့ ပြသဖို့ သူမကိုလွှတ်လိုက်တယ်။သူမ ရောက်လာတဲ့ ဆေးရုံမှာ တော့ ဒေါက်တာ သူရ ဟာ ဆေးရုံအုပ်ဆရာဝန်အဖြစ် တာဝန်ကြ နေခဲ့ ပါတယ်။ ဒေါက်တာသူရ ဟာ လူနာစာရင်းမှာ လူနာရဲ့ မြို့နာမည်လေးကြားပြီး စိတ်စောစွာနဲ့သူမရှိရာ လူနာဆောင် ကို မပြေးရုံတမယ် အပြေး ကလေးရောက် လာ ခဲ့ ပါတယ်။ သူမအနီးနားရောက်လာတဲ့ အခါမှာ သူမ ကို ချက်ခြင်းဘဲမှတ်မိလိုက်တယ်။ ဒေါက်တာ သူရ ဟာအဲဒီနေ့ မှာ အိမ်မပြန်တော့ပဲ သူမ ရဲ့ သွေးစစ်တန်းစာရွက် တွေကို သေချာစွာ စစ်ဆေးပြီး သူမရဲ့ ရောဂါကို ဒေါက်တာ သူရ ဟာအကောင်းဆုံးဖြစ်အောင် ကုသခဲ့တယ်။ ဒေါက်တာသူရ ရဲ့ ကြိုးစားပမ်းစားကုသမှု့ကြောင့် သိပ်မကြာ လှတဲ့ရက် တွေမှာ သူမရဲ့ ရောဂါဟာပျောက်ကင်းခဲ့ရတယ်။ သူမရဲ့ နောက်ဆုံးဆေးရုံ ဆင်းရမယ့် ရက် မှာတော့ ဒေါက်တာသူရဟာ ကုန်ကျစရိတ်တွက်ချက်တဲ့ဌာန မှာ သူမရဲ့ နောက်ဆုံးကုန်ကျငွေ စာရင်း ဖြတ်ပိုင်း ကို သွားယူပြီး စာရင်းဖြတ်ပိုင်းပေါ်ကစာရွက် အလည်တည့်တည့်မှာ တစုံတခုကိုရေးချလိုက်တယ်။ အဲဒီနောက်မှာ ဖြတ်ပိုင်းလေးကို သူမဆီကို ပို့လိုက်တယ်။ သူမ ဟာလူနာ ကုန်ကျငွေ ဖြတ်ပိုင်းကို ဖွင့်မကြည့်ရဲအောင်ပါဘဲ။ ဘာလို့လဲဆိုတော့ ဒီ ကုန်ကျငွေဟာ သူမတသက်လုံးရှာထားသမျှပိုက်ဆံ တွေနဲ့ ပေးဆပ်ရင်တောင် လုံလောက်မယ်လို့တောင် သူမ မထင်ထားလို့ ပါဘဲ။သူမဟာနောက်ဆုံးမှာတော့ စိတ်အားတင်းပြီး ဖြတ် ပိုင်းလေးကို လှန်ကြည့်လိုက်တယ်။ သူမ ဖြတ်ပိုင်း လေး ကိုကြည့်ပြီး သူမမျက်လုံး မှာ တော့ မယုံကြည်နိုင်တဲ့ အရာတွေနဲ့ မျက်ရည်တွေ စီးကျနေပါတယ်။ အဲဒီမျက်ရည်တွေဟာ ပျော်ရွှင်လို့ကျတဲ့မျက်ရည်တွေဖြစ်မှာပါ။ သူမဖြတ်ပိုင်းပေါ်က ဖတ်လိုက်ရတဲ့ စာကတော့“ ဤဖြတ်ပိုင်းအား သန့်စင်သောနွားနို့တခွက်ဖြင့် ရှင်းပြီး ”